Sunday, June 11, 2017

ဗန္းဆင့္ဗန္ဂိုးအေႀကာင္း


[Zawgyi]
"ထူးအိမ္သင္ ဆိုခဲ့တဲ့

ဗင္းဆင့္ဗန္ဂိုးတမ္းခ်င္း က်ေတာ့
ေတာ္႐ုံလူ နားမလည္ဘူး။
အဲဒီသီခ်င္းကို နားေထာင္မယ့္လူက
ဗင္းဆင့္ဗန္ဂိုးအေၾကာင္း သိဖို႔လိုမယ္။
အဲဒါမွ ခံစားလို႔ရမွာ။
အဲဒီသီခ်င္းကိုလည္း
ပရိသတ္တခ်ိဳ႕က စြဲလမ္းၾကပါတယ္"

အထက္ပါအေၾကာင္းအရာေတြကို
ေျပာၾကားခဲ့သူကေတာ့
"ဗင္းဆင့္ဗန္ဂိုးတမ္းခ်င္း"သီခ်င္းကို ေရးဖြဲ႕ခဲ့သူ
ဆရာဝင္းမင္းေထြး ျဖစ္ပါတယ္။
( ၂၀၀၇ ခုႏွစ္၊ ဧၿပီလထုတ္
Life Style မဂၢဇင္းရဲ႕ အင္တာဗ်ဴးတစ္ခုမွာ
ေျပာၾကားသြားခဲ့ျခင္း ျဖစ္ပါေၾကာင္း)

ကိုငွက္ရဲ႕ "ဗင္းဆင့္ဗန္ဂိုးတမ္းခ်င္း" သီခ်င္းကို
စြဲစြဲၿမဲၿမဲ နားေထာင္ဖူးၿပီး
'ဗင္းဆင့္ဗန္ဂိုးဘဝဇာတ္ေၾကာင္း' ကို
မသိ/မဖတ္ဖူးတဲ့ ပရိသတ္အမ်ားစုထဲမွာ
ကြၽန္ေတာ္လည္း တစ္ေယာက္အပါအဝင္
ျဖစ္ပါတယ္။ ဒါေပမဲ့ ခင္မင္ရေသာ
ေဘာ္ဒါတစ္ေယာက္ရဲ႕ ေက်းဇူးေၾကာင့္
'ဗင္းဆင့္ဗန္ဂိုး ဘဝဇာတ္ေၾကာင္း' ကို
မေန႕က ဖတ္ရႈလိုက္ရပါတယ္။
ဘာသာျပန္ ေရးသားခဲ့သူကေတာ့
ဆရာဈာန္မင္း ျဖစ္ၿပီး
ဗင္ဂိုး (သို႔) ၾကယ္စုံည၌ အခ်စ္ေပ်ာက္ခဲ့သူ
ေဆာင္းပါးေခါင္းစဥ္ျဖင့္
idea မဂၢဇင္းတြင္ ေဖာ္ျပခဲ့ျခင္း ျဖစ္ပါတယ္။
အဲဒီေဆာင္းပါးကို မဖတ္ဖူးေသးတဲ့လူမ်ား
ဖတ္လို႔ရေအာင္ အျပည့္အစုံ
စာျပန္စီၿပီးေတာ့ တင္ေပးလိုက္ပါတယ္။
.
.
.
.
.
ဗင္ဂိုး (သို႔) ၾကယ္စုံည၌ အခ်စ္ေပ်ာက္ခဲ့သူ
=============================
ဈာန္မင္း

ဒတ္ခ်္လူမ်ိဳး ပန္းခ်ီဆရာ ဗင္းဆင့္ဗင္ဂိုးကို သည္ေန႕အခ်ိန္မွာ အေက်ာ္ၾကားဆုံး ပန္းခ်ီဆရာႀကီး တစ္ေယာက္အျဖစ္ အသိအမွတ္ ျပဳေနၾကပါၿပီ။ ပန္းခ်ီျပတိုက္ႀကီးမ်ားႏွင့္ ပန္းခ်ီခ်စ္သူမ်ားက သူ႕ရဲ႕ ပန္းခ်ီကားမ်ားကို ေဒၚလာသန္းေပါင္းမ်ားစြာ ေပးၿပီး မက္မက္ေမာေမာ ဝယ္ယူေနၾကပါၿပီ။ သူဆြဲခဲ့တဲ့ "အိုင္းရစ္ပန္းမ်ား" ပန္းခ်ီကားဟာ ၁၉၈၇ ခုႏွစ္က ေဒၚလာ ၅၃.၉ သန္း ရရွိၿပီး ႏွစ္ဆယ္ရာစုအတြင္းမွာ ေဈးႏႈန္းစံခ်ိန္တင္ခဲ့တဲ့ ကားျဖစ္ပါတယ္။ ဒါေပမယ့္ ဗင္ဂိုးဟာ အသက္ရွင္စဥ္အတြင္း ပန္းခ်ီကား တစ္ခ်ပ္ပဲ ေရာင္းခဲ့ရသူပါ။

ဗင္ဂိုးကို ၁၈၅၃ ခုႏွစ္၊ မတ္လ ၃၀ ရက္မွာ ေမြးဖြားပါတယ္။ သူ႕အေဖက ခရစ္ယာန္ဘာသာေရး ဝန္ထမ္းတစ္ဦးပါ။ ေမြးခ်င္းရွစ္ေယာက္မွာ သူက အႀကီးဆုံး ျဖစ္ပါတယ္။ အသက္ ၂၆ ႏွစ္ေရာက္ေတာ့ သူ႕ဦးေလးရဲ႕ ပန္းခ်ီဆိုင္မွာ အလုပ္သင္ အျဖစ္ စလုပ္တယ္။ ေနာက္ေတာ့ ပန္းခ်ီကားအေရာင္းအဝယ္လုပ္တဲ့သူ ျဖစ္လာတယ္။ ေဖာက္သည္ေတြနဲ႕ေတာ့ အၿမဲျငင္းခုန္ေနတာပဲ။ "အေပါစားပန္းခ်ီေတြပဲ ႀကိဳက္တဲ့သူေတြ"လို႔ သူက ေဖာက္သည္ေတြကို ေဝဖန္တယ္။ ပန္းခ်ီဆိုင္က လန္ဒန္ႏွင့္ ပဲရစ္မွာလည္း ဆိုင္ခြဲေတြ ရွိတာေၾကာင့္ သည္ဆိုင္ခြဲေတြမွာလည္း သူ သြားလုပ္တယ္။ ေနာက္ေတာ့ စာအုပ္ဆိုင္တစ္ဆိုင္မွာ အေရာင္းစာေရးဝင္လုပ္တယ္။ စာအုပ္ဝယ္တဲ့သူေတြနဲ႕ ေျပာဆိုဆက္ဆံရာမွာ ရိုင္းျပတယ္ဆိုၿပီး အလုပ္ျပဳတ္လာျပန္တယ္။

အလုပ္အမ်ိဳးမ်ိဳးေျပာင္းလုပ္ရင္း ဘာသာေရးဖက္ စိတ္လည္လာတယ္။ သူ႕အေဖကလည္း ဘာသာေရးဝန္ထမ္းျဖစ္တာကိုး။ ဘာသာေရးတကၠသိုလ္တစ္ခုကို တက္ေရာက္ဖို႔ ဝင္ခြင့္စာေမးပြဲေျဖတာ ရႈံးပါတယ္။ လက္တင္ဘာသာနဲ႕ ဂရိဘာသာေတြကို မသင္ဘူးလို႔ ျငင္းဆန္တဲ့အတြက္ ရႈံးရတာပါ။ သည္ေနာက္မွာေတာ့ ဘယ္လ္ဂ်ီယန္ ေတာင္ပိုင္းေဒသက ေက်ာက္မီးေသြးတူးတဲ့ေနရာမွာ တရားေဟာဆရာ အလုပ္ကို ရတယ္။ ဒါေပမယ့္ ၾကာၾကာမခံပါဘူး။ သူ႕ရဲ႕ ေၾကာင္ေတာင္ေတာင္ ေနပုံထိုင္ပုံေတြေၾကာင့္ အလုပ္ျပဳတ္ရျပန္တယ္။ သူက အိပ္ေတာ့လည္း ေကာက္ရိုးအခင္းေပၚမွာပဲ အိပ္တယ္၊ စားေတာ့လည္း စားႂကြင္းစားက်န္ေတြပဲ စားတယ္။ အဝတ္အစားကိုလည္း ဘယ္ေတာ့မွ မလဲဘူး။ သူ႕ရဲ႕ အေနအထိုင္ ညစ္ပတ္မႈကို ေက်ာက္မီးေသြးတူး အလုပ္သမားေတြကေတာင္ လက္ဖ်ားခါရတယ္။ လမ္းသြားတဲ့အခါ ဘယ္ေတာ့မွ ဖိနပ္မပါတဲ့ သူ႕ေနာက္ကို ကေလးေတြက လိုက္ၿပီး "အ႐ူးအ႐ူး" လို႔ ေအာ္ဟစ္တတ္ပါတယ္။

တရားေဟာဆရာအလုပ္က ျပဳတ္လာေတာ့ ဗင္ဂိုးအသက္က ၂၇ ႏွစ္ထဲ ေရာက္ေနပါၿပီ။ အႀကီးအက်ယ္ စိတ္ပ်က္အားငယ္ေနရင္း ပန္းခ်ီေရးဆြဲတဲ့ အလုပ္ထဲမွာ စိတ္သက္သာရာ ရွာေတြ႕ခဲ့ပါတယ္။ သည္အခ်ိန္ကစၿပီး ကိုယ့္ကိုကိုယ္ သတ္ေသလိုက္တဲ့ ၁၈၉၀ ခုႏွစ္အထိ ဆယ္ႏွစ္တာကာလအတြင္းမွာ ပန္းခ်ီကားေပါင္းရာနဲ႕ခ်ီ တရစပ္ ေရးဆြဲေနခဲ့ပါတယ္။

သူဆြဲခဲ့တဲ့ ပန္းခ်ီေတြက ေဈးကြက္မဝင္ပါဘူး။ သူဟာ သူ႕ညီရဲ႕ ေထာက္ပံ့ေငြနဲ႕ပဲ ရပ္တည္ေနခဲ့ရပါတယ္။ သူ႕ရဲ႕ အယူအဆေတြကလည္း သူ႕ေခတ္ႏွင့္ အံမဝင္ပဲ ျဖစ္ေနပါတယ္။ ဘယ္လ္ဂ်ီယန္နိုင္ငံရဲ႕ အန႔္ဝပ္ပန္းခ်ီေက်ာင္းက ပန္းခ်ီနည္းျပနဲ႕ ရန္ျဖစ္တာကိုၾကည့္ရင္ ဗင္ဂိုးရဲ႕ အယူအဆကို သိနိုင္ပါတယ္။ တစ္ခါေတာ့ နည္းျပဆရာက ဗင္ဂိုးကို ဗီးနပ္စ္ အခ်စ္နတ္သမီးပုံ ေရးဆြဲခိုင္းပါတယ္။ ဗင္ဂိုးက အခ်စ္နတ္သမီးပုံကို ေရးဆြဲရာမွာ နတ္သမီးရဲ႕ တင္ပဆုံကို ထြားထြားကားကား ေရးဆြဲလိုက္ပါတယ္။ ဒါကိုျမင္ေတာ့ နည္းျပဆရာက ေဒါသေပါက္ကြဲၿပီး သူ႕ပန္းခ်ီကားကို ဓားနဲ႕ခြဲဖ်က္ပစ္လိုက္တယ္။ ဗင္ဂိုးကလည္း မခံဘူး။ ဆရာ့ကို ျပန္ေအာ္တယ္။ "ငရဲအိုးထဲ ေဇာက္ထိုးက်ပါေစဗ်ာ၊ မိန္းမဆိုတာ ကိုယ္ဝန္လြယ္ဖို႔အတြက္ တင္ပဆုံရိုးကားရမယ္ဆိုတာ ခင္ဗ်ားမသိဘူးလား"တဲ့။

၁၈၈၆ ခုႏွစ္မွာ ပဲရစ္ၿမိဳ႕ကို သူ ေျပာင္းလာတယ္။ ျပင္သစ္ပန္းခ်ီေလာကကို ကန႔္လန႔္တိုက္ေနၾကတဲ့ "တူးလူးလိုးထရက္"တို႔၊ "ေပါေဂၚဂင္"တို႔နဲ႕ သူေတာ္ခ်င္းခ်င္း သတင္းေလြ႕ေလြ႕ ေပါင္းဖက္ေတြ႕ေတာ့တာပဲ။ ၁၈၈၈ ခုႏွစ္ကုန္ပိုင္းမွာ သူနဲ႕ ေဂၚဂင္တို႔ ႏွစ္ေယာက္သား ျပင္သစ္ျပည္ အေရွ႕ေတာင္ပိုင္းက ၿမိဳ႕ကေလးတစ္ၿမိဳ႕မွာ အတူတူေနရင္း ပန္းခ်ီဆြဲၾကတယ္။ ပန္းခ်ီကားေတြ အမ်ားႀကီးေတာ့ ေရးဆြဲျဖစ္ၾကပါရဲ႕။ ဒါေပမယ့္ စိတ္သေဘာထားျခင္းေတာ့ ကြဲလြဲခဲ့ၾကတယ္။ မတည့္အတူေနမိၾကတဲ့ ပန္းခ်ီဆရာႏွစ္ေယာက္ဟာ မၾကာခဏ စကားမ်ားၿပီး ရန္ျဖစ္ၾကပါတယ္။ တစ္ခါေတာ့ ေဂၚဂင္က ဗင္ဂိုးနဲ႕ တစ္စားပြဲတည္းထိုင္ၿပီး အစားအေသာက္ မစားဘူးလို႔ ျငင္းဆန္တဲ့အထိ ခါးခါးသည္းသည္း ျဖစ္ၾကပါတယ္။ ဗင္ဂိုးဆီက ေရာဂါကူးမွာ ေၾကာက္တဲ့အတြက္ေၾကာင့္လို႔လည္း ေျပာတယ္။ ေနာက္တစ္ႀကိမ္ အႀကီးအက်ယ္ စကားမ်ားၿပီးတဲ့ေနာက္မွာေတာ့ ဗင္ဂိုးဟာ သူ႕ရဲ႕ ဘယ္ဘက္နား႐ြက္ကို ဓားနဲ႕ လွီးျဖတ္ၿပီး ေဂၚဂင္နဲ႕ ၾကည္ေနတဲ့ ျပည့္တန္ဆာမေလးဆီကို ပို႔လိုက္ပါတယ္။ ျပည့္တန္ဆာမေလးေတြက သူ႕ကို မၾကည္ပဲ ေဂၚဂင္နဲ႕ပဲ အလြမ္းသင့္ေနတာကို မနာလိုစိတ္နဲ႕ လုပ္လိုက္တာလို႔ ဆိုၾကပါတယ္။ နား႐ြက္ျပတ္ကို စာအိတ္ထဲမွာ အေသအခ်ာထည့္ၿပီး ပို႔လိုက္တာပါ။ "သည္ပစၥည္းကို ရတနာတစ္ခုလို ေသေသခ်ာခ်ာ သိမ္းဆည္းထားပါ" လို႔ ေျပာရင္း စာအိတ္ကို လွမ္းေပးလိုက္တယ္။ ခရစ္စမတ္အႀကိဳေန႕မွာ ေပးတာဆိုေတာ့ ခရစ္စမတ္လက္ဆာင္လို႔ပဲ ထင္မိတာေပါ့။့ျပည့္တန္ဆာမေလး ေရခ်ယ္ဟာ ဝမ္းသာအားရနဲ႕ စာအိတ္ကို ဖြင့္လိုက္တဲ့အခါမွာေတာ့ ေသြးရဲရဲနဲ႕ နား႐ြက္ျပတ္တစ္ခုကို အလန႔္တၾကား ေတြ႕လိုက္ရပါတယ္။ တစ္ခါတည္း မူးလဲၿပီး သတိလစ္သြားေတာ့တာပဲ။

ယခုေခတ္ ေဆးပညာအရဆိုရင္ ဗင္ဂိုးဟာ Manic Depression ဆိုတဲ့ စိတ္ေရာဂါတစ္မ်ိဳး စြဲကပ္ေနသူပါ။ သူဟာ စိတ္ေရာဂါကု ေဆး႐ုံတစ္ခုမွာ တစ္ႏွစ္ေလာက္ တက္ေရာက္ကုသခံခဲ့ဖူးပါတယ္။ သူဟာ သူ႕ရဲ႕ စိတ္ေဝဒနာကို နာၾကည္းခံျပင္းရင္း ပန္းခ်ီကားေရးဆြဲမႈနဲ႕ ေခ်ဖ်က္ကုစားေနတာ ျဖစ္နိုင္ပါတယ္။ ၁၈၉၀ ခုႏွစ္၊ ဇူလိုင္လ ၂၉ ရက္ေန႕မွာ သူ႕ဗိုက္ကို ေသနတ္နဲ႕ ပစ္ၿပီး ကိုယ့္ကိုကိုယ္ အဆုံးစီရင္ခဲ့ပါတယ္။ မေသခင္ သုံးလအလိုက သူေျပာခဲ့တဲ့ စကားတစ္ခြန္းက "က်ိန္စာတိုက္ထားတဲ့ သည္ေရာဂါဆိုးႀကီးကို မခံစားရဘဲ အလုပ္လုပ္နိုင္ခဲ့မယ္ဆိုရင္ ငါ ဘာေတြလုပ္နိုင္ခဲ့မွာပါလိမ့္"တဲ့။ ဒါေပမယ့္ ဒ႑ာရီပုံျပင္တစ္ပုဒ္မွာ က်ိန္စာတိုက္ခံရတဲ့ ကေလးရဲ႕ မ်က္ရည္မ်ားဟာ ပုလဲလုံးမ်ားအျဖစ္ ေျပာင္းလဲသြားခဲ့သလိုပဲ သူ႕ရဲ႕ အပယ္ခံပန္းခ်ီကားမ်ားဟာလည္း အႏုပညာရတနာမ်ားအျဖစ္ ေျပာင္းလဲသြားတာကိုေတာ့ ဗင္ဂိုးတစ္ေယာက္ မသိနိုင္ခဲ့ရွာဘူး။

အခ်စ္ေရးဘဝ
------------

တကယ္လို႔သာ ဗင္ဂိုးဟာ အခ်စ္ေရးမွာ ေအာင္ျမင္မႈရခဲ့မယ္ဆိုရင္ အသက္ ၃၇ ႏွစ္လို ငယ္ငယ္႐ြယ္႐ြယ္မွာ ကိုယ့္ကိုကိုယ္ သတ္ေသတာမ်ိဳးကို လုပ္ခဲ့မွာမဟုတ္ဘဲ သည့္ထက္ အသက္ရွည္ရွည္ေနသြားမွာ ေသခ်ာပါတယ္။ ဒါေပမယ့္ ပန္းခ်ီစုတ္တံကိုေတာ့ ကိုင္ေကာင္းမွကိုင္ခဲ့ပါလိမ့္မယ္။ ဘဝတစ္ေလွ်ာက္လုံး တည္တံ့ခိုင္မာတဲ့ အမ်ိဳးသမီးအေဖာ္မြန္တစ္ေယာက္ကို မရနိုင္ခဲ့တဲ့အျဖစ္ဟာ သူ႕ရဲ႕ စိတ္ဓာတ္ကို ၿပိဳကြဲေစခဲ့ၿပီး ကိုယ့္ကိုကိုယ္ အဆုံးစီရင္တဲ့အျဖစ္ဆိုးမွာ နိဂုံးခ်ဳပ္ေစခဲ့ပါတယ္။

ဗင္ဂိုး ပထမဆုံးခ်စ္မိသူက အာဆူလာလြိုင္ယာ ဆိုတဲ့ မိန္းမပ်ိဳေလး ျဖစ္ပါတယ္။ လန္ဒန္က ပန္းခ်ီဆိုင္ခြဲမွာ အလုပ္လုပ္ေနစဥ္ သူငွားေနတဲ့ အိမ္ရွင္ရဲ႕ သမီးေလးပါ။ အသက္ႏွစ္ဆယ့္တစ္ႏွစ္အ႐ြယ္ရွိတဲ့ ဗင္ဂိုးဟာ မိန္းကေလးရဲ႕ အေျခအေနကို ဘာမွမစုံစမ္းဘဲ တန္းတန္းစြဲ ျဖစ္ေနပါတယ္။ တကယ္ေတာ့ မိန္းကေလးက ေစ့စပ္ေၾကာင္းလမ္းၿပီးေနပါၿပီ။ လေပါင္းမ်ားစြာၾကာတဲ့တစ္ေန႕ေတာ့ ဗင္ဂိုးဟာ သူ႕ရဲ႕ အခ်စ္ကို ဆက္မေအာင့္အည္းနိုင္ေတာ့ဘဲ မိန္းမပ်ိဳထံသြားၿပီး ေကာက္ခါငင္ခါ ခ်စ္ေရးဆိုပါေတာ့တယ္။ မိန္းမပ်ိဳကေတာ့ သူ႕ကိုၾကည့္ၿပီး ေၾကာက္႐ြံ႕ ႐ြံရွာစိတ္ေတြျဖစ္လို႔ေပါ့။ အခ်စ္တိုက္ပြဲမွာ ရႈံးနိမ့္ခဲ့တဲ့ ဗင္ဂိုးလည္း စိတ္က်ေဝဒနာကို အလူးအလဲခံစားရပါေတာ့တယ္။

ဒုတိယေျမာက္ ခ်စ္ရသူကေတာ့ သူ႕ညီမဝမ္းကြဲ စထရစ္ကာေဗာ့စ္ ျဖစ္ပါတယ္။ စထရစ္ကာေဗာ့စ္ဟာ ေယာက္်ားျဖစ္သူ ေသဆုံးသြားၿပီးေနာက္ မၾကာခင္မွာ ဗင္ဂိုးတို႔အိမ္ကို အလည္လာပါတယ္။ ဗင္ဂိုးဟာ မုဆိုးမအသစ္စက္စက္ေလးအေပၚ အၾကင္နာစိတ္ေတြ ယိုဖိတ္ၿပီး တိတ္တခိုးခ်စ္မိျပန္ပါတယ္။ ဒါေပမယ့္ ၾကာၾကာမေအာင့္နိုင္ပါဘူး။ ပထမတိုက္ပြဲမွာတုန္းကလိုပဲ လွ်ပ္တစ္ျပက္စစ္ဆင္ေရးနဲ႕ စထရစ္ကာေဗာ့စ္ရဲ႕ ႏွလုံးသားကို ထိုးေဖာက္ဖို႔ ႀကိဳးစားပါတယ္။ သူ႕အကိုဝမ္းကြဲရဲ႕ လက္ထပ္ခြင့္ေတာင္းတဲ့စကားကို ၾကားရတဲ့အခါ စထရစ္ကာေဗာ့စ္က "မျဖစ္နိုင္ဘူး၊ ဘယ္ေတာ့မွ မျဖစ္နိုင္ဘူး" လို႔ ခ်က္ခ်င္းျပန္ေျဖလိုက္တယ္။ ဗင္ဂိုးတို႔အိမ္မွာလည္း ၾကာၾကာဆက္မေနေတာ့ဘဲ သူ႕မိဘမ်ားရွိရာ အမ္စတာဒမ္ၿမိဳ႕ကို အျမန္ျပန္သြားပါေတာ့တယ္။

သည္တစ္ခါေတာ့ ဗင္ဂိုးဟာ ပထမအႀကိမ္ အျငင္းပယ္ခံရတုန္းကလို အလြယ္တကူနဲ႕ လက္ျမႇောက္အရႈံးမေပးပါဘူး။ ေငြေခ်းၿပီး အမ္စတာဒမ္ကို လိုက္သြားပါတယ္။ စထရစ္ကာေဗာ့စ္ရဲ႕ အိမ္ကိုေရာက္ေတာ့ ညစာစားေနတဲ့အခ်ိန္ပါ။ သူဟာ အိမ္ထဲကို ဝင္ၿပီး ညစာစားေနတဲ့ေနရာကို ဂမူးရႈးထိုး ေရာက္လာပါတယ္။ ဗင္ဂိုးမွန္းသိတာနဲ႕ စထရစ္ကာေဗာ့စ္ဟာ သူ႕အခန္းထဲ ဝင္ေျပးေတာ့တာပဲ။ ဗင္ဂိုးခမ်ာ စကားတစ္ခြန္းမွ မေျပာလိုက္နိုင္ဘူး။

စထရစ္ကာေဗာ့စ္ရဲ႕ မိဘမ်ားကေတာ့ ဗင္ဂိုးအေပၚမွာ ယဥ္ယဥ္ေက်းေက်း ဆက္ဆံနိုင္ဖို႔ ႀကိဳးစားပါတယ္။ ဒါေပမယ့္ ဗင္ဂိုးက သူ႕ရဲ႕ ခ်စ္ညီမကို ေတြ႕ရမွ ျပန္မယ္လို႔ေျပာၿပီး ငုတ္တုတ္ထိုင္ေစာင့္ေနပါတယ္။ စထရစ္ကာေဗာ့စ္ ထြက္ႏႈတ္ဆက္မွ ျပန္သြားပါတယ္။ ဒုတိယအႀကိမ္ လာလည္ေတာ့လည္း သည္အတိုင္းပဲ။ တတိယအႀကိမ္ လာလည္တဲ့အခါမွာ စထရစ္ကာေဗာ့စ္ကို မေတြ႕မခ်င္း ဖန္မီးအိမ္ရဲ႕ မီးေတာက္ထဲမွာ သူ႕လက္ကို ထည့္ထားမယ္ဆိုၿပီး တကယ္လည္း ထည့္ထားခဲ့ပါတယ္။ သူ႕ရဲ႕ ေတာင္းဆိုခ်က္ဟာ အဓိပၸာယ္ မရွိဘူးလို႔ ဦးေလးနဲ႕ အေဒၚက ေျပာယူရပါေတာ့တယ္။

သည္တစ္ႀကိမ္ ရႈံးၿပီးတဲ့ေနာက္မွာ ဗင္ဂိုးဟာ သူ႕ကိုယ္သူ ဘယ္လိုမွ ထိန္းလို႔မရေတာ့ပါဘူး။ ထြက္ေပါက္မရတဲ့ သူ႕အခ်စ္စိတ္ေတြဟာ သူ႕တစ္ကိုယ္လုံးကို ထိုးဆြႏွိပ္စက္ေနပါတယ္။ "မိန္းမတစ္ေယာက္ေတာ့ မရွိလို႔မျဖစ္ေတာ့ဘူး။ ငါ့အနားမွာ မိန္းမတစ္ေယာက္မရွိရင္ ငါ့တစ္ကိုယ္လုံး ေအးခဲေတာင့္တင္းၿပီး ေက်ာက္တုံးတစ္တုံး ျဖစ္သြားလိမ့္မယ္" လို႔ သူညည္းတြားဖူးပါတယ္။

ဗင္ဂိုးဟာ စိတ္ေလေလနဲ႕ လမ္းတကာေလွ်ာက္သြားရင္း ျပည့္တန္ဆာမေတြနဲ႕ ေတြ႕ႀကဳံသိကြၽမ္းပါတယ္။ ျပည့္တန္ဆာမေတြကိုလည္း သေဘာက်သြားပါတယ္။ သူနဲ႕ဘဝတူ အပယ္ခံေတြ မဟုတ္လား။ ဘယ္ေတာ့မွ မျငင္းဆန္သူေတြ မဟုတ္လား။ ဗင္ဂိုးအဖို႔ ျပည့္တန္ဆာမေတြဟာ ခ်စ္ညီမေတြ ျဖစ္ေနပါတယ္။ ခ်စ္မိတ္ေဆြေတြလည္း ျဖစ္ေနပါတယ္။ ဗင္ဂိုးဟာ ျပည့္တန္ဆာေလာကမွာ ေပ်ာ္ေမြ႕ေနခဲ့ပါတယ္။

ဗင္ဂိုးဟာ အသက္အ႐ြယ္ႀကီးရင့္တဲ့ ျပည့္တန္ဆာမ်ိဳးကို ပိုၿပီး သေဘာက်တတ္ပါတယ္။ သည္လိုနဲ႕ပဲ ကိုယ္ဝန္ရွိေနတဲ့ ျပည့္တန္ဆာမတစ္ေယာက္နဲ႕ ခ်စ္ကြၽမ္းဝင္သြားတယ္။ သူ႕နာမည္က မာရီယာတဲ့။ မာရီယာဟာ သူ႕ရဲ႕ ငါးႏွစ္အ႐ြယ္သမီးနဲ႕အတူ ဗင္ဂိုးဆီမွာ လာေနပါတယ္။ မၾကာခင္ပဲ သားတစ္ေယာက္ကို ေမြးဖြားလိုက္တယ္။

ဗင္ဂိုးရဲ႕ မိသားစုဟာ သည္သတင္းကို ၾကားရေတာ့ ေတာ္ေတာ္ ရွက္ၾကပါတယ္။ ပိုဆိုးတာက ဗင္ဂိုးဟာ မာရီယာနဲ႕အတူ တစ္ႏွစ္ေက်ာ္ ေပါင္းသင္းေနထိုင္ၿပီး လက္ထပ္ဖို႔အထိ စဥ္းစားေနတဲ့အခ်က္ပါပဲ။ မာရီယာဟာ ဗင္ဂိုးရဲ႕ အခ်စ္စိတ္ကို ျဖည့္ဆည္းေပး႐ုံမက ပန္းခ်ီဆြဲရာမွာလည္း စံျပမယ္အျဖစ္ ထိုင္ေပးပါတယ္။ ဗင္ဂိုးဟာ မာရီယာရဲ႕ ေက်းဇူးေၾကာင့္ လုံးတီးပုံတခ်ိဳ႕ ေရးဆြဲနိုင္ခဲ့တဲ့အျပင္ ဂနိုးရီးယားကာလသားေရာဂါကိုပါ ရရွိၿပီး ေဆး႐ုံမွာ သုံးပတ္ၾကာေအာင္ ကုသခံခဲ့ရပါတယ္။ ဒါေပမယ့္ ဗင္ဂိုးဟာ မာရီယာကို စိတ္မကြက္ပါဘူး။ သူ႕သားေလး ဝီလ်မ္ကို ေမြးေပးရတဲ့ ဆင္းရဲက သူ႕ဆင္းရဲထက္ ပိုႀကီးတယ္ဆိုၿပီး ခြင့္လႊတ္ခဲ့ပါတယ္။

ဗင္ဂိုးရဲ႕ ခြင့္လႊတ္စိတ္ဟာ တာရွည္ေတာ့ မခံခဲ့ပါဘူး။ မာရီယာရဲ႕ အက်င့္ဆိုးေတြက သူ႕ကို ေကာင္းေကာင္းႏွိပ္စက္ပါတယ္။ မာရီယာဟာ စည္းမရွိကမ္းမရွိ ျဖစ္ကတတ္ဆန္း ေနထိုင္တယ္။ အေျပာအဆို သိမ္ေမြ႕မႈမရွိဘဲ အေပါက္ဆိုးတယ္။ အၿမဲတမ္း အရက္မူးေနတတ္တယ္။ ေနာက္ဆုံးေတာ့ မာရီယာဟာ လမ္းေပၚျပန္ေရာက္သြားပါတယ္။ သားသမီးေတြလည္း သူ႕နဲ႕ပါသြားတယ္။ အိမ္ေထာင္ပ်က္တစ္ေယာက္လို ျဖစ္သြားတဲ့ ဗင္ဂိုးဟာ နယ္သာလန္ရဲ႕ ၿမိဳ႕ေတာ္ကို ေက်ာခိုင္းထြက္ခြာလာခဲ့ပါတယ္။

၁၈၈၄ ခုႏွစ္မွာ ထူးျခားတဲ့ ခ်စ္ကိစၥတစ္ခုကို ဗင္ဂိုး ေတြ႕ႀကဳံရပါတယ္။ သည္တစ္ႀကိမ္မွာေတာ့ ဗင္ဂိုးက လိုက္သူမဟုတ္ဘဲ အမ်ိဳးသမီးက လိုက္သူျဖစ္ေနတယ္။ သူ႕ရဲ႕ အိမ္နီးခ်င္းျဖစ္တဲ့ မာေဂါ့ဘီဂီမန္ဆိုသူပါ။ မာေဂါ့ဘီဂီမန္ဟာ ရိုးရိုးအအ ဝတ္စားတတ္တဲ့ အသက္ ၄၁ ႏွစ္အ႐ြယ္ အပ်ိဳႀကီးတစ္ေယာက္ ျဖစ္ပါတယ္။ သူ႕ထက္ ဆယ္ႏွစ္ငယ္တဲ့ ဗင္ဂိုးကို သူ႕ဘဝရဲ႕ ေနာက္ဆုံးအခြင့္အေရးအျဖစ္ ယူဆၿပီး ခ်ည္းကပ္ပုံရပါတယ္။ ဗင္ဂိုးက မာေဂါ့ဘီဂီမန္ကို "မကြၽမ္းက်င္တဲ့ လက္မႈပညာရွင္ေတြေၾကာင့္ ပုံပ်က္ပန္းပ်က္ျဖစ္သြားရတဲ့ ကရီမိုနာ တေယာတစ္လက္"လို႔ ခိုင္းႏွိုင္းေျပာဆိုပါတယ္။ ကရီမိုနာတေယာဟာ အီတလီနိုင္ငံ ကရီမိုနာၿမိဳ႕က ထုတ္လုပ္တဲ့ တေယာျဖစ္ၿပီး လွလည္းလွပ၊ အသံလည္း အလြန္သာယာတဲ့ ကမာၻေက်ာ္တေယာ ျဖစ္ပါတယ္။ ဗင္ဂိုးဟာ အပ်ိဳႀကီးမမကို လက္ထပ္ဖို႔ သေဘာတူေခါင္းညိတ္လိုက္ပါတယ္။ သနားလို႔ပဲ သေတာတူခဲ့တာလား။ တကယ္ ခ်စ္ခင္စုံမက္လို႔ပဲ သေဘာတူခဲ့တာလား။ ဂ႐ုဏာစိတ္နဲ႕ ေမတၱာစိတ္တို႔ ဖက္စပ္ေပါင္းစည္းၿပီး ဗင္ဂိုးရဲ႕ ေခါင္းကို ညိတ္ေစခဲ့တာလား။ ဘာေၾကာင့္ဆိုတာကိုေတာ့ ဗင္ဂိုးကိုယ္တိုင္ပင္ သိမွာမဟုတ္ဘူး။ ဒါေပမယ့္ မာေဂါ့ရဲ႕ မိဘမ်ားက သေဘာမတူပါဘူး။ မာေဂါ့ဟာ မိဘႏွစ္ပါးရဲ႕ သေဘာတူညီခ်က္ကို မရတဲ့အခါ ရွင္ကြဲကြဲတာထက္ ေသကြဲကြဲတာက ပိုေကာင္းမယ္ထင္ၿပီး အဆိပ္ေသာက္ပါေတာ့တယ္။ ဒါကို ဗင္ဂိုးက သိလို႔ အခ်ိန္မီ အန္ထုတ္ေအာင္ လုပ္နိုင္ခဲ့တယ္။ မာေဂါ့အသက္ဆက္ရွင္ေပမယ့္ သူတို႔ႏွစ္ေယာက္ လက္မထပ္ျဖစ္ခဲ့ပါဘူး။

ေနာက္ပိုင္းမွာေတာ့ ဗင္ဂိုးဟာ တူးလူးလိုးထရက္တို႔လို မိတ္ေဆြပန္းခ်ီဆရာေတြနဲ႕အတူ ပဲရစ္က ျပည့္တန္ဆာအိမ္မ်ားကို သြားေရာက္ေပ်ာ္ပါးေနခဲ့ပါတယ္။ စားေသာက္ဆိုင္ပိုင္ရွင္ အမ်ိဳးသမီးတစ္ေယာက္နဲ႕ ျဖစ္လိုက္ပါေသးတယ္။ ျပည့္တန္ဆာမ်ားနဲ႕ ေပ်ာ္ပါးတဲ့ အက်ိဳးရလဒ္အျဖစ္ ကာလသားေရာဂါဟာ သူ႕ဆီမွာ ပူးတုံ ခြာတုံျဖစ္ေနခဲ့ပါတယ္။ သူ႕ကိုယ္သူ သတ္ေသတဲ့ကိစၥမွာ ဘဝတစ္ေလွ်ာက္လုံး သူခံစားေနရတဲ့ စိတ္ေရာဂါအျပင္ သည္လိုကာလသားေရာဂါနဲ႕ ဖိစီးႏွိပ္စက္တဲ့ ဒဏ္ေတြလည္း ပါဝင္နိုင္ပါတယ္။ သူ႕ရဲ႕ နာမည္ေက်ာ္ "ၾကယ္ေတြစုံတဲ့ည" ပန္းခ်ီကားထဲမွာ အံ့ခ်ီးဖြယ္ရာအေရာင္ေတြနဲ႕ ၿပိဳးၿပိဳးျပက္ျပက္ေနေပမယ့္ ခ်စ္ျခင္းေမတၱာရဲ႕ အေရာင္ေတာ့ စုတ္ခ်က္တစ္ခ်က္စာပင္ မပါဝင္ဘူးလို႔ ေဝဖန္မယ္ဆိုရင္ အခ်စ္ငတ္သမားႀကီး ဗင္းဆင့္ဗင္ဂိုးအတြက္ ရက္စက္ရာက် ေကာင္းက်လိမ့္မလား။

ဗင္ဂိုး၏ နီတိစကား
-----------------

ပန္းခ်ီဆြဲျခင္းႏွင့္ လိင္ဆက္ဆံျခင္းတို႔သည္
သဟဇာတမျဖစ္ပါ။ လိင္ဆက္ဆံျခင္းေၾကာင့္
ဦးေႏွာက္ခြန္အားကို ဆုတ္ယုတ္ေစပါ၏
ပန္းခ်ီေရးဆြဲသည့္ အလုပ္ကို
စြမ္းအားထက္ျမက္စြာ လုပ္လိုပါက
လိင္ဆက္ဆံမႈကို ေလွ်ာ့သင့္ေရွာင္သင့္ပါ၏

ဈာန္မင္း
(စာၫႊန္း - The Intimate Sex
Lives of Famous People)



[Unicode]
"ထူးအိမ်သင် ဆိုခဲ့တဲ့

ဗင်းဆင့်ဗန်ဂိုးတမ်းချင်း ကျတော့
တော်ရုံလူ နားမလည်ဘူး။
အဲဒီသီချင်းကို နားထောင်မယ့်လူက
ဗင်းဆင့်ဗန်ဂိုးအကြောင်း သိဖို့လိုမယ်။
အဲဒါမှ ခံစားလို့ရမှာ။
အဲဒီသီချင်းကိုလည်း
ပရိသတ်တချို့က စွဲလမ်းကြပါတယ်"

အထက်ပါအကြောင်းအရာတွေကို
ပြောကြားခဲ့သူကတော့
"ဗင်းဆင့်ဗန်ဂိုးတမ်းချင်း"သီချင်းကို ရေးဖွဲ့ခဲ့သူ
ဆရာဝင်းမင်းထွေး ဖြစ်ပါတယ်။
( ၂၀၀၇ ခုနှစ်၊ ဧပြီလထုတ်
Life Style မဂ္ဂဇင်းရဲ့ အင်တာဗျူးတစ်ခုမှာ
ပြောကြားသွားခဲ့ခြင်း ဖြစ်ပါကြောင်း)

ကိုငှက်ရဲ့ "ဗင်းဆင့်ဗန်ဂိုးတမ်းချင်း" သီချင်းကို
စွဲစွဲမြဲမြဲ နားထောင်ဖူးပြီး
'ဗင်းဆင့်ဗန်ဂိုးဘဝဇာတ်ကြောင်း' ကို
မသိ/မဖတ်ဖူးတဲ့ ပရိသတ်အများစုထဲမှာ
ကျွန်တော်လည်း တစ်ယောက်အပါအဝင်
ဖြစ်ပါတယ်။ ဒါပေမဲ့ ခင်မင်ရသော
ဘော်ဒါတစ်ယောက်ရဲ့ ကျေးဇူးကြောင့်
'ဗင်းဆင့်ဗန်ဂိုး ဘဝဇာတ်ကြောင်း' ကို
မနေ့က ဖတ်ရှုလိုက်ရပါတယ်။
ဘာသာပြန် ရေးသားခဲ့သူကတော့
ဆရာဈာန်မင်း ဖြစ်ပြီး
ဗင်ဂိုး (သို့) ကြယ်စုံည၌ အချစ်ပျောက်ခဲ့သူ
ဆောင်းပါးခေါင်းစဉ်ဖြင့်
idea မဂ္ဂဇင်းတွင် ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။
အဲဒီဆောင်းပါးကို မဖတ်ဖူးသေးတဲ့လူများ
ဖတ်လို့ရအောင် အပြည့်အစုံ
စာပြန်စီပြီးတော့ တင်ပေးလိုက်ပါတယ်။
.
.
.
.
.
ဗင်ဂိုး (သို့) ကြယ်စုံည၌ အချစ်ပျောက်ခဲ့သူ
=============================
ဈာန်မင်း

ဒတ်ချ်လူမျိုး ပန်းချီဆရာ ဗင်းဆင့်ဗင်ဂိုးကို သည်နေ့အချိန်မှာ အကျော်ကြားဆုံး ပန်းချီဆရာကြီး တစ်ယောက်အဖြစ် အသိအမှတ် ပြုနေကြပါပြီ။ ပန်းချီပြတိုက်ကြီးများနှင့် ပန်းချီချစ်သူများက သူ့ရဲ့ ပန်းချီကားများကို ဒေါ်လာသန်းပေါင်းများစွာ ပေးပြီး မက်မက်မောမော ဝယ်ယူနေကြပါပြီ။ သူဆွဲခဲ့တဲ့ "အိုင်းရစ်ပန်းများ" ပန်းချီကားဟာ ၁၉၈၇ ခုနှစ်က ဒေါ်လာ ၅၃.၉ သန်း ရရှိပြီး နှစ်ဆယ်ရာစုအတွင်းမှာ ဈေးနှုန်းစံချိန်တင်ခဲ့တဲ့ ကားဖြစ်ပါတယ်။ ဒါပေမယ့် ဗင်ဂိုးဟာ အသက်ရှင်စဉ်အတွင်း ပန်းချီကား တစ်ချပ်ပဲ ရောင်းခဲ့ရသူပါ။

ဗင်ဂိုးကို ၁၈၅၃ ခုနှစ်၊ မတ်လ ၃၀ ရက်မှာ မွေးဖွားပါတယ်။ သူ့အဖေက ခရစ်ယာန်ဘာသာရေး ဝန်ထမ်းတစ်ဦးပါ။ မွေးချင်းရှစ်ယောက်မှာ သူက အကြီးဆုံး ဖြစ်ပါတယ်။ အသက် ၂၆ နှစ်ရောက်တော့ သူ့ဦးလေးရဲ့ ပန်းချီဆိုင်မှာ အလုပ်သင် အဖြစ် စလုပ်တယ်။ နောက်တော့ ပန်းချီကားအရောင်းအဝယ်လုပ်တဲ့သူ ဖြစ်လာတယ်။ ဖောက်သည်တွေနဲ့တော့ အမြဲငြင်းခုန်နေတာပဲ။ "အပေါစားပန်းချီတွေပဲ ကြိုက်တဲ့သူတွေ"လို့ သူက ဖောက်သည်တွေကို ဝေဖန်တယ်။ ပန်းချီဆိုင်က လန်ဒန်နှင့် ပဲရစ်မှာလည်း ဆိုင်ခွဲတွေ ရှိတာကြောင့် သည်ဆိုင်ခွဲတွေမှာလည်း သူ သွားလုပ်တယ်။ နောက်တော့ စာအုပ်ဆိုင်တစ်ဆိုင်မှာ အရောင်းစာရေးဝင်လုပ်တယ်။ စာအုပ်ဝယ်တဲ့သူတွေနဲ့ ပြောဆိုဆက်ဆံရာမှာ ရိုင်းပြတယ်ဆိုပြီး အလုပ်ပြုတ်လာပြန်တယ်။

အလုပ်အမျိုးမျိုးပြောင်းလုပ်ရင်း ဘာသာရေးဖက် စိတ်လည်လာတယ်။ သူ့အဖေကလည်း ဘာသာရေးဝန်ထမ်းဖြစ်တာကိုး။ ဘာသာရေးတက္ကသိုလ်တစ်ခုကို တက်ရောက်ဖို့ ဝင်ခွင့်စာမေးပွဲဖြေတာ ရှုံးပါတယ်။ လက်တင်ဘာသာနဲ့ ဂရိဘာသာတွေကို မသင်ဘူးလို့ ငြင်းဆန်တဲ့အတွက် ရှုံးရတာပါ။ သည်နောက်မှာတော့ ဘယ်လ်ဂျီယန် တောင်ပိုင်းဒေသက ကျောက်မီးသွေးတူးတဲ့နေရာမှာ တရားဟောဆရာ အလုပ်ကို ရတယ်။ ဒါပေမယ့် ကြာကြာမခံပါဘူး။ သူ့ရဲ့ ကြောင်တောင်တောင် နေပုံထိုင်ပုံတွေကြောင့် အလုပ်ပြုတ်ရပြန်တယ်။ သူက အိပ်တော့လည်း ကောက်ရိုးအခင်းပေါ်မှာပဲ အိပ်တယ်၊ စားတော့လည်း စားကြွင်းစားကျန်တွေပဲ စားတယ်။ အဝတ်အစားကိုလည်း ဘယ်တော့မှ မလဲဘူး။ သူ့ရဲ့ အနေအထိုင် ညစ်ပတ်မှုကို ကျောက်မီးသွေးတူး အလုပ်သမားတွေကတောင် လက်ဖျားခါရတယ်။ လမ်းသွားတဲ့အခါ ဘယ်တော့မှ ဖိနပ်မပါတဲ့ သူ့နောက်ကို ကလေးတွေက လိုက်ပြီး "အရူးအရူး" လို့ အော်ဟစ်တတ်ပါတယ်။

တရားဟောဆရာအလုပ်က ပြုတ်လာတော့ ဗင်ဂိုးအသက်က ၂၇ နှစ်ထဲ ရောက်နေပါပြီ။ အကြီးအကျယ် စိတ်ပျက်အားငယ်နေရင်း ပန်းချီရေးဆွဲတဲ့ အလုပ်ထဲမှာ စိတ်သက်သာရာ ရှာတွေ့ခဲ့ပါတယ်။ သည်အချိန်ကစပြီး ကိုယ့်ကိုကိုယ် သတ်သေလိုက်တဲ့ ၁၈၉၀ ခုနှစ်အထိ ဆယ်နှစ်တာကာလအတွင်းမှာ ပန်းချီကားပေါင်းရာနဲ့ချီ တရစပ် ရေးဆွဲနေခဲ့ပါတယ်။

သူဆွဲခဲ့တဲ့ ပန်းချီတွေက ဈေးကွက်မဝင်ပါဘူး။ သူဟာ သူ့ညီရဲ့ ထောက်ပံ့ငွေနဲ့ပဲ ရပ်တည်နေခဲ့ရပါတယ်။ သူ့ရဲ့ အယူအဆတွေကလည်း သူ့ခေတ်နှင့် အံမဝင်ပဲ ဖြစ်နေပါတယ်။ ဘယ်လ်ဂျီယန်နိုင်ငံရဲ့ အန့်ဝပ်ပန်းချီကျောင်းက ပန်းချီနည်းပြနဲ့ ရန်ဖြစ်တာကိုကြည့်ရင် ဗင်ဂိုးရဲ့ အယူအဆကို သိနိုင်ပါတယ်။ တစ်ခါတော့ နည်းပြဆရာက ဗင်ဂိုးကို ဗီးနပ်စ် အချစ်နတ်သမီးပုံ ရေးဆွဲခိုင်းပါတယ်။ ဗင်ဂိုးက အချစ်နတ်သမီးပုံကို ရေးဆွဲရာမှာ နတ်သမီးရဲ့ တင်ပဆုံကို ထွားထွားကားကား ရေးဆွဲလိုက်ပါတယ်။ ဒါကိုမြင်တော့ နည်းပြဆရာက ဒေါသပေါက်ကွဲပြီး သူ့ပန်းချီကားကို ဓားနဲ့ခွဲဖျက်ပစ်လိုက်တယ်။ ဗင်ဂိုးကလည်း မခံဘူး။ ဆရာ့ကို ပြန်အော်တယ်။ "ငရဲအိုးထဲ ဇောက်ထိုးကျပါစေဗျာ၊ မိန်းမဆိုတာ ကိုယ်ဝန်လွယ်ဖို့အတွက် တင်ပဆုံရိုးကားရမယ်ဆိုတာ ခင်ဗျားမသိဘူးလား"တဲ့။

၁၈၈၆ ခုနှစ်မှာ ပဲရစ်မြို့ကို သူ ပြောင်းလာတယ်။ ပြင်သစ်ပန်းချီလောကကို ကန့်လန့်တိုက်နေကြတဲ့ "တူးလူးလိုးထရက်"တို့၊ "ပေါဂေါ်ဂင်"တို့နဲ့ သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့တော့တာပဲ။ ၁၈၈၈ ခုနှစ်ကုန်ပိုင်းမှာ သူနဲ့ ဂေါ်ဂင်တို့ နှစ်ယောက်သား ပြင်သစ်ပြည် အရှေ့တောင်ပိုင်းက မြို့ကလေးတစ်မြို့မှာ အတူတူနေရင်း ပန်းချီဆွဲကြတယ်။ ပန်းချီကားတွေ အများကြီးတော့ ရေးဆွဲဖြစ်ကြပါရဲ့။ ဒါပေမယ့် စိတ်သဘောထားခြင်းတော့ ကွဲလွဲခဲ့ကြတယ်။ မတည့်အတူနေမိကြတဲ့ ပန်းချီဆရာနှစ်ယောက်ဟာ မကြာခဏ စကားများပြီး ရန်ဖြစ်ကြပါတယ်။ တစ်ခါတော့ ဂေါ်ဂင်က ဗင်ဂိုးနဲ့ တစ်စားပွဲတည်းထိုင်ပြီး အစားအသောက် မစားဘူးလို့ ငြင်းဆန်တဲ့အထိ ခါးခါးသည်းသည်း ဖြစ်ကြပါတယ်။ ဗင်ဂိုးဆီက ရောဂါကူးမှာ ကြောက်တဲ့အတွက်ကြောင့်လို့လည်း ပြောတယ်။ နောက်တစ်ကြိမ် အကြီးအကျယ် စကားများပြီးတဲ့နောက်မှာတော့ ဗင်ဂိုးဟာ သူ့ရဲ့ ဘယ်ဘက်နားရွက်ကို ဓားနဲ့ လှီးဖြတ်ပြီး ဂေါ်ဂင်နဲ့ ကြည်နေတဲ့ ပြည့်တန်ဆာမလေးဆီကို ပို့လိုက်ပါတယ်။ ပြည့်တန်ဆာမလေးတွေက သူ့ကို မကြည်ပဲ ဂေါ်ဂင်နဲ့ပဲ အလွမ်းသင့်နေတာကို မနာလိုစိတ်နဲ့ လုပ်လိုက်တာလို့ ဆိုကြပါတယ်။ နားရွက်ပြတ်ကို စာအိတ်ထဲမှာ အသေအချာထည့်ပြီး ပို့လိုက်တာပါ။ "သည်ပစ္စည်းကို ရတနာတစ်ခုလို သေသေချာချာ သိမ်းဆည်းထားပါ" လို့ ပြောရင်း စာအိတ်ကို လှမ်းပေးလိုက်တယ်။ ခရစ်စမတ်အကြိုနေ့မှာ ပေးတာဆိုတော့ ခရစ်စမတ်လက်ဆာင်လို့ပဲ ထင်မိတာပေါ့။့ပြည့်တန်ဆာမလေး ရေချယ်ဟာ ဝမ်းသာအားရနဲ့ စာအိတ်ကို ဖွင့်လိုက်တဲ့အခါမှာတော့ သွေးရဲရဲနဲ့ နားရွက်ပြတ်တစ်ခုကို အလန့်တကြား တွေ့လိုက်ရပါတယ်။ တစ်ခါတည်း မူးလဲပြီး သတိလစ်သွားတော့တာပဲ။

ယခုခေတ် ဆေးပညာအရဆိုရင် ဗင်ဂိုးဟာ Manic Depression ဆိုတဲ့ စိတ်ရောဂါတစ်မျိုး စွဲကပ်နေသူပါ။ သူဟာ စိတ်ရောဂါကု ဆေးရုံတစ်ခုမှာ တစ်နှစ်လောက် တက်ရောက်ကုသခံခဲ့ဖူးပါတယ်။ သူဟာ သူ့ရဲ့ စိတ်ဝေဒနာကို နာကြည်းခံပြင်းရင်း ပန်းချီကားရေးဆွဲမှုနဲ့ ချေဖျက်ကုစားနေတာ ဖြစ်နိုင်ပါတယ်။ ၁၈၉၀ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့မှာ သူ့ဗိုက်ကို သေနတ်နဲ့ ပစ်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့ပါတယ်။ မသေခင် သုံးလအလိုက သူပြောခဲ့တဲ့ စကားတစ်ခွန်းက "ကျိန်စာတိုက်ထားတဲ့ သည်ရောဂါဆိုးကြီးကို မခံစားရဘဲ အလုပ်လုပ်နိုင်ခဲ့မယ်ဆိုရင် ငါ ဘာတွေလုပ်နိုင်ခဲ့မှာပါလိမ့်"တဲ့။ ဒါပေမယ့် ဒဏ္ဍာရီပုံပြင်တစ်ပုဒ်မှာ ကျိန်စာတိုက်ခံရတဲ့ ကလေးရဲ့ မျက်ရည်များဟာ ပုလဲလုံးများအဖြစ် ပြောင်းလဲသွားခဲ့သလိုပဲ သူ့ရဲ့ အပယ်ခံပန်းချီကားများဟာလည်း အနုပညာရတနာများအဖြစ် ပြောင်းလဲသွားတာကိုတော့ ဗင်ဂိုးတစ်ယောက် မသိနိုင်ခဲ့ရှာဘူး။

အချစ်ရေးဘဝ
------------

တကယ်လို့သာ ဗင်ဂိုးဟာ အချစ်ရေးမှာ အောင်မြင်မှုရခဲ့မယ်ဆိုရင် အသက် ၃၇ နှစ်လို ငယ်ငယ်ရွယ်ရွယ်မှာ ကိုယ့်ကိုကိုယ် သတ်သေတာမျိုးကို လုပ်ခဲ့မှာမဟုတ်ဘဲ သည့်ထက် အသက်ရှည်ရှည်နေသွားမှာ သေချာပါတယ်။ ဒါပေမယ့် ပန်းချီစုတ်တံကိုတော့ ကိုင်ကောင်းမှကိုင်ခဲ့ပါလိမ့်မယ်။ ဘဝတစ်လျှောက်လုံး တည်တံ့ခိုင်မာတဲ့ အမျိုးသမီးအဖော်မွန်တစ်ယောက်ကို မရနိုင်ခဲ့တဲ့အဖြစ်ဟာ သူ့ရဲ့ စိတ်ဓာတ်ကို ပြိုကွဲစေခဲ့ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်တဲ့အဖြစ်ဆိုးမှာ နိဂုံးချုပ်စေခဲ့ပါတယ်။

ဗင်ဂိုး ပထမဆုံးချစ်မိသူက အာဆူလာလွိုင်ယာ ဆိုတဲ့ မိန်းမပျိုလေး ဖြစ်ပါတယ်။ လန်ဒန်က ပန်းချီဆိုင်ခွဲမှာ အလုပ်လုပ်နေစဉ် သူငှားနေတဲ့ အိမ်ရှင်ရဲ့ သမီးလေးပါ။ အသက်နှစ်ဆယ့်တစ်နှစ်အရွယ်ရှိတဲ့ ဗင်ဂိုးဟာ မိန်းကလေးရဲ့ အခြေအနေကို ဘာမှမစုံစမ်းဘဲ တန်းတန်းစွဲ ဖြစ်နေပါတယ်။ တကယ်တော့ မိန်းကလေးက စေ့စပ်ကြောင်းလမ်းပြီးနေပါပြီ။ လပေါင်းများစွာကြာတဲ့တစ်နေ့တော့ ဗင်ဂိုးဟာ သူ့ရဲ့ အချစ်ကို ဆက်မအောင့်အည်းနိုင်တော့ဘဲ မိန်းမပျိုထံသွားပြီး ကောက်ခါငင်ခါ ချစ်ရေးဆိုပါတော့တယ်။ မိန်းမပျိုကတော့ သူ့ကိုကြည့်ပြီး ကြောက်ရွံ့ ရွံရှာစိတ်တွေဖြစ်လို့ပေါ့။ အချစ်တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဗင်ဂိုးလည်း စိတ်ကျဝေဒနာကို အလူးအလဲခံစားရပါတော့တယ်။

ဒုတိယမြောက် ချစ်ရသူကတော့ သူ့ညီမဝမ်းကွဲ စထရစ်ကာဗော့စ် ဖြစ်ပါတယ်။ စထရစ်ကာဗော့စ်ဟာ ယောက်ျားဖြစ်သူ သေဆုံးသွားပြီးနောက် မကြာခင်မှာ ဗင်ဂိုးတို့အိမ်ကို အလည်လာပါတယ်။ ဗင်ဂိုးဟာ မုဆိုးမအသစ်စက်စက်လေးအပေါ် အကြင်နာစိတ်တွေ ယိုဖိတ်ပြီး တိတ်တခိုးချစ်မိပြန်ပါတယ်။ ဒါပေမယ့် ကြာကြာမအောင့်နိုင်ပါဘူး။ ပထမတိုက်ပွဲမှာတုန်းကလိုပဲ လျှပ်တစ်ပြက်စစ်ဆင်ရေးနဲ့ စထရစ်ကာဗော့စ်ရဲ့ နှလုံးသားကို ထိုးဖောက်ဖို့ ကြိုးစားပါတယ်။ သူ့အကိုဝမ်းကွဲရဲ့ လက်ထပ်ခွင့်တောင်းတဲ့စကားကို ကြားရတဲ့အခါ စထရစ်ကာဗော့စ်က "မဖြစ်နိုင်ဘူး၊ ဘယ်တော့မှ မဖြစ်နိုင်ဘူး" လို့ ချက်ချင်းပြန်ဖြေလိုက်တယ်။ ဗင်ဂိုးတို့အိမ်မှာလည်း ကြာကြာဆက်မနေတော့ဘဲ သူ့မိဘများရှိရာ အမ်စတာဒမ်မြို့ကို အမြန်ပြန်သွားပါတော့တယ်။

သည်တစ်ခါတော့ ဗင်ဂိုးဟာ ပထမအကြိမ် အငြင်းပယ်ခံရတုန်းကလို အလွယ်တကူနဲ့ လက်မြှောက်အရှုံးမပေးပါဘူး။ ငွေချေးပြီး အမ်စတာဒမ်ကို လိုက်သွားပါတယ်။ စထရစ်ကာဗော့စ်ရဲ့ အိမ်ကိုရောက်တော့ ညစာစားနေတဲ့အချိန်ပါ။ သူဟာ အိမ်ထဲကို ဝင်ပြီး ညစာစားနေတဲ့နေရာကို ဂမူးရှုးထိုး ရောက်လာပါတယ်။ ဗင်ဂိုးမှန်းသိတာနဲ့ စထရစ်ကာဗော့စ်ဟာ သူ့အခန်းထဲ ဝင်ပြေးတော့တာပဲ။ ဗင်ဂိုးခမျာ စကားတစ်ခွန်းမှ မပြောလိုက်နိုင်ဘူး။

စထရစ်ကာဗော့စ်ရဲ့ မိဘများကတော့ ဗင်ဂိုးအပေါ်မှာ ယဉ်ယဉ်ကျေးကျေး ဆက်ဆံနိုင်ဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် ဗင်ဂိုးက သူ့ရဲ့ ချစ်ညီမကို တွေ့ရမှ ပြန်မယ်လို့ပြောပြီး ငုတ်တုတ်ထိုင်စောင့်နေပါတယ်။ စထရစ်ကာဗော့စ် ထွက်နှုတ်ဆက်မှ ပြန်သွားပါတယ်။ ဒုတိယအကြိမ် လာလည်တော့လည်း သည်အတိုင်းပဲ။ တတိယအကြိမ် လာလည်တဲ့အခါမှာ စထရစ်ကာဗော့စ်ကို မတွေ့မချင်း ဖန်မီးအိမ်ရဲ့ မီးတောက်ထဲမှာ သူ့လက်ကို ထည့်ထားမယ်ဆိုပြီး တကယ်လည်း ထည့်ထားခဲ့ပါတယ်။ သူ့ရဲ့ တောင်းဆိုချက်ဟာ အဓိပ္ပာယ် မရှိဘူးလို့ ဦးလေးနဲ့ အဒေါ်က ပြောယူရပါတော့တယ်။

သည်တစ်ကြိမ် ရှုံးပြီးတဲ့နောက်မှာ ဗင်ဂိုးဟာ သူ့ကိုယ်သူ ဘယ်လိုမှ ထိန်းလို့မရတော့ပါဘူး။ ထွက်ပေါက်မရတဲ့ သူ့အချစ်စိတ်တွေဟာ သူ့တစ်ကိုယ်လုံးကို ထိုးဆွနှိပ်စက်နေပါတယ်။ "မိန်းမတစ်ယောက်တော့ မရှိလို့မဖြစ်တော့ဘူး။ ငါ့အနားမှာ မိန်းမတစ်ယောက်မရှိရင် ငါ့တစ်ကိုယ်လုံး အေးခဲတောင့်တင်းပြီး ကျောက်တုံးတစ်တုံး ဖြစ်သွားလိမ့်မယ်" လို့ သူညည်းတွားဖူးပါတယ်။

ဗင်ဂိုးဟာ စိတ်လေလေနဲ့ လမ်းတကာလျှောက်သွားရင်း ပြည့်တန်ဆာမတွေနဲ့ တွေ့ကြုံသိကျွမ်းပါတယ်။ ပြည့်တန်ဆာမတွေကိုလည်း သဘောကျသွားပါတယ်။ သူနဲ့ဘဝတူ အပယ်ခံတွေ မဟုတ်လား။ ဘယ်တော့မှ မငြင်းဆန်သူတွေ မဟုတ်လား။ ဗင်ဂိုးအဖို့ ပြည့်တန်ဆာမတွေဟာ ချစ်ညီမတွေ ဖြစ်နေပါတယ်။ ချစ်မိတ်ဆွေတွေလည်း ဖြစ်နေပါတယ်။ ဗင်ဂိုးဟာ ပြည့်တန်ဆာလောကမှာ ပျော်မွေ့နေခဲ့ပါတယ်။

ဗင်ဂိုးဟာ အသက်အရွယ်ကြီးရင့်တဲ့ ပြည့်တန်ဆာမျိုးကို ပိုပြီး သဘောကျတတ်ပါတယ်။ သည်လိုနဲ့ပဲ ကိုယ်ဝန်ရှိနေတဲ့ ပြည့်တန်ဆာမတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်သွားတယ်။ သူ့နာမည်က မာရီယာတဲ့။ မာရီယာဟာ သူ့ရဲ့ ငါးနှစ်အရွယ်သမီးနဲ့အတူ ဗင်ဂိုးဆီမှာ လာနေပါတယ်။ မကြာခင်ပဲ သားတစ်ယောက်ကို မွေးဖွားလိုက်တယ်။

ဗင်ဂိုးရဲ့ မိသားစုဟာ သည်သတင်းကို ကြားရတော့ တော်တော် ရှက်ကြပါတယ်။ ပိုဆိုးတာက ဗင်ဂိုးဟာ မာရီယာနဲ့အတူ တစ်နှစ်ကျော် ပေါင်းသင်းနေထိုင်ပြီး လက်ထပ်ဖို့အထိ စဉ်းစားနေတဲ့အချက်ပါပဲ။ မာရီယာဟာ ဗင်ဂိုးရဲ့ အချစ်စိတ်ကို ဖြည့်ဆည်းပေးရုံမက ပန်းချီဆွဲရာမှာလည်း စံပြမယ်အဖြစ် ထိုင်ပေးပါတယ်။ ဗင်ဂိုးဟာ မာရီယာရဲ့ ကျေးဇူးကြောင့် လုံးတီးပုံတချို့ ရေးဆွဲနိုင်ခဲ့တဲ့အပြင် ဂနိုးရီးယားကာလသားရောဂါကိုပါ ရရှိပြီး ဆေးရုံမှာ သုံးပတ်ကြာအောင် ကုသခံခဲ့ရပါတယ်။ ဒါပေမယ့် ဗင်ဂိုးဟာ မာရီယာကို စိတ်မကွက်ပါဘူး။ သူ့သားလေး ဝီလျမ်ကို မွေးပေးရတဲ့ ဆင်းရဲက သူ့ဆင်းရဲထက် ပိုကြီးတယ်ဆိုပြီး ခွင့်လွှတ်ခဲ့ပါတယ်။

ဗင်ဂိုးရဲ့ ခွင့်လွှတ်စိတ်ဟာ တာရှည်တော့ မခံခဲ့ပါဘူး။ မာရီယာရဲ့ အကျင့်ဆိုးတွေက သူ့ကို ကောင်းကောင်းနှိပ်စက်ပါတယ်။ မာရီယာဟာ စည်းမရှိကမ်းမရှိ ဖြစ်ကတတ်ဆန်း နေထိုင်တယ်။ အပြောအဆို သိမ်မွေ့မှုမရှိဘဲ အပေါက်ဆိုးတယ်။ အမြဲတမ်း အရက်မူးနေတတ်တယ်။ နောက်ဆုံးတော့ မာရီယာဟာ လမ်းပေါ်ပြန်ရောက်သွားပါတယ်။ သားသမီးတွေလည်း သူ့နဲ့ပါသွားတယ်။ အိမ်ထောင်ပျက်တစ်ယောက်လို ဖြစ်သွားတဲ့ ဗင်ဂိုးဟာ နယ်သာလန်ရဲ့ မြို့တော်ကို ကျောခိုင်းထွက်ခွာလာခဲ့ပါတယ်။

၁၈၈၄ ခုနှစ်မှာ ထူးခြားတဲ့ ချစ်ကိစ္စတစ်ခုကို ဗင်ဂိုး တွေ့ကြုံရပါတယ်။ သည်တစ်ကြိမ်မှာတော့ ဗင်ဂိုးက လိုက်သူမဟုတ်ဘဲ အမျိုးသမီးက လိုက်သူဖြစ်နေတယ်။ သူ့ရဲ့ အိမ်နီးချင်းဖြစ်တဲ့ မာဂေါ့ဘီဂီမန်ဆိုသူပါ။ မာဂေါ့ဘီဂီမန်ဟာ ရိုးရိုးအအ ဝတ်စားတတ်တဲ့ အသက် ၄၁ နှစ်အရွယ် အပျိုကြီးတစ်ယောက် ဖြစ်ပါတယ်။ သူ့ထက် ဆယ်နှစ်ငယ်တဲ့ ဗင်ဂိုးကို သူ့ဘဝရဲ့ နောက်ဆုံးအခွင့်အရေးအဖြစ် ယူဆပြီး ချည်းကပ်ပုံရပါတယ်။ ဗင်ဂိုးက မာဂေါ့ဘီဂီမန်ကို "မကျွမ်းကျင်တဲ့ လက်မှုပညာရှင်တွေကြောင့် ပုံပျက်ပန်းပျက်ဖြစ်သွားရတဲ့ ကရီမိုနာ တယောတစ်လက်"လို့ ခိုင်းနှိုင်းပြောဆိုပါတယ်။ ကရီမိုနာတယောဟာ အီတလီနိုင်ငံ ကရီမိုနာမြို့က ထုတ်လုပ်တဲ့ တယောဖြစ်ပြီး လှလည်းလှပ၊ အသံလည်း အလွန်သာယာတဲ့ ကမ္ဘာကျော်တယော ဖြစ်ပါတယ်။ ဗင်ဂိုးဟာ အပျိုကြီးမမကို လက်ထပ်ဖို့ သဘောတူခေါင်းညိတ်လိုက်ပါတယ်။ သနားလို့ပဲ သတောတူခဲ့တာလား။ တကယ် ချစ်ခင်စုံမက်လို့ပဲ သဘောတူခဲ့တာလား။ ဂရုဏာစိတ်နဲ့ မေတ္တာစိတ်တို့ ဖက်စပ်ပေါင်းစည်းပြီး ဗင်ဂိုးရဲ့ ခေါင်းကို ညိတ်စေခဲ့တာလား။ ဘာကြောင့်ဆိုတာကိုတော့ ဗင်ဂိုးကိုယ်တိုင်ပင် သိမှာမဟုတ်ဘူး။ ဒါပေမယ့် မာဂေါ့ရဲ့ မိဘများက သဘောမတူပါဘူး။ မာဂေါ့ဟာ မိဘနှစ်ပါးရဲ့ သဘောတူညီချက်ကို မရတဲ့အခါ ရှင်ကွဲကွဲတာထက် သေကွဲကွဲတာက ပိုကောင်းမယ်ထင်ပြီး အဆိပ်သောက်ပါတော့တယ်။ ဒါကို ဗင်ဂိုးက သိလို့ အချိန်မီ အန်ထုတ်အောင် လုပ်နိုင်ခဲ့တယ်။ မာဂေါ့အသက်ဆက်ရှင်ပေမယ့် သူတို့နှစ်ယောက် လက်မထပ်ဖြစ်ခဲ့ပါဘူး။

နောက်ပိုင်းမှာတော့ ဗင်ဂိုးဟာ တူးလူးလိုးထရက်တို့လို မိတ်ဆွေပန်းချီဆရာတွေနဲ့အတူ ပဲရစ်က ပြည့်တန်ဆာအိမ်များကို သွားရောက်ပျော်ပါးနေခဲ့ပါတယ်။ စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ယောက်နဲ့ ဖြစ်လိုက်ပါသေးတယ်။ ပြည့်တန်ဆာများနဲ့ ပျော်ပါးတဲ့ အကျိုးရလဒ်အဖြစ် ကာလသားရောဂါဟာ သူ့ဆီမှာ ပူးတုံ ခွာတုံဖြစ်နေခဲ့ပါတယ်။ သူ့ကိုယ်သူ သတ်သေတဲ့ကိစ္စမှာ ဘဝတစ်လျှောက်လုံး သူခံစားနေရတဲ့ စိတ်ရောဂါအပြင် သည်လိုကာလသားရောဂါနဲ့ ဖိစီးနှိပ်စက်တဲ့ ဒဏ်တွေလည်း ပါဝင်နိုင်ပါတယ်။ သူ့ရဲ့ နာမည်ကျော် "ကြယ်တွေစုံတဲ့ည" ပန်းချီကားထဲမှာ အံ့ချီးဖွယ်ရာအရောင်တွေနဲ့ ပြိုးပြိုးပြက်ပြက်နေပေမယ့် ချစ်ခြင်းမေတ္တာရဲ့ အရောင်တော့ စုတ်ချက်တစ်ချက်စာပင် မပါဝင်ဘူးလို့ ဝေဖန်မယ်ဆိုရင် အချစ်ငတ်သမားကြီး ဗင်းဆင့်ဗင်ဂိုးအတွက် ရက်စက်ရာကျ ကောင်းကျလိမ့်မလား။

ဗင်ဂိုး၏ နီတိစကား
-----------------

ပန်းချီဆွဲခြင်းနှင့် လိင်ဆက်ဆံခြင်းတို့သည်
သဟဇာတမဖြစ်ပါ။ လိင်ဆက်ဆံခြင်းကြောင့်
ဦးနှောက်ခွန်အားကို ဆုတ်ယုတ်စေပါ၏
ပန်းချီရေးဆွဲသည့် အလုပ်ကို
စွမ်းအားထက်မြက်စွာ လုပ်လိုပါက
လိင်ဆက်ဆံမှုကို လျှော့သင့်ရှောင်သင့်ပါ၏

ဈာန်မင်း
(စာညွှန်း - The Intimate Sex
Lives of Famous People)

မူရင္း credit

No comments:

Post a Comment