မတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး
အဆုံးအမတရားတွေအတိုင်းကိုးကွယ်
ဆည်းကပ်သင့်မသင့် ကာလာမသုတ်ကို
နာကြားပြီး ဖတ်ရှူလေ့လာကာ အမှန်
အတိုင်းဆုံးဖြတ်နိုင်ကြပါစေ...
+++++++++++
ကာလာမသုတ် အနှစ်ချုပ်။
============
တရားချစ်ခင် သူတော်စင် ပရိသတ် အပေါင်းတို့ ဒီ ကာလာမသုတ္တန်ရဲ့ အနှစ်ချုပ်ကို
ကြည့်မယ်ဆိုရင် (က) မြတ်စွာဘုရားက အမှန်တရားကို ရှာဖွေတဲ့အခါမှာ====
၁။ တစ်ဆင့်ကြားစကားနဲ့လည်း မရှာနဲ့။ မဆုံးဖြတ်နဲ့။
၂။ ယုတ္တိဗေဒ ဆိုတဲ့အစဉ်အလာနဲ့လည်း မရှာနဲ့။ မဆုံးဖြတ်နဲ့။
၃။ လူပြောသူပြော ဒီလိုတဲ့ ဆိုတာနဲ့လည်း မရှာနဲ့။ မဆုံးဖြတ်နဲ့။
၎။ စာထဲမှာ ပါတယ်ဆိုတာနဲ့လည်း မရှာနဲ့၊ မဆုံးဖြတ်နဲ့။
၅။ အကြောင်းအကျိုး ဆီလျော်အောင် တွေးတောဆင်ခြင်မှု၊ တတ္တဗေဒနည်း နည်းနဲ့လည်း
မဆုံးဖြတ်နဲ့။
၆။ အနုမာန အတွေးအခေါ် မျိုးနဲ့လည်း မဆုံးဖြတ်နဲ့။
၇။ ကြောင်းကျိုးဆင်ခြင်တဲ့နည်းနဲ့လည်း မဆုံးဖြတ်နဲ့။
၈။ ငါ့အယူဝါဒနဲ့ ကိုက်ညီတယ် ဆိုတာနဲ့လည်း မဆုံးဖြတ်နဲ့။
၉။ ဖြစ်နိုင်တယ် ဆိုတာနဲ့လည်း မဆုံးဖြတ်နဲ့။
၁၀။ တို့ဆရာပြောတဲ့စကား ဆိုတာနဲ့လည်း မဆုံးဖြတ်နဲ့။ ကိုယ်ပိုင်ဉာဏ်နဲ့ သိပြီးတော့မှ
ဆုံးဖြတ်ပါတဲ့။
(ခ) ဆုံးဖြတ်လို့ လက်ခံကျင့်သုံးလို့ အပြစ်ရှိလို့ လက်ခံကျင့်သုံးလို့ မကောင်း
ကျိုးတွေ ပေးမယ်ဆိုရင် ချက်ချင်း သိတဲ့အချိန်မှာ ချက်ချင်း စွန့်လိုက်ပါ။
(ဂ) လက်ခံကျင့်သုံးလို့ ကောင်းကျိုးချမ်းသာကို ရမယ်ဆိုရင် ချက်ချင်း ကျင့်သုံးပါ၊
(ဃ) အဲဒီလို မကောင်းတာတွေကိုစွန့်ပယ်၊ ကောင်းတာတွေကို ကျင့်သုံးတဲ့ အခါမှာ
အားလုံးအတွက် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားများ ပွားများအားထုတ်
ပြီးတော့နေပါ။
(င) အဲဒီလို အားထုတ်ပြီးတော့ နေလို့ရှိရင် နောင်ဘ၀ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်
စေ၊ အကုသိုလ်ကံရဲ့အကျိုး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေဘာမှစိတ်ပူစရာမရှိပါဘူးလို့ မြတ်စွာ
ဘုရားက ဒီလိုအဆုံးသတ် ဟောကြားခြင်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင်ပရိသတ်တို့ ကာလာမသုတ္တန်အတိုင်း မြတ်စွာဘုရား
ဟောကြား ဆုံးမတဲ့တရားကို နာယူမှတ်သားပြီး မိမိတို့ဘ၀မှာ တကယ် ဆင်ခြင်စဉ်းစားရမှာက
အပြစ်ရှိတဲ့အရာလား အပြစ်မရှိတဲ့အရာလား၊ အကုသိုလ်လား ကုသိုလ်လား၊ ပညာရှိတွေ ကဲ့ရဲ့တဲ့
အရာလား ချီးမွမ်းတဲ့အရာလား၊ လက်တွေ့ကျင့်သုံးလို့ရှိရင် ကောင်းကျိုးချမ်းသာကို ပေးတတ်သ
လား ဆင်းရဲဒုက္ခကို ပေးတတ်သလား ဆိုတာတွေဖြစ်ပါတယ်။ ဒီ- အတိုင်းအတာတွေနဲ့ ဆင်ခြင်
သုံးသပ်ပြီး ကိုယ်ပိုင်ဉာဏ်ဖြင့်ဆုံးဖြတ်ကာ လက်တွေ့ လိုက်နာကျင့်သုံးကြရမှာ ဖြစ်တယ်လို့
ကိုယ်စီကိုယ်စီ သဘောကျပြီး ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါ စေကုန်သတည်း။
{၁၃၇၃ ခုနှစ်၊ နတ်တော်လဆန်း(၁)ရက်၊ ၂၆-၁၁-၂၀၁၁ (စနေနေ့)၊ မန္တလေးတိုင်းဒေသကြီး၊
မဟာအောင်မြေမြို့နယ်တွင် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောကြားသော“ကာလာမသုတ်
အနှစ်ချုပ်” တရားတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
(ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment