အမေ့လှေမှာ
သားသမီးတွေ တစ်သက်စီးတော့
လှိုင်းမကြီး လေမထန်ဘဲ
ရေဆန်ကို အမေအန်တုလို့
ပြုံးပျော်ရွှင်ဆဲ။
သားသမီးတွေရဲ့လှေမှာ
အမေတစ်ရက်စီးတော့
လှိုင်းတွေကကြီး
လေပြင်းကထန်
ရေဆန်မှာ အန်ကိုခဲလို့
အမေ့မှာ ချွေးတွေတရွှဲရွှဲ။
မောင်မောင်ခင်(ဝဲဒေါင့်၊ဟုမ္မလင်း)
No comments:
Post a Comment