Sunday, February 5, 2017

အရိုင်းပန်းတစ်​ပွင့်

စတင်​စိုက်​ပျိုး
မြေဆီမျိုးကို
မသုံး​ဆောင်​ရငယ်​ဘဝ...
ပွင့်​မည့်​ပန်းငုံ
နေမခြုံရ
မှုန်​ပျပျဆင်း သူမသင်း...
ရေပင်​မဝ
သူ့အလှက
အမြစ်​​ဟောင်း​လောင်း ​ပေ​စောင်း​စောင်း...
ညကနွမ်းနွမ်း
လစမ်းစမ်း​အောက်
လွှမ်းခြုံသစ်​ခက်​ အရိပ်​မဲ့...
ပွင့်​သစ်​ဖူးဥ
နှလုံးနုနု
ကုထုံးညံ့ဖျင်း ဒဏ်​ရာပြင်း...။

ထက်​မြက်​(သရက်​​ချောင်း)

No comments:

Post a Comment