လှိုင်းတွေရဲ့ ရိုက်ခတ်မှုမှာ
ငါတို့ကမ်းလက်တွေ
ငိုချင်ရဲ့လက်တို့...။
လောကဓံဆိုတာလည်း
ရင့်ကျက်သူတွေအတွက်
သံဝေဂ ဖြစ်သလို
မရင့်ကျက်သူတွေအတွက်
လေ့ကျင့်ကွင်းလည်းဖြစ်တယ်...။
ဘဝရဲ့ ဒုက္ခသုက္ခတွေ
တစ်မျှော်တစ်ခေါ်
စီးဆင်းနေပုံများ
မြစ်များ၊ချောင်းများဆန်ဆန်ပေါ့...။
ဘာပဲဖြစ်ဖြစ်
ငါတို့ မနက်ဖြန်အတွက်တော့
နေထွက်အောင်စောင့်ရအုံးမယ်...။
သုတလင်း(ဆင်ပေါင်ဝဲ)
No comments:
Post a Comment