Thursday, April 6, 2017

ငှက်ကလေးများသို့ ပေးစာ

            ငှက်ကလေးများသို့ ပေးစာ
           **************************

အိပ်တန်းပြန် ငှက်ကလေးများတို့
ကြယ်ကလေးများ ဝဝလင်လင် စားသုံးခဲ့ပါ၊
မင်းတို့ ခိုအောင်းရာ ဟိုတောအုပ်မှာ ရှားလွန်းလှတယ်ကွယ့်။
ငှက်မေမေကြီးဆီ တိုးဝင်ပြီး အိပ်ယာဝင်တေးများ နားဆင်ခဲ့ပါ။
ဘုရားကျောင်းသွားပြီး ဓမ္မတေးတွေဆိုညည်းခဲ့ပါ။
ဟိုတောအုပ်မှာ ဈေးကြီးပေးဝယ်ရတဲ့ လပြည့်ညတွေ ဖမ်းယူခဲ့ပါ။
ပြီးတော့... နေမပျောက်မီ တောအုပ်ဆီ အရောက်ပျံခဲ့ပါ။
မင်းတို့ဟာ အတောင်တစ်ဖက်သာရှိသေးတဲ့ ငှက်ငယ်တွေ
အတောင်စုံအောင် လေ့ကျင့်ရအုံးမယ်။
တနေ့မှာ
ငါတို့.    ဝါဂွမ်းရောင်မိုးတိမ်တွေဆီ ပျံသန်းကြမယ်။
                   
                                           ခိုင်မြဲ

No comments:

Post a Comment