Friday, March 10, 2017

စမတ်ကျကျ လမ်းလျှောက်ကြည့်ပါ




ချက်ကို ကျောရိုး ဖက်သို့ ဆွဲ ဆန့်ပြီး လမ်းလျှောက်ကြည့်ပါ။ သင် ၏ ဝမ်းဗိုက်ကြွက်သားများကို တည် ငြိမ်စေရန် ခါးစည်း၊ ဗိုက် စည်းဖြင့် ထိန်း၍ ခပ်မတ်မတ် လျှောက်ပါ။ လမ်းလျှောက်စဉ် လက်ကို လွှဲပါ။
တင်၊ပေါင်မှ ကြွက်သားများကို ခြေနှင့်တတန်းတည်းဆန့်၍ လျှောက် ပါ။ ပေါင်အတွင်းဖက်ကြွက်သားများ ကို ဒူးနှင့်တတန်းတည်းထား၍ လျှောက် ခြင်းဖြင့် ခြေထောက်၏ တည်ငြိမ်မှုကို ရရှိစေပြီး ခြေခွင်ခြင်း မဖြစ်စေပါ ။

ခါးကို မတ်၍ လျှောက်မိ စေ ဖို့ အမြဲဂရုစိုက်ပါ။ ခါးမတ်ခြင်းဖြင့် ဝမ်းဗိုက်သည်လည်း တပါးတည်း ဖြောင့်တန်းလာပြီး အပြင်တွင် တက် ကြွသည့်အသွင်ကို ဆောင်စေပါမည် ။ ခါးကိုင်းလျှောက်မိလျှင် မိမိ ကိုယ်ကို ချက်ချင်းပြုပြင်လိုက်ပါ ။

ခြေဖျားကို ရှေ့သို့ ပစ်၍ လျှောက်ပါ။ ဘေးဘက်ကို ကားပြီးဘဲ သွား သွားသလို မလျှောက် မိစေဖို့ သတိပြုပါ။ ခြေလှမ်းတိုင်း ခန္ဓာကိုယ် နှင့်ခြေထောက်ကို တတန်းတည်း ဖြစ် ပါစေ။ ခြေထောက်က ခန္ဓာကိုယ်၏အရှေ့ကို အရင်ရောက်နေသည့် ပုံစံ မျိုးမဖြစ်စေရန် ထိန်းလျှောက်ပါ ။ Cat walk ပုံစံ မျဉ်းတပြေးတည်း လျှောက်ခြင်းမျိုးကို ကြိုးစားလျှောက် ခြင်းထက် ပုံမှန်ပခုံးကို ဖွင့်၍လျှောက် ပါ ။
ဦးခေါင်းအတွက် ခေါင်းပေါ် တွင် စာအုပ်ကိုတင်၍ လျှောက်ခြင်း ကလည်း ခေါင်း၏အနေအထားကို ကြည့်ကောင်းစေသဖြင့် လေ့ကျင့် လျှောက်လှမ်းကြည့်ပါ ။

LWIN PYIN မှကူးယူဖော်ပြသည်။

No comments:

Post a Comment