~ပြည်ထောင်စုပွဲ နွှဲရအောင်
လိုက်ကြမလားမောင်။
~အစ်ကိုရယ် ညီမထွေး
လိုက်မယ်နှော်မနှေး
~ရှမ်းပြည်နယ် ပင်လုံမှာ
တို့ခေါင်းဆောင်များ စုဝေးကာ။
~စုပေါင်းကာ လက်မှတ်ထိုး
စည်းလုံးမှုတွေတိုး။
~ဘိုးဘွားအမွေ လွတ်လပ်မြေ
တို့များ တည်တံ့စေ။
~တိုင်းရင်းဆွေသဟာ တို့များဟာ
အေးတူပူမျှ ရိုင်းပင်းကာ။
~တစ်မျိုးသားလုံးဝိုင်းဝန်းကာ
ပြည်ထောင်စုနေ့မှာ။
~အဓိဋ္ဌာန်တွေ အကြိမ်ကြိမ်ပြု
တွန်းလှန်သောင်းကျန်းမှု။
No comments:
Post a Comment