Monday, September 24, 2018

[Zawgyi]
လြမ္းေတး
========
ငါဟာ အၿမဲတမ္းတစ္ခုခုလိုေနတဲ့သူပါ
ၿပိဳင္ျမင္းတစ္ေကာင္မွာ ေျခေထာက္တစ္ဖက္လိုေနသလိုမ်ိဳး
ဖဲထုပ္တစ္ထုပ္မွာ စပိတ္ကြင္းတစ္ခ်ပ္လိုေနသလိုမ်ိဳး
ၿပီးေတာ့
ရဲတိုက္ႀကီးတစ္ခုမွာ ျပတင္းေပါက္တစ္ခုလိုေနသလိုမ်ိဳးေပါ့ကြာ
ငါဟာ အၿမဲတမ္းတစ္ခုခုလိုေနတဲ့သူပါ
တစ္စုံတစ္ေယာက္က ေျပာတယ္
လူဟာ ေပ်ာ္႐ႊင္ဖို႔လိုအပ္တယ္
ဟုတ္ရဲ႕လား
ေရတံခြန္ေအာက္မွာ ၿမိဳ႕တစ္ၿမိဳ႕ရွိတယ္
ဟုတ္ရဲ႕လား
သင္ခန္းစာေတြ ေျဖဆိုဖို႔မလိုေတာ့ဘူး
ဟုတ္ရဲ႕လား
ပင္လယ္ဟာ မာလိန္မႉးကိုလွည့္စားခဲ့
ေခၚသံေတြက ဘာသာစကား ၁၆မ်ိဳးနဲ႕ေအာ္ျမည္လို႔
လက္တစ္ဖက္က လက္တစ္ဖက္ကို စြန႔္ခြာခဲ့ရခ်ိန္
ဗ်ပ္ေစာင္းတစ္လက္မွာ ႀကိဳးတစ္ေခ်ာင္းလိုေနေပမယ့္
သီခ်င္းသံက ျမည္ေနဆဲ
မင္းမရွိေတာ့လည္း
ငါတစ္ေယာက္တည္း အိမ္ျပန္႐ုံသာ။    ။

#ေနမ်ိဳး
၈ ၾသဂုတ္ ၂၀၀၀

[Unicode]
လွမ်းတေး
========
ငါဟာ အမြဲတမ်းတစ်ခုခုလိုနေတဲ့သူပါ
ပြိုင်မြင်းတစ်ကောင်မှာ ခြေထောက်တစ်ဖက်လိုနေသလိုမျိုး
ဖဲထုပ်တစ်ထုပ်မှာ စပိတ်ကွင်းတစ်ချပ်လိုနေသလိုမျိုး
ပြီးတော့
ရဲတိုက်ကြီးတစ်ခုမှာ ပြတင်းပေါက်တစ်ခုလိုနေသလိုမျိုးပေါ့ကွာ
ငါဟာ အမြဲတမ်းတစ်ခုခုလိုနေတဲ့သူပါ
တစ်စုံတစ်ယောက်က ပြောတယ်
လူဟာ ပျော်ရွှင်ဖို့လိုအပ်တယ်
ဟုတ်ရဲ့လား
ရေတံခွန်အောက်မှာ မြို့တစ်မြို့ရှိတယ်
ဟုတ်ရဲ့လား
သင်ခန်းစာတွေ ဖြေဆိုဖို့မလိုတော့ဘူး
ဟုတ်ရဲ့လား
ပင်လယ်ဟာ မာလိန်မှူးကိုလှည့်စားခဲ့
ခေါ်သံတွေက ဘာသာစကား ၁၆မျိုးနဲ့အော်မြည်လို့
လက်တစ်ဖက်က လက်တစ်ဖက်ကို စွန့်ခွာခဲ့ရချိန်
ဗျပ်စောင်းတစ်လက်မှာ ကြိုးတစ်ချောင်းလိုနေပေမယ့်
သီချင်းသံက မြည်နေဆဲ
မင်းမရှိတော့လည်း
ငါတစ်ယောက်တည်း အိမ်ပြန်ရုံသာ။    ။

#နေမျိုး
၈ သြဂုတ် ၂၀၀၀

No comments:

Post a Comment