Wednesday, February 8, 2017

နေ့ညအလှ

ရှင်​​နေမင်းမှာ အလင်းဖြာသည်
နေ့ခါထွန်းပ ​နေ့အလှ။
ငွေလမင်းမှာ အလင်းဖြာသည်
ညခါဝင်းပ ညအလှ။
စာတတ်​​စာဖတ်​ အလင်းဓာတ်​ကား
ထူးမြတ်​လှစွာ ဥာဏ်​​ရောင်​ဖြာ၍
နေ့ခါညခါ ထွန်းလင်းသာသည်
ရင်​မှာရွှန်းမြ ​နေ့ညအလှ။

ဆရာမင်းယု​ဝေ

No comments:

Post a Comment