Monday, October 1, 2018

လယ္ကြင္းအစပ္မွာ ေလတဟူးဟူး ( စိုင္းဝင္းျမင့္ )

[Zawgyi]
လယ္ကြင္းအစပ္မွာ ေလတဟူးဟူး ( စိုင္းဝင္းျမင့္ )

စိတ္ကူးထားတဲ့အကိုင္းမွာ
ငွက္ကေလးက မနားဘူး။
အရင္ဘဝက ခုံျပာတန္းေလး
အခု
စူးဝင္ေနတဲ့သံနဲ႕
ေဆြးျမည့္ေနတဲ့သစ္သား
ငါတို႔ သူေသကိုယ္ေသခ်စ္သြားၾကတာ။
ဒီဘဝမွာ
မီးေလာင္ျခင္းက ရႈခင္းတစ္ခု
ေနာင္ဘဝမွာ
အလံတစ္ဝက္ခ်ထားျခင္းႏွင္းမ်ား။
ဘယ္ဆီဘယ္ဝယ္
ေတာင္စြယ္မွာ ေနကြယ္မွာလား
ပင္လယ္မွာ ေနဝင္မွာလား
ေရာက္ရာအရပ္က ညေနခင္းမ်ား
အုတ္စီ
သံခ်ည္သံေကြး
နံရံေဆးတိမ္ျပာျပာ
တကယ့္ဘဝကိုသာ ငါတို႔ရိုက္ယူထားခဲ့ေပါ့
ျပန္မလာဇာတ္ကား။      ။

စိုင္းဝင္းျမင့္
ျမားနတ္ေမာင္ – နိုဝင္ဘာ၊ ၂၀၀၂


[Unicode]
လယ်ကွင်းအစပ်မှာ လေတဟူးဟူး ( စိုင်းဝင်းမြင့် )

စိတ်ကူးထားတဲ့အကိုင်းမှာ
ငှက်ကလေးက မနားဘူး။
အရင်ဘဝက ခုံပြာတန်းလေး
အခု
စူးဝင်နေတဲ့သံနဲ့
ဆွေးမြည့်နေတဲ့သစ်သား
ငါတို့ သူသေကိုယ်သေချစ်သွားကြတာ။
ဒီဘဝမှာ
မီးလောင်ခြင်းက ရှုခင်းတစ်ခု
နောင်ဘဝမှာ
အလံတစ်ဝက်ချထားခြင်းနှင်းများ။
ဘယ်ဆီဘယ်ဝယ်
တောင်စွယ်မှာ နေကွယ်မှာလား
ပင်လယ်မှာ နေဝင်မှာလား
ရောက်ရာအရပ်က ညနေခင်းများ
အုတ်စီ
သံချည်သံကွေး
နံရံဆေးတိမ်ပြာပြာ
တကယ့်ဘဝကိုသာ ငါတို့ရိုက်ယူထားခဲ့ပေါ့
ပြန်မလာဇာတ်ကား။      ။

စိုင်းဝင်းမြင့်
မြားနတ်မောင် – နိုဝင်ဘာ၊ ၂၀၀၂

No comments:

Post a Comment