``မင်းခေါ်လို့  သူတို့ မလိုက်ရင်
မင်း တကိုယ်ထဲ လျှောက်ပေတော့”။
”ကြောက်ဒူးတုန်လို့ နံရံဘက်လှည့်ပြီး
သူတို့ နှုတ်ဆိတ်နေရင်မင်း ကံဆိုးတာပေါ့၊
စိတ်ရှင်းရှင်းနဲ့ တကိုယ်ထဲသာ
ပွင့်ပွင့်လင်းလင်းပြောပေတော့”။
“တောကြီးမျက်မဲထဲ ဖြတ်သန်းနေတုန်း
မင်းကို သူတို့ စွန့် ခွာသွားရင်မင်း ကံဆိုးတာပေါ့၊
ဆူးငြောင့်ခလုပ်တွေ နင်းချေရင်း
သွေးစွန်းတဲ့လမ်းမှာ မင်းတကိုယ်ထဲ
လျှောက်ပေတော့”။
“မုန်တိုင်းထန်တဲ့ညမှာမီးအိမ်ကို သူတို့ မကိုင်ရင်
မင်းကံဆိုးတာပေါ့၊ဝေဒနာမီးလျှံနဲ့ 
မင့်နှလုံးသားကို ထွန်းညှိတကိုယ်တည်း
တောက်လောင်ပါစေတော့”။
တဂိုးရဲ့ ကဗျာ
ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ဆိုသည်။
-*- လေးစားစွာပြန်လည်မျှဝေသည် -*-
No comments:
Post a Comment