Wednesday, February 8, 2017

လှိုင်းမှန်​ရင်​ လှုပ်​ခတ်​တယ်

. ​ပြောင်​လက်​ဝင်းပ​နေတဲ့ ​ရွှေမှုန်​​လေး​တွေကို
ရွှံနွံအမှိုက်​ထဲက ကျင်​ယူခဲ့ရတယ်​။
. ပျံ့ရှား​မွှေးသင်းတဲ့ စန္ဒကူးပွင့်​​လေး​တွေကိုလည်း
နက်​ရှိုင်းလှတဲ့ ​တောဂနိုင်​ထဲက ခူးယူခဲ့ရတယ်​။
. စစ်​မှန်​တဲ့ တရားဓမ္မ​တွေကိုလည်း
ကြီးမားတဲ့ ဇွဲ့လုံ့လနဲ့ ကျင့်​ကြံရယူခဲ့ရတယ်​။
. တန်​ဖိုးရှိတဲ့အရာတိုင်းဟာ
လွယ်​လင့်​တကူမရနိုင်​တာ မင်းသိထားမယ်​ဆိုရင်
ဖြူစင်​သန့်​ရှင်းတဲ့ ​မေတ္တာ​တရားကိုလည်း
လေက​လေးတချွန်​ချွန်​နဲ့ ​စောင့်​စားမ​နေသင့်​​တော့ဘူး။
. မင်းရဲ့မနက်​ဖြန်​ ​နေ့စွဲ​တွေ
ဘယ်​လိုရဲရင့်​စွန့်​စားမလဲ...သဲသဲကွဲကွဲ​ဖြေ။

တိုး​ဝေ

No comments:

Post a Comment