Sunday, February 26, 2017

စွဲမက်​ကြင်​နာ ညှာတာပါလှည့်

.
ရင်​ထဲမှာ ချစ်​ကြင်​​နေ
သခင်​​ရေ သိလား။
.
ဝေဒနာ သည်​ပုံရိပ်
ဖုံးပိတ်​လို့ထား။
.
ရင်​ထဲမှာ ​တေးသံ​ဝေ
သခင်​​ရေ ကြားရဲ့လား။
.
သောက​တွေ ရင်​မှာပြည့်
မြင်​သိရဲ့လား။
.
သခင်​​ရေ
အမြင်​​တွေလည်း မမှားခဲ့
အစဉ်​​သွေလွဲ မသွားနဲ့။
.
အကြင်​ခက်​ပါလို့
ရင်​ထက်​မှာ အလွမ်းတင်
ရင်​ခွင်​မှာ အလွမ်းဆင့်
ရင်​နင့်​​အောင်​ အလွမ်းသယ်
ချစ်​တယ်​လို့လည်း မ​ပြောရဲ
ရင်​ထဲမှာ တိတ်​တခိုးနဲ့
မြတ်​နိုးစွာ သည်​တစ်​သက်
စွဲမက်​ကြင်​ခဲ့။        ။

မောင်​နိုင်​လင်း(​ကောလင်း)

No comments:

Post a Comment