[Zawgyi]
ဝါကျဖြူ
လျှပ်စစ်ဖြတ်စီးမယ် ။
15/7/18
credit; မိုးမခ
[Unicode]
ဦးခေါင်းပြတ်ထွက်နေတဲ့နာရီသံများ
ဝါကျဖြူ
ကြိုးမပါပဲ တွဲလောင်းဆွဲထားတဲ့ခန္ဓာကိုယ်များ
နန်းကြိုးမျှင်တွေထဲ ရင်ဘတ်တွေခေါက်ထည့်ပြီး
လျှပ်စစ်ဖြတ်စီးမယ် ။
ပလပ်စတစ်ပါကင်အိတ်ထဲမှာ အသက်လုရှူနေရတဲ့
အသည်းအမြစ် အတွဲလိုက်တွေ။
ဂြိုဟ်ပျက်ထဲမှာ သံချေးတက်နေတဲ့ငှက်တွေ
ငိုသံတွေကို ကောက်စားနေကြတယ် ။
ကပ်ကြေးကိုက်ခံရတဲ့နာရီသံပြတ်စတွေထဲကို
ခေါင်းပြတ်နေတဲ့အတွေးစတွေ လေတိုးတိုင်း လွင့်ထွက်နေကြ ။

No comments:
Post a Comment