” အနှစ်လို အချစ်ပိုချင်ရင် *စစ်ဗိုလ် * ကိုစဉ်းစားပါ ”
” ကညာမွန် အညာလွန် ချင်ရင် ဆရာဝန် ကိုရွေးပါ ”
” ရင်ခွင်လွှာမှာ အကြင်နာပါရင် *အင်ဂျင်နီယာ * ကိုထည့်တွက်ပါ ”
” အကြောင်းအရာပေါ် ကောင်းရာမျှော်ချင်ရင် ကျောင်းဆရာ ကတော် လုပ်ပါ ”
” ပြည်သူ့ ထဲ ငြူဆူအမြဲ ဖြစ်နေရင် ပြည်သူ့ ရဲ တောင်မစဉ်းစားနဲ့ ”
” အချစ်များပြီး ပြစ်ထားမယ်ဆိုရင် စစ်သား ကိုလည်း မယူနဲ့ ”
” အပြတ်ဖြေဖျော် လာဘ်လာဘ မျှော်ရင် နတ်ကတော် လည်းမရွေးနဲ့ ”
” အစဉ်အမြဲသိမ်း ရင်ထဲထိန်းချင်ရင် *ယာဉ်ထိန်းရဲ * ကိုလည်းမစဉ်းစားနဲ “့
” ကုန်တာမှိုင် လိုရာမပိုင်ရရင် companyပိုင်ရှင် လည်း အလျှော့မပေးနဲ့ ”
” အဖြီးအပြတ်လှော် မီးသတ်မတော်ရင် * မီးသတ်* ကတော်လည်း မလုပ်နဲ့ ”
” ရမက်တပ်ရစ် အရက်မပြတ်ကစ်ရင် လက်မှတ်စစ် ကို လည်း မစဉ်းစားနဲ့ ”
” ရတက်ဖြစ်အရေး လက်ဖက်ရည် ကစ်ရေး ဆိုရင် ဆက်သွယ်ရေး ကောင်လည်း မရွေးနဲ့ ”့ 
” ယမင်းအပျော်ထား အတင်းပျော်အားနေရင် သဘောင်္သား ကိုလည်း ရှောင်ပါ ”
” ရှာသမျှ ကုန်မယ်ဆို၇င် ကညာမကျတဲ့ ပါသမျှ ကုန်သည် ကိုလည်းမစဉ်းစားနဲ့ ”
” မယားမပြတ်မော. အနားကပ်လျော့ရင် ကားဝပ်ရှော့ ဆရာလည်း မရွေးနဲ့”
“နောင်မပူ ပြီးစီးမယ်ဆိုရင် တောင်သူဦးကြီး များကို စဉ်းစားပါ”
Credit: Shwe Eaim Si
No comments:
Post a Comment