အပျော်အမော
မှော်တောမှာ ယောင်လည်လည်ပေါ့
တောက်စွယ်မှာ ရွှေအသွေးနဲ့
"နေ"မေးတင်ပြီ။
.
ထာဝရ သတ်မရ
မာန အတ္တ တစ်ပွေ့တစ်ပိုက်နဲ့
ရှေ့ဆက်လို့ မိုက်နေသည်။
.
အဝိဇ္ဇာ ပစ္စယာ သင်္ခါရတဲ့
ရင်မှာကတော့ နှောင်ကြိုးတွေချည်
အတောင်ကျိုးနေပြီကွဲ့ အလင်းရှာငှက်။
.
သမုဒယ ရစ်သိုင်းနှောင်
ပစ်တိုင်းထောင် ကြိုးအရှုပ်မှာ
သည်လိုနဲ့ မိုးကြီးချုပ်မှာလား
တောအုပ်သစ် ဘယ်လိုရှာ
ဘယ်လိုခါ ဘယ်လိုရောက်နိုင်မလဲ
လမ်းပျောက်ကာ စရိုက်အလွဲတွေနဲ့
အသိုက်ထဲက မထွက်။ ။
မောင်စိန်ဝင်း-ပုတီးကုန်း
No comments:
Post a Comment