စိတ်က
ရွာလွန်ရွက်တိုက်...
ကိုယ်အမှိုက်က
ရှိုက်သိမ့်ငိုကြွေး...
အရွေးခက်တဲ့ လမ်းနှစ်မြွှာ
ညမာယာ ညွတ်ကွင်းထဲ။
သံသယနွယ်ရစ်
စေးပျစ်တဲ့အချစ်နွံ
အားခွန်နွမ်းရိ၊လွမ်းဒဏ်ပိပေါ့
အငြိလွယ် အယုံခက်သလား
(ကွယ်)
ပုံလျက်သားလဲ။ ။
တိုးဝေ
No comments:
Post a Comment