[Zawgyi]
ပဲခူးျမစ္အေရွ႕ဘက္ျခမ္းမွာ မိုးေတြညို႔ေနၿပီ….
-ေကာက္ႏြယ္ကေနာင္
အတြင္းလူနာတစ္ေယာက္ရဲ႕
ေဆးကုသမႈမွတ္တမ္းကို ျပန္ၾကည့္ရသလိုမ်ိဳး
….လြမ္းတယ္။
ကမ္းၿပိဳက်သလို ပဲ့က်ရင္ခုန္သံေတြ တစ္ဝုန္းဝုန္း
ေႁမြတစ္ေကာင္နဲ႕ ရစ္ပတ္ထုတ္ပိုးထားတဲ့ ညီမေလးရဲ႕ ဓာတ္ပုံ
ေသြးမတိတ္ေသးတဲ့ ျမတ္နိုးမႈအဆိပ္ေတြစြန္းေပ
ေဝးၿပီ….
ေဝးကြာသြားၿပီဆိုတာသိတယ္။
ဘဝရနံ႕ေတြေနာက္ ေရလိုက္ငါးလိုက္
ညီမေလးက စီးဆင္းေမ်ာပါသြား
ငါတို႔ ခြဲခြာလိုက္ၾကတယ္။
ဒါေပမယ့္
ငါ့ရင္ထဲစူးတဲ့ အနမ္းေတြ အပြင့္မပ်က္
ညီမေလးရင္ထဲက အခ်စ္ဦး႐ုပ္ရွင္ေလးကို ၾကည့္ေနရ
မိုးေတြ႐ြာေနၿပီညီမေလးရယ္….
ဖရိုဖရဲ လိမ့္က်လာတဲ့ မ်က္ရည္စက္ေတြပါ…။ ။
သရဖူ ၊ ၂၀၀၃ ၊ ဇြန္။
[Unicode]
ပဲခူးမြစ်အရှေ့ဘက်ခြမ်းမှာ မိုးတွေညို့နေပြီ….
-ကောက်နွယ်ကနောင်
အတွင်းလူနာတစ်ယောက်ရဲ့
ဆေးကုသမှုမှတ်တမ်းကို ပြန်ကြည့်ရသလိုမျိုး
….လွမ်းတယ်။
ကမ်းပြိုကျသလို ပဲ့ကျရင်ခုန်သံတွေ တစ်ဝုန်းဝုန်း
မြွေတစ်ကောင်နဲ့ ရစ်ပတ်ထုတ်ပိုးထားတဲ့ ညီမလေးရဲ့ ဓာတ်ပုံ
သွေးမတိတ်သေးတဲ့ မြတ်နိုးမှုအဆိပ်တွေစွန်းပေ
ဝေးပြီ….
ဝေးကွာသွားပြီဆိုတာသိတယ်။
ဘဝရနံ့တွေနောက် ရေလိုက်ငါးလိုက်
ညီမလေးက စီးဆင်းမျောပါသွား
ငါတို့ ခွဲခွာလိုက်ကြတယ်။
ဒါပေမယ့်
ငါ့ရင်ထဲစူးတဲ့ အနမ်းတွေ အပွင့်မပျက်
ညီမလေးရင်ထဲက အချစ်ဦးရုပ်ရှင်လေးကို ကြည့်နေရ
မိုးတွေရွာနေပြီညီမလေးရယ်….
ဖရိုဖရဲ လိမ့်ကျလာတဲ့ မျက်ရည်စက်တွေပါ…။ ။
သရဖူ ၊ ၂၀၀၃ ၊ ဇွန်။
No comments:
Post a Comment