အဝေးပြေးလမ်းမပေါ်ယစ်မူးခြင်း
''""""""""""""""""""""""""""""""""""
မနက်ခင်းဟာ ကော်ဖီနဲ့လက်မထပ်ပဲ နိုးထခဲ့ရတယ်
ခါတိုင်းကြားနေကျ မန္တန်ရွက်သံတွေလည်း ပျောက်ကျ
ခါတိုင်းလာနေကျ လေနုနုလေးတွေလည်း ပေါ်မလာ
ခါတိုင်းရောင်းနေကျ ကောက်ညှင်းပေါင်းသည် အဒေါ်ကြီးအသံလည်း မကြားမိ
လွန်ခဲ့တဲ့ တစ်ရက်က အိမ်ပြန်ခြေရာတွေထပ်ကျန်ခဲ့တဲ့ မြေနီလမ်းပေါ်. ငါဟာ အရူးသိုင်းကွက်နင်းရင်း
အဝေးပြေးလမ်းမပေါ် တက်လာခဲ့။
နတ်မောက်-ပျော်ဘွယ်-နေပြည်တော် လိုက်မှာလား လိုက်မှာလား
(စပယ်ယာအော်သံ)။
ကားပေါ်ကိုတက် လွယ်အိတ်လေးလွယ်ဖက်လို့ ဇိမ်ကျကျထိုင်လိုက်တယ်။
ဘေးဘီဝဲယာကြည့်တော့ ပါစင်ဂျာ ငါတစ်ယောက်တည်းပါလား။
ရှေ့တည့်တည့်ကြည့်တော့...
ဟော... နွေဦးရဲ့အကမယ်လေးတွေ ကြိုနေလေရဲ့
"......….......
.......ရွှေရည်လူး ဖူးပွင့်ခဲ့ပြီလေ"
နားပါးစပ်ထဲ လောင်းချလိုက်တဲ့ ဘီယာများ ချိုလိုက်ပါဘိကွယ်။
အေ့...
အဲ အကမယ်လေးတွေဟာ ပွဲတော်မစမီ စောစောပေါ်လာပြီး၊ စောစောပျောက်သွားတတ်ကြတယ်အေ့။
ငါတို့ကောင်တွေကလည်း အလှယမကာမှာ စောစောယစ်မူးကြတယ်။
အေ့ ငါတော့ စောစောစီးစီးကွာ။
Thursday, April 6, 2017
အဝေးပြေးလမ်းမပေါ်ယစ်မူးခြင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment