Wednesday, March 1, 2017

အတ္တခေါ်သံ

.
ဟောင်းလို့ စွန့်ခွာတာလား
မကောင်းလို့ စွန့်ခွာတာလား
အပြစ်အနာပါလို့ စွန့်ခွာတာလား
သစ္စာရှာဖို့ စွန့်ခွာတာလား
နှလုံးသားမပါတဲ့ ယုံကြည်ချက်တွေနဲ့
ဂုဏ်ရည်တက်နေတဲ့ ငှက်ရဲတစ်ကောင်ပေါ့
အခက်အခဲတောင်ကျော် အဖော်ငှက်ကို
ကျော်တက်ဖို့ အကွက်ဆင်။
.
သက်တံရောင် ညနေခင်းမှာ
နှင်းဆီရောင် မှင်မောင်းဟန်တွေကြောင့်
ပင်ဟောင်းထံ ပြန်မလာချင်တဲ့
ကြမ္မာငင် ပန်း... ရှာငှက်ဟာ
ပရမ်းပတာ အသက်ရှင်။
.
အရောင်ရှိရာ အရိပ်ရှာသွားလေတော့
ဖိတ်စာမှားခဲ့ ငှက်ဖြစ်အင်
တက်တက်စင် အထင်မှား။
.
မုန်တိုင်းဖျော် သစ္စာငှက်ကို
ပစ်ခွာထွက်လာ အဖော်သစ်ရှာတော့
မှော်သေတ္တာ ပန်းပခြုပ်ရယ်က
ဖမ်းသုတ်လို့သွား။

မောင်ခိုင်မာ

No comments:

Post a Comment