Friday, March 3, 2017

ကော်ဖီလေးတစ်ခွက်လောက်

(၁) ကော်ဖီဆိုတာ သူ့ချည်းသောက်လည်း အရသာရှိ။
     အသည်းဆိုတာ သူ့ချည်းထားရင် အရသာမရှိ၊ ဆားလေးခပ်မှကောင်းပါ၏၊
(၂)ကော်ဖီဆိုတာ တမော့သောက်တဲ့ခါ စွဲမြဲစေသောအရသာ။
    အသည်းဆိုတာ ချစ်ကြိုက်တဲ့ခါ၊ ကြည်အေးရွှင်သာ အရသာ။
(၃) ကော်ဖီဆိုတာ တစ်ကြိုက်သောက်ခိုက် ရင်ကိုခိုက်ကာ၊ကုန်သွားမှာ။
အသည်းဆိုတာ ချစ်လိုက်ခင်လိုက်၊ပျော်လိုက်ရွှင်လိုက်၊မုန်းလိုက်မေ့လိုက်၊လွမ်းလိုက်ဆွေးလိုက်       အိုပြီးခိုက်လာ ကြွေသွားမှာ။
ဟေး...၀ိတ်တာ
အခါးမပါတဲ့ ချိုချဉ်ငံစပ် ကော်ဖီတစ်ခွက်လောက်ကွာ။
                                             ခိုင်မြဲ

No comments:

Post a Comment