.
သွေးတစက်ဟာ
မြန်မာပြေ(ပြည်) အလင်းအတွက်
ကမ္ဘာမကြေ သီချင်းနဲ့
လှုပ်နှိုးလိုက်တယ်။
.
သွေးတစက်ဟာ
ရှေးအဆက်ဆက်သမိုင်း
တိုင်းပြည်ကိုရောင်းစားသူ
အာဏာမစွန့်ချင်သူတို့ရဲ့
အကြောက်တရားကို
အထောက်အထားတခုဖြစ်စေခဲ့တယ်။
.
သွေးတစက်ဟာ
ရှေးအဆက်ဆက်သမိုင်း
တိုင်းပြည်ရဲ့ရန်သူနဲ့
ပြည်သူတွေအကြား
စည်းခြားသတ်မှတ်ပေးလိုက်တယ်။
.
အဲဒီ
သူရဲကောင်းတို့သွေးနဲ့
နီစွေးစွေးအရောင်ဖြာ
အရုဏ်ဟာ ပိုပြီးလင်းလက်
ဒီမိုကရေစီ မနက်ကိုကြိုလိုက်ပါတယ်။
မောင်စိန်ဝင်း - ပုတီးကုန်း
No comments:
Post a Comment