Wednesday, February 8, 2017

ဆေးလိပ်

တစ်​ခါတစ်ခိုက်​နဲ့
စခဲ့ကြတယ်​...
တစ်​ဖွာတစ်​ရှိုက်​နဲ့
မဝခဲ့ကြ။
ထုထည်​မဲ့...
ဆာ​လောင်​မှု​တွေ​နောက်
အသိဥာဏ်​မဲ့
တောက်​​လောင်​ကြ။
တ​ငွေ့​ငွေ့...
ခြွေချခြင်းက
တ​ရွေ့​ရွေ့
သေကြခြင်း အစ။
အသက်​ရှူသံ​တွေ
ဆက်​​လျှောက်​ရ​အောင်
အသိစိတ်​နဲ့
ဖြတ်​​တောက်​ကြ။ ။

နေရဲနီ

No comments:

Post a Comment