၁ - သေချာပြင်ဆင်လေ့ကျင့်ရပါတယ်
တကယ်ချစ်တဲ့သူကို ချစ်ခွင့်ပန်တယ်ဆိုတာ
ဆယ်တန်းစာမေးပွဲဖြေသလိုပါပဲ
ကိုယ်ဘယ်လောက် စာရရ မေးခွန်းကိုနားလည်မှ ပြီးတော့
အဖြေကို ကွက်တိဖြေနိုင်မှ အောင်မှာမို့
သေချာပြင်ဆင်ရတာပါ . . .
*-*-*-*
၂ - အရိပ်အကဲ ကြည့်ရပါတယ်
ကိုယ်ပြောတဲ့အချိန်နဲ့ သူစိတ်ပျော်နေတဲ့အချိန်တစ်ထပ်တည်းကျမှ ရလဒ်ကောင်းမှာမို့ လူကဲခတ်မှုကလည်း အဖြေရနိုင်ခြေရဲ့ ရမှတ် 15 % လောက်ရှိလို့ လူကဲခတ်လည်းတတ်အောင်ကျင့်ရပါတယ်
*-*-*-*
၃ - ကိုယ်တကယ်ချစ်လားလို့လည်း ဆန်းစစ်ရပါသေးတယ်
မိန်းကလေးတွေက ခေါင်းတချက်အညိတ်မှားရင် ဘဝနဲ့ရင်းရသလို
ယောက်ျားလေးတွေကလည်း စကားတစ်ခွန်းမှားရင်
လမ်းမှားတစ်ခု ရွေးမိတာပါပဲ
*-*-*-*
၎ - ရည်းစားစကားပြောပြီဆိုတာနဲ့ ရင်းရပါပြီ
ဖြစ်နိုင်ခြေတွေ တွက်ကြည့်ပါမယ်
စဉ်းစားဦးမယ် 20 %
မချစ်နိုင်ဘူး 20 %
သူငယ်ချင်းလိုပဲနေရအောင် 10 %
ပါးရိုက်ခံရနူန်း 10 %
နောက်နေ့ငါ့ကိုစကားလာမပြောနဲ့ 10 %
တခြားအဖြစ်အပျက် 30 %
*-*-*-*
၅ - အဖြေတောင်းတာနဲ့ အလိုလိုအားငယ်သွားပါပြီ
ချစ်သူ့ရှေ့မှာ မခုတ်တတ်တဲ့ကြောင်လေးလို
လက်ထည့်ရင်တောင် မကိုက်တတ်တဲ့လူရိုးလေးလို
နေနေရပါပြီ
*-*-*-*
၆ - ပြောသမျှ နားထောင်ရပါပြီ
ဟိုဟာမကြိုက်ဘူး
ဒီဟာမကြိုက်ဘူး
ဟိုလူနဲ့ မပေါင်းနဲ့
ဒီလူနဲ့ မပေါင်းနဲ့
ဒီစည်းကမ်းတွေ လိုက်နာရမယ်
ဟိုလိုတွေ မလုပ်ရဘူး နဲ့
မိဘစကားသာ အဲလောက်နားထောင်ရင်
သုဝဏ္ဏသာမ ထိုင်ငိုသွားမယ် . . .
*-*-*-*
၇ - အဖြေရပြီဆိုရင်လည်း ချော့ရပြန်ပါပြီ
ဟိုလိုကောက်
ဒီလိုကောက်
အပြစ်ရှိလည်းကောက်
အပြစ်မရှိလည်းကောက်နဲ့
တစ်နေ့တစ်နေ့ ချော့နည်းပေါင်းစုံကိုသိအောင်
ကိုယ့်ရှေ့ စီနီယာတွေဆီက လေ့လာသင်ယူရပါပြီ
*-*-*-*
၈ - စိတ်မချဖြစ်ရပြန်ပါပြီ
ဘယ်သူနဲ့ ဘယ်တွေသွား
ဘာတွေလုပ် တွေးပူရပါပြီ
ကိုယ့်သာ ရစ်တာ
သူ့ကျတော့ မပြောဘူးဆိုတာချည်းပဲ . . .
တပ်သားမှားတော့ ကွာတား
ဗိုလ်မှားတော့ ဆောရီးဆိုသလိုပါပဲ
*-*-*-*
၉ - ကိုယ်နှစ်သက်တာလေးတွေ ဖြတ်ရပါပြီ
game
ဆေးလိပ်
ဘီယာ
ကွမ်း
အင်တာနက်
မဖြတ်ရင်တောင် လျှော့ရပါပြီ
*-*-*-*
၉ - သူ့အကြိုက် သူ့အကြိုက် ညှိရပါပြီ
သူကြိုက်တဲ့ အခြောက်ရုပ်နဲ့မင်းသားကိုလည်း လိုက်'နှစ်သက်ရပါ၏
သူကြိုက်တဲ့ မုန့်တီအစပ်မျိုးလည်းလိုက်သောက်ရပါ၏ သူလျှောက်သမျှ ပလာဇာ တောက်လျှောက်လိုက်ရပါ၏
( ကိုယ့်အကြိုက်တခါမှ ညှိခွင့်မရ
သူအကြိုက်တွေချည်း ညှိနေပြန်ပါ၏ )
*-*-*-*
၁၀ - ချစ်သူအခြေအနေလေး မပြတ်စဲသွားအောင်လုပ်ရပါ၏
ချစ်သူကို အဆုံးရှုံးမခံနိုင်သူများပိုဆိုးပါ၏
သူ့အလိုကို လိုက်ရသည်
ကိုယ်က အမှားလုပ်၍မရ
မတော်တဆ ကတောက်ကဆ ဖြစ်ခဲ့လျှင်တောင်
မှားမှား/မှန်မှန် ကိုယ်သာချော့ရပါ၏
*-*-*-*
၁၁ - ရည်းစားစကားပြောတယ်ဆိုတာ
ယောက်ျားလေးတစ်ယောက်က
ချစ်သူထားတယ်ဆိုတာ ...
ကိုယ့်တွင်းကိုယ်တူး ကိုယ့်ပန်းခွေကိုယ်သီ
ကိုယ့်ကိုယ်ကိုယ် သရဏံဂုဏ်ပြီးမှ ရည်းစားစကားပြောရတာပါ . . . ။
frown emoticon
No comments:
Post a Comment