Saturday, March 11, 2017

ဝဋ်ကြွေး

အခန်းကျဉ်းလေးရဲ့ အပြင်ဘက် စိတ်လေလွှင့်လိုက်တယ်  အထီးကျန်ခြင်းက ငါ့ကို ခြယ်လှယ်ခဲ့တယ်။
ဆောင်းအကုန် နွေအကူးမို့ 
ဥဩဆိုတဲ့ အလွမ်းငှက်သံလေးတွေ ကြားနေရတယ်
အချစ်ဆိုတဲ့ သစ်ပင်လေးတွေကနေ အလွမ်း ရွက်ကြွေတွေ လွင့်ပျံ့နေရဲ့....။
တကယ်တမ်းသာ အလွမ်းတွေကြွေရင်း ကုန်ဆုံးခဲ့ရင်ကောင်းရဲ့၊ ရာသီတွေရယ် ရက်စက်စွာ ခြယ်လှယ်ရက်လိုက်တာ၊ ငါ့မှာတော့ အလွမ်းကြွေလိုက် ပန်းတွေဝေလိုက်နဲ့ပေါ့။
အချစ်ဆိုတဲ့အပင်ကြီး ရှင်သန်နေသရွေ့ ငါ ဒီဝဋ်ကြွေးတွေကြားမှာ ရင့်သီးနေရအုံးမပေါ့
ဘယ်တော့ ချိုမြိန်တဲ့ အသီးပွင့်တွေစားသုံးရမလဲနော်...။   

No comments:

Post a Comment