.
ပြုံးလျှင် ပါးခွက်၊ မျက်ဝန်းနက်နှင့်
ရှက်တတ်လေသော ချစ်သူခင်။
.
မောင်နှင့်တွေစဉ်၊ ဝေ့လည်မျက်ဝန်း
မြရည်ရွှန်းကာ၊ ခွန်းနှုတ်တစ်ရာ
စကားထာလည်း၊ ဝတ်လွှာလေးလို နူးညံ့သည်။
.
နုညက်မွတ်စင်၊ သူ့ပါးပြင်ကို
ညင်ညင်ဖွဖွ၊ ရွရွကလေး
မွှေးမွှေးပေးတော့၊ ရှက်သွေးစို့စို့
ပါးမို့မို့မှာ၊ ပြုံးလို့ ပါးချိုင့်ပေါ်လာမြဲ။
.
မောင်ချစ်သူငဲ့
ဟိုလူကမွှေး၊ သည်လူမွှေးနှင့်
နုထွေးနီမြန်း၊ ပါးနှစ်ခြမ်းမှာ
အနမ်းခြေရာ၊ ထင်ခဲ့တာလား
ပြန်စဉ်းစားမှ၊ ပါးပြင်နုညက်
ချိုင့်၍ခွက်အောင်
မျက်နှာများခဲ့လေသလား။ ။
မောင်စိန်ဝင်း-ပုတီးကုန်း
No comments:
Post a Comment