Thursday, March 9, 2017

ဘ၀မှာ ပျော်ရွှင်ဖို.တခါတလေ၀င်လာတဲ့ အဆင်မပြေမှုတွေကိုမသိယောင်ဆောင်ပြီး လစ်လျူထားတာက ပိုကောင်းတယ်

(အချိန်ရရင် ဖတ်ပေးပါ )

အမျိုးသားတစ်ယောက်က အလွန်လှပတဲ့အမျိုးသမီး
တစ်ဦးကို လက်ထပ်ခဲ့တယ်။ သူက သူ.ဇနီးကို အရမ်းချစ်တယ် ။

တစ်နေ. ဇနီးဖြစ်သူမှာ အရေပြားရောဂါ ခံစားရတယ်။
သူမရဲ.အလှတွေကလဲ တဖြည်းဖြည်းနဲ.ကျဆင်းလာတယ်။ဒါကို ယောကျာ်းဖြစ်သူကလဲ သတိထားမိတယ် ။

မြင်နေပေမဲ့ ချစ်တဲ့သူစိတ်ချမ်းသာအောင်လို့
မြင်ချင်မိလို့������.

တစ်နေ့မှာယောကျာ်းဖြစ်သူ ခရီးတစ်ခုထွက်ရတယ် ။
အပြန်ခရီးမှာ ကံဆိုးစွာနဲ. အက်စီးဒန်.တစ်ခုနဲ.ကြုံတွေ.ရပြီး
ယောကျာ်းဖြစ်သူ မျက်လုံးကွယ်သွားခဲ့ရတယ်။

ဇနီးဖြစ်သူကလဲ တဖြည်းဖြည်းနဲ.ယိုယွင်းလာတယ်
သူတို.တွေရဲ.ဘ၀ဟာ ကနဦးလက်ထပ်ခါစအတိုင်းပဲ
ယောကျာ်းကလဲ သူဇနီးကို တအားချစ် ဇနီးကလဲ
အမျိုးသားကို အ၇မ်းချစ်ကြတယ်

ဒီလိုနဲ.တနေ. ဇနီးဖြစ်သူ သေဆုံးခဲ့တယ်
ယောကျာ်းဖြစ်သူဟာ
အရမ်းစိတ်ထိခိုက်ခဲ့ရတယ် အမှတ်တရတွေပြည့်နေတဲ့
ဒီမြို.မှာသူ ဆက်မနေနိုင်တော့ဘူးပေါ့ သူမြို.
ကနေထွက်ခွာခဲ့တယ်

အဲဒီအချိန်မှာ မိတ်ဆွေတွေက ခင်များ
ဘယ်လိုလမ်းလျောက်မှာလဲအရင်လိုခင်များဇနီးက
တွဲမကူနိုင်တော့ဘူးလေ လို.ပြောကြတယ်

သူက ပြန်ပြောတယ် ငါ မကန်းပါဘူးကွာ
ငါ ဟန်ဆောင်ခဲ့တာပါ
သူမရဲ.ပျက်စီးလာတဲ့ရုပ်ရည်ကို ငါမြင်နေရတယ်လို.
သူမသိရင်သူ.ရောဂါထက် သူမပိုခံစားရမှာ ဒါ့ကြောင့်
ငါဟန်ဆောင်ခဲ့တာငါ သူမ ပျော်နေတာကိုပဲ မြင်ချင်တယ်ကွာ

အ​ကြေားင်​အရာ​လေးက ဒါပါပဲ့။

ဒီအ​ကြောင်းအရာ​လေးထဲက​နေ အဓိက​ပေးချင်​တဲ့ မက်​​ဆေ့​လေးက​တော့....

# ဘ၀မှာ ပျော်ရွှင်ဖို.တခါတလေ၀င်လာတဲ့
အဆင်မပြေမှုတွေကိုမသိယောင်ဆောင်ပြီး
လစ်လျူထားတာက ပိုကောင်းတယ်#

#cd

No comments:

Post a Comment