အဓိကအလုပ်ကို ထိခိုက်လာတဲ့အခါ သင့်အထက်လူကြီးက နှစ်မျို့မှာ မဟုတ်ပါဘူး။
၁ - ဆုံးဖြတ်ချက်
အလုပ်တစ်ဖက်လည်းရှိနေပေမဲ့ ကိုယ်ဝါသနာပါရာကိုလုပ်ချင်တယ်ဆိုရင် ဆုံးဖြတ်ချက်ပြတ်သားဖို့ လိုပါတယ်။ သင့်အချိန်တွေ ပိုပေးရမှာဖြစ်ပြီး လူလည်း ပိုပင်ပန်းလာမှာကြောင့်ပါ။ လုပ်ကြည့်ဦးမယ်ဆိုတာလောက်နဲ့ မစပါနဲ့။ ငွေရှာပေးနေတဲ့ သင့်အဓိကအလုပ်ကိုပါ ထိခိုက်နိုင်တာကြောင့်ပါ။ အချိန်အားရော၊ လူအားပါ စိုက်ထုတ်နိုင်တာသေချာမှ ဖြစ်မှာပါ။
၂ - ကြေညာ
မစတင်မီ သင့် အရင်းနှီးဆုံးသူငယ်ချင်းနဲ့ တိုင်ပင်ပါ။ ဒီလိုတိုင်ပင်ထားတာကြောင့် အဆိုပါကိစ္စကို လုပ်ဖြစ်မလုပ်ဖြစ် သူတို့က အမြဲ မေးပါလိမ့်မယ်။ ဒီလိုမေးနေတာက သင့်အတွက် တကယ်အကောင်အထည်ဖော်ဖို့ တွန်းအား ဖြစ်နေပါလိမ့်မယ်။ ဒါမှမဟုတ်ရင် ပတ်ဝန်းကျင်က သိအောင် ကြေညာထားတာမျိုးကလည်း တွန်းအား ဖြစ်စေပါတယ်။
၃ - ပိုအားစိုက်
အလုပ်မှာ ယခင်ကထက် ပိုအားစိုက်ပြီး လုပ်ဆောင်ဖို့ လိုပါတယ်။ ဒီလို အားစိုက်လုပ်ဆောင်လိုက်မှ အချိန်ပိုထွက်လာပါမယ်။ အလုပ်မှာ စကားပြောတာ၊ အသွေးအဖွဲလေးတွေနဲ့အချိန်ကုန်တာ၊ ဆိုရှယ်မီဒီယာသုံးနေတာတွေကို လျှော့ချပေးရမှာ ဖြစ်ပါတယ်။ ဝါသနာပါရာကို တစ်ဖက်ကလုပ်နေတာကြောင့် အဓိက အလုပ်ကို ထိခိုက်လာတယ်ဆိုရင် သင့်အထက်လူကြီးက နှစ်မျို့မှာ မဟုတ်ပါဘူး။ သင်လုပ်နေတဲ့ နောက်အလုပ်တစ်ခုကို ရန်ရှာလာပါလိမ့်မယ်။
၎ - အချိန်
အလုပ်နှစ်ခုလုပ်နေတာကြောင့် အချိန်ကို သေချာစီမံခန့်ခွဲဖို့ လိုပါပြီ။ ယခင်လို ကြုံသလို လုပ်သွားမယ်ဆိုတာမျိုး မရတော့ပါဘူး။ ဘယ်အလုပ်ကို အချိန်ဘယ်လောက်ပေးမယ်ဆိုတာမျိုး အသေးစိတ် စာရင်းချ ရေးဆွဲထားဖို့ လိုပါတယ်။
၅ - မာရသွန်
ဝါသနာပါရာ တစ်ခုကို လုပ်ကြည့်တယ်ဆိုပေမဲ့ တာတိုပြေးတာမျိုး မဟုတ်ပါဘူး။ တစ်လနှစ်လလောက်လုပ်ကြည့်ပြီး နောက်မလုပ်တော့ဘူးဆိုတာမျိုးက အချိန်ကုန်လူပန်းရုံကလွဲပြီး ဘာမှ အဓိပ္ပါယ်မရှိပါဘူး။ ဒီလိုဖြစ်ရခြင်းဟာ အစမှာ စိတ်အားတွေတက်ကြွပြီး တတ်မြောက်ချင်လွန်းတာကြောင့် ဖြစ်ပါတယ်။ မာရသွန်လို ရေရှည်ပြေးရမှာဖြစ်တာကြောင့် ဖြည်းဖြည်းချင်း ပုံမှန်လုပ်ဖို့ အရေးကြီးပါတယ်။
၆ - ဝါသနာတူ
ဝါသနာတူသူတွေနဲ့ မိတ်ဖွဲ့ထားဖို့လည်း လိုပါတယ်။ သူတို့နဲ့အတူလေ့လာတာ၊ သူတို့နဲ့အတူ ဝါသနာပါရာ အကြောင်းတွေ ပြောတာက သင့်ကို စိတ်အားတက်ကြွစေပါတယ်။ အမြဲတမ်း သင်ယူချင်စိတ်ဖြစ်နေပါတယ်။ အတွေ့အကြုံနဲ့မှ ရတာမျိုးကို သူတို့ဆီက ရရှိနိုင်ပါတယ်။
၇ - ပေါင်းလုပ်
သင်ဝါသနာပါတာက ဈေးရောင်းတာမျိုး ဖြစ်တာကြောင့် အွန်လိုင်းရှောပင်းမျိုးဆိုရင်လည်း အခြားလူတွေနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ ဝန်မလေးပါနဲ့။ ကိုယ်ဝါသနာပါရာက အများနဲ့မှ အဆင်ပြေမယ်ဆိုရင် ပူးပေါင်းလုပ်ကိုင်ဖို့ ဝန်မလေးသင့်ပါဘူး။ ဒါပေမဲ့ သင်ပူးပေါင်းတဲ့သူက သင့်လို ဝါသနာကြီးသူ ဖြစ်ရင် အကောင်းဆုံးပါပဲ။
Credit -Duwan
No comments:
Post a Comment