Monday, March 6, 2017

သိမှတ်စရာလေးတွေ

ယင်ကောင်မည်းကြီး တုပ်ခံရမယ်ဆိုရင

မှက်လို့ခေါ်တဲ့ ယင်ကောင်မည်းကြီး အတုပ်ခံရပြီဆိုရင် ပုံမှန်အသုံးပြုနေကျ ချိုင်းချွေးနံ့ပျောက်ဆေး (Deodorant) ကိုသာ ဒဏ်ရာ ပေါ်သုတ်လိမ်းလိုက်ပါ။ စပ်ဖျဉ်းဖျဉ်း ခံစားနေရတာတွေ သက်သာသွားပါလိမ့်မယ်။

အင်းဆက် အကိုက်ခံရမယ်ဆိုရင

အင်းဆက်တစ်မျိုးမျိုး အကိုက်ခံရမယ်ဆိုရင်တော့ ရှားစောင်းလက်ပပ် အတွင်းသားကို ထိခိုက်ထားတဲ့ နေရာပေါ်မှာ အုံပေးပါ။ မကြာခင်မှာ နာကျင်မှုတွေ သက်သာသွားပါလိမ့်မယ်။

ခြေအသားမာ ပျောက်ကင်းစေဖို့

ခြေချောင်းတွေမှာ ခြေအသားမာရှိနေလို့ စိတ်ညစ်နေတယ်ဆိုရင် ရှောက်သီး (သို့မဟုတ်) သံပရိုသီးက ကူညီပေးနိုင်ပါတယ်။ ရှောက်သီး (သို့မဟုတ်) သံပရိုသီးရဲ့ ထိပ်တစ်ဖက်ကိုဓားနဲ့ဖြတ်ထုတ်လိုက်ပါ။ လှီးထုတ်လိုက်လို့ အခေါင်းပေါက်လေးတွေ့ရပြီဆိုရင် အသားမာ ရှိနေတဲ့ ခြေချောင်းလေးတွေကို အခေါင်းပေါက်ထဲထိုးသွင်းပါ။ နေရာတကျရှိနေစေဖို့ ခြေအိပ်စွပ်ပါ။ ညစဉ်ပုံမှန်ပြုလုပ်သွားမယ်ဆိုရင် မကြာခင်မှာ ပျောက်ကင်းသွားပါလိမ့်မယ်။

ဖျော်စက်၊ကြိတ်စက်တွေကို သန့်ရှင်းနည်း

Blender လို့ခေါ်တဲ့ မွှေစက်၊ ဖျော်စက်တွေကို သန့်ရှင်းဖို့ဆိုရင် Blender ထဲကို ရေနွေးနည်းနည်းထည့်ပါ။ ဆပ်ပြာရည်အစက် အနည်း ငယ်ထည့်ပါ။ ပြီးရင်အဖုံးဖုံးပြီး မီးခလုတ်ဖွင့်ကာ စက္ကန့်အနည်းငယ်ကြာ မွှေလိုက်ပါ။ ပြီးရင်တော့ ရေဆေးပြီး သဘာဝအတိုင်း အခြောက် ခံနိုင်ပါပြီ။

ခရစ္စတယ်လ်လေးတွေ ပြောင်လက်စေဖို

ခရစ္စတယ်လ်နဲ့ ပြုလုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်းလေးတွေကို တောက်ပြောင်စေချင်တယ်ဆိုရင် ဗီနီကာနဲ့ ရေနွေးကို အသုံးပြုနိုင် ပါတယ်။ ဗီနီကာတစ်ဆကို ရေနွေးသုံးဆနဲ့ ရောနှောပါ။ ရောနှောထားတဲ့ ရေနွေးထဲမှာ ပစ္စည်းလေးတွေကို ဆေးကြောပါ။ ပြီးရင် လေနဲ့ အခြောက်ခံပါ။ အနာအဆာမရှိတဲ့ ခရစ္စတယ်လ်ပစ္စည်းလေးတွေကို တွေ့ရပါလိမ့်မယ်။

ဆီဝေ့နေတဲ့ ဟင်းချိုမဖြစ်ရအောင်

ဆလတ်ရွက်ဟာ အဆီတွေကို စုပ်ယူနိုင်စွမ်းရှိပါတယ်။ ဆီတွေဝေ့နေတဲ့ ဟင်းချိုထဲကို ဆလတ်ရွက်အနည်းငယ် ပစ်ထည့်လိုက်ပြီး ဆီ တွေကို စုပ်ယူသွားသည်အထိ စောင့်ဆိုင်းပါ။ ပြီးမှ ဇွန်းနဲ့ စစ်ယူဖယ်ထုတ်နိုင်ပါတယ်။

ဂျင်းသားတွေကို ပျော့ပျောင်းစေဖို

ဂျင်းအင်္ကျီ၊ ဂျင်းဘောင်းဘီအသစ်တွေနဲ့ တခြားအဝတ်အထည်အသစ်တွေကို ပျော့ပျောင်းစေချင်ရင်တော့ ရေထဲကို ဆားများများလေး ထည့်ပြီး လျှော်ဖွပ်ပေးရပါမယ်။

အိုးတူးပြီးကပ်သွားတဲ့ အကြော်အိုးတွေကို သန့်စင်နိုင်ဖို

အကြော်အိုးတွေမှာ အစားအစာတွေ အိုးတူးပြီး ကပ်သွားမယ်ဆိုရင် နဂိုအတိုင်းဖြစ်သွားအောင် ပြန်လည်သန့်ရှင်းနိုင်ဖို့ ရေနဲ့ဆားတို့ လိုအပ်ပါတယ်။ အိုးထဲမှာ ရေနဲ့ဆားထည့်ပြီး တစ်ညလုံးစိမ်ထားပါ။ နောက်နေ့မှာ မီးအေးအေးနဲ့ ဖြည်းဖြည်းချင်း ဆူပွက်အောင် တည် ထားပါ။ (၁၅)မိနစ်ခန့် ထားပါ။ မီးပိတ်လိုက်ပြီး ရေအေးအောင်စောင့်ပါ။ ရေတွေကို သွန်ပစ်လိုက်ပြီး အိုးတိုက်တဲ့ စတီးခွေနဲ့ ပွတ်တိုက် သန့်စင်လိုက်မယ်ဆိုရင် နဂိုအတိုင်းသန့်ရှင်းပြောင်လက်တဲ့ အကြော်အိုးတွေကို ပြန်ရပါလိမ့်မယ်။

မယွန်းနိစ်တွေ မလေလွင့်စေဖို

မယွန်းနိစ်တွေ ကုန်သွားပြီဆိုရင် ပုလင်းမှာကပ်ကျန်နေတဲ့ မယွန်းနိစ်တွေကိုပါ အကျိုးရှိရှိအသုံးချကြရအောင်။ မယွန်းနိစ်ပုလင်းထဲကို ဗီနီကာအနည်းငယ်နဲ့ ဟင်းခတ်အမွှေးအကြိုင်အနည်းငယ်ထည့်ပြီး သမသွားအောင် လှုပ်ပေးပါ။ ဒီအရောအနှောကို Salad ပြုလုပ်ရာမှာ လောင်းထည့်ပြီး စားသုံးနိုင်ပါတယ်။

Shaving Cream တွေရဲ့ အသုံးဝင်ပုံ

မုတ်ဆိတ်ရိတ်တဲ့အခါမှာသုံးတဲ့ Shaving Cream တွေကိုရေချိုးခန်းထဲက ကြည့်မှန်တွေ ကြည်လင်စေဖို့လည်း အသုံးပြုနိုင်ပါ သေးတယ်။ ကြည့်မှန်တွေကို Shaving Cream နဲ့ပွတ်သုတ်ပေးမယ်ဆိုရင် မှုန်မှိုင်းမနေဘဲ ကြည်လင်လာတာကို တွေ့ရပါလိမ့်မယ်။

Credit to ရွှေအိမ်စည်စာကြည့်တိုက်

No comments:

Post a Comment