Wednesday, February 8, 2017

စိမ်း


တပေါင်းအသိမ်း
ထနှောင်းစိမ်း ရာသီ
စိမ်းပြေပြေ တမာတန်းက
လွမ်းလောက်ပါသည် ”
ထန်းတောစိမ်း ညို့ညို့ရီ
ဟိုး... ဟို့ဆီမှာတော့ စိမ်းပြာယိမ်း ”
,
ချစ်တဲ့ အညာသူရဲ့
အညာလိုပူ အညာလိုစိမ်းချင်လို့
အစိမ်းရောင် အဆင်ခွဲတွေနဲ့
တိမ်းရှောင်ကာ တမင်လွှဲတာလား
ရင်ထဲမှာ အမေ့ခက်အောင်
မင်း  . . .
တစ်နေ့ထက် တစ်နေ့ စိမ်း ”

မောင်စိန်ဝင်း (ပုတီးကုံး)

No comments:

Post a Comment