.
သူမကပြောတယ်
သူမ နှလုံးသားဟာ ကင်မရာဖလင်သားတစ်ခုပါတဲ့
ဪ...
ဒါဆို ကိုယ့်အချစ်တွေ သူ့နှလုံးသားမှာ ခြေရာထင်နေမှာပေါ့
ပျော်လိုက်တာ....။
.
အမ်!
သူက ဖလင်သား ဟုတ်လား?
ဒါဆို ဖလင်သားပေါ်မှာ သူ့အချစ်တွေ ဆေးခြယ် မိတ္တူပွားပြီး လူတကာလျှောက်ပေးနေရင်ရော...
သွားပြီ
ဒါ သူမပြောတဲ့ ဖလင်သား သစ္စာတရားလား.....?။
ညီညီ(ဘုမ္မဝတီ)
No comments:
Post a Comment