Thursday, February 23, 2017

မျက်ဝန်း...မိုး





ရုတ်တရက် ထပျံသွားတဲ့
ငှက်တစ်ကောင်ရဲ့ အတောင်ပံခတ်သံထက်
ဆိုးတယ်။
အသည်းနှလုံးမှာ ...
တဖျတ်ဖျတ်
ဆတ်ဆတ်ခါ
နာကျင်လွန်းတယ်။
အချစ်က လွဲလို့
ဘာမှ မရလိုက်ဘူး။
ရူးတော့မယ် ဆိုရင်တောင် ...
အချစ်မူးနေလို့
သူ့ကိုသာ
ဦးခိုက်လိုက်တယ် ....

မောင်လှမျိုး ၊ ( ချင်းချောင်းခြံ )

No comments:

Post a Comment