Thursday, October 11, 2018

ႏႈတ္ခမ္းေလးရဲ႕အေဝး

[Zawgyi]
ႏႈတ္ခမ္းေလးရဲ႕အေဝး
=====================
-ေမာင္သိန္းေဇာ္
အ လြမ္း နဲ႕ ေငါေငါ
အမည္မသိ ၊ ကိုယ့္ပါရမီနဲ႕ကိုယ္ထိရွလို႔
နာတာကို နာတယ္လို႔
မေျပာတဲ့ေျမႀကီး သီးစရာရွိတာသီးခဲ့ ။
အတင့္ရဲတဲ့ႏုတ္ခမ္းေလးက
ပြင့္စရာရွိတာပြင့္သြားမွာတဲ့ -
ထေႏွာင္းဆူးေတြ
အထြန႔္မတက္နိုင္ေအာင္
မ်က္ႏွာေပးေလးတစ္ခုနဲ႕ ဟန႔္ထားတဲ့
တိမ္သားျဖဴျဖဴေရ
သူအခ်စ္ကို တယုတယစြန႔္ပစ္ခဲ့တာပါ ၊
ေတြ႕ဖူးပါတယ္ဆိုၿပီး
ကိုယ့္မ်က္ႏွာထားကိုယ္
မျမင္ဘူးသလို ျပန္ျပန္ၾကည့္ေနတဲ့
တိမ္သားျဖဴျဖဴေရ
ငါ့ ေရျပင္မွာ ဆူးေတြမရွိပါဘူးကြယ္ ၊
ႏုတ္ခမ္းေလးရယ္ ...
ေဝးေနေပမယ့္
ႏုတ္ခမ္းေလးရယ္ ...
တိမ္ေတြတို႔ကိုထားရစ္ခဲ့ေပမယ့္
ႏုတ္ခမ္းေလးရယ္ ...
ဓာတ္အားေတြ လြတ္က်မသြားေအာင္
မင္းနဲ႕ငါ ဆက္ထားမွျဖစ္မွာတဲ့ -
အ ေစာ ႀကီး ပါး လႊာ ေန႕ ေတြ
ဘယ္လိုအနမ္းနဲ႕ဖာေထးမလဲ ။ ။
(၁၉၉၆)
#ေမာင္သိန္းေဇာ္

[Unicode]
နှုတ်ခမ်းလေးရဲ့အဝေး
=====================
-မောင်သိန်းဇော်
အ လွမ်း နဲ့ ငေါငေါ
အမည်မသိ ၊ ကိုယ့်ပါရမီနဲ့ကိုယ်ထိရှလို့
နာတာကို နာတယ်လို့
မပြောတဲ့မြေကြီး သီးစရာရှိတာသီးခဲ့ ။
အတင့်ရဲတဲ့နုတ်ခမ်းလေးက
ပွင့်စရာရှိတာပွင့်သွားမှာတဲ့ -
ထနှောင်းဆူးတွေ
အထွန့်မတက်နိုင်အောင်
မျက်နှာပေးလေးတစ်ခုနဲ့ ဟန့်ထားတဲ့
တိမ်သားဖြူဖြူရေ
သူအချစ်ကို တယုတယစွန့်ပစ်ခဲ့တာပါ ၊
တွေ့ဖူးပါတယ်ဆိုပြီး
ကိုယ့်မျက်နှာထားကိုယ်
မမြင်ဘူးသလို ပြန်ပြန်ကြည့်နေတဲ့
တိမ်သားဖြူဖြူရေ
ငါ့ ရေပြင်မှာ ဆူးတွေမရှိပါဘူးကွယ် ၊
နုတ်ခမ်းလေးရယ် ...
ဝေးနေပေမယ့်
နုတ်ခမ်းလေးရယ် ...
တိမ်တွေတို့ကိုထားရစ်ခဲ့ပေမယ့်
နုတ်ခမ်းလေးရယ် ...
ဓာတ်အားတွေ လွတ်ကျမသွားအောင်
မင်းနဲ့ငါ ဆက်ထားမှဖြစ်မှာတဲ့ -
အ စော ကြီး ပါး လွှာ နေ့ တွေ
ဘယ်လိုအနမ်းနဲ့ဖာထေးမလဲ ။ ။
(၁၉၉၆)
#မောင်သိန်းဇော်


No comments:

Post a Comment