့
ငါသာလျှင်တော် သူ မတော်ဟု
လူတော် ထင်ပါ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ရမလဲ ။
ကြွားရင်းနှင့် နစ် ဝါးရင်း နစ်သည့်
နစ်လျက်နေပါ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ရမလဲ ။
အကောင်း ဆိုးထင် ဆိုး ကောင်းထင်နှင့်
အထင်လွဲပါ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ရမလဲ ။
သူ့ကို ငါညှိုး ငါ့ သူညှိုးနှင့်
အညှိုးကြီးပါ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ရမလဲ ။
ညည်း၍ မပြီး ညူ မပြီးဘူး
အပြီးတကာ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့။
နိုးကြ.. ထကြ..မြန်မာတို့
သားမြေးတို့တွက် ကြိုးစားစို့ ။ ။
ဆရာကြီး မင်းသုဝဏ်
No comments:
Post a Comment