ငပလီကမ်းခြေရောက်တော့
ခရုကောက်ကြ တို့တစ်တွေ
ဟိုခရုခွံ လှနိုးနိုးနဲ့
ဒီခရုခွံ လှနိုးနိုးနဲ့
လှမျိုးစုံ ခရုတွေက
ရောမွှေလို့နေ။
ပင်လယ်က လှိုင်းလုံးတွေ
ကမ်းခြေကို ဦးမော့။
နေလုံးနီညနေစောင်းတော့
လှိုင်းခေါင်းဖြူ အရှိန်ပြေလို့
ရခိုင်ဆွေ သဟာမိတ်တွေနှင့်
ကမ်ခြေမှာ ပန်းဖြေကြတယ်
အုန်းရေနဲ့ပေါ့။
ဖျာပုံနီလုံဦး
No comments:
Post a Comment