Monday, February 20, 2017

အရူး


လိုင်​စင်​ရ လွတ်လပ်သူ...
အပူအပင် ကင်းကင်းနဲ့
သီချင်းဆိုနိုင်​ရက်တယ်။
ဒေါသ ပေါက်ကွဲ...
အရပ်ထဲမှာအော်ဟစ်ဆိုဆဲ။
တချို့ကမရဲတရဲ ပြုံးတော်မူ၊
စိတ်ထဲကအပူကို
ဘယ်သူသိနိုင်​မှာလဲကွယ်။

ရူးချင်ယောင်ဆောင်နေတာမဟုတ်ခဲ့ရင်
သူ့သံယောဇဉ်နဲ့သူ
ပူပင်နေမယ် ထင်​ပါရဲ့။

တချို့ကရူးနေတာပဲ
ကောင်းပါတယ်တဲ့ ကိုယ်​က​တော့....
တကယ်​ရူးချင်နေတယ်ဆိုတာ
ဝန်ခံပါရ​စေ......

မောင်​လှမျိုး(ချင်းချောင်းခြံ)

No comments:

Post a Comment