.
စောစောကလင်းပေမယ့်
ကြည့်ရင်းနဲ့ မည်းညို့လာ...။
.
မထင်ဘဲရယ်နဲ့
အလျဉ်မစဲ တစ်နေကုန်ထိ
လေအဟုန်...
မြေတုန်အောင်တိုက်ပေမယ့်
မိုးဖြိုက်ဖြိုက်ရွာ...။
.
တောင်ကမည်းပေမယ့်
မိုးသည်းတော့ မြောက်ဘက်မှာ
ရွာပြန်တော်ခဏ...။
.
အသိရခက်ပါဘိ
အသက်ငယ် အပျိုမကလေးရဲ့
အတွေးလို မတည်ငြိမ်ရှာတဲ့
မိုးတိမ်လွှာ ဟန်သမားရယ်
ဥာဏ်များလေစွ...။
မောင်ခိုင်မာ
No comments:
Post a Comment