[Zawgyi]
ခင္လြန္း ● ငွက္ၾကည့္သမား
ၿခံစည္းရိုးေပၚ ငါေမ်ာ္ေနတဲ့
ငွက္ကေလးေရာက္ၿပီလား
သူ႕ကို ေန႕တိုင္းေစာင့္ၾကည့္ေနခဲ့ရ
သူ႕ခမ်ာ မေန႕က အစာမွဝပါ့မလား
တေန႕ကေရာ ဝခဲ့ပါရဲ႕လား
သူ ေကြးေကြးထားတဲ့ေျခေလးတဖက္
ေျခသည္းခ်န္ခ်န္ဝါဝါေလးေတြ
သူ႕ေတာင္ပံၾကားထိ မ, တင္ထား
တခါတခါေတာ့ အဲဒီ့ေျခေလးတဖက္ကို ဒ႐ြတ္ဆြဲလို႔
အစာကိုေကာက္တဲ့အခါ
တဆတ္ဆတ္တုန္ ၾကာၾကာမရပ္နိုင္ရွာ
သူ႕ေတာင္ပံကို ေျခတဖက္အစား ကားကားႀကီးခ်ရင္း
ေျမမွာဝပ္လို႔ အစာေကာက္ရရွာသူ
ဒီလိုအခ်ိန္ေခ်ာင္းေနၾက ေၾကာင္ဖားႀကီး
ခုန္အုပ္ခံလိုက္ရၿပီလား
သူ႕အတြက္ပူေနရတာပဲ
တျခားငွက္ေလးေတြလို
အစာဝပါ့မလား
ေၾကာင္ခံတြင္းထဲေရာက္သြားၿပီလား
သတၱဝါတို႔ရဲ႕ကံၾကမၼာတရားဟာ
မိုးတိမ္ေတြလို တလြင့္လြင့္တေမ်ာေမ်ာ
ေကာင္းကင္ေပၚ ငွက္ကေလးေတြေရာ
တိမ္ျပာျပာေရာ
ငါ့အေဖာ္ တုတ္ေကာက္ေလးေရာ
အၿငိအတြယ္မရွိ
လူးလားပ်ံသန္းလ်က္
ၿခံစည္းရိုးေပၚက ႏႈတ္သီးဝါဝါ ေျခတေပါင္က်ိဳးငွက္ကေလးသာ
ခ်ိတ္က်န္မေနခဲ့ရင္
ငါဟာ ေလထဲဝဲပ်ံလို႔ေနေတာ့မွာ။ ။
……..
ခင္လြန္း
ဒီဇင္ဘာ ၂၈၊ ၂၀၁၇
နံနက္- ၉:၀၀
credit to (မိုးမခ)
[Unicode]
ခင်လွန်း ● ငှက်ကြည့်သမား
ခြံစည်းရိုးပေါ် ငါမျော်နေတဲ့
ငှက်ကလေးရောက်ပြီလား
သူ့ကို နေ့တိုင်းစောင့်ကြည့်နေခဲ့ရ
သူ့ခမျာ မနေ့က အစာမှဝပါ့မလား
တနေ့ကရော ဝခဲ့ပါရဲ့လား
သူ ကွေးကွေးထားတဲ့ခြေလေးတဖက်
ခြေသည်းချန်ချန်ဝါဝါလေးတွေ
သူ့တောင်ပံကြားထိ မ, တင်ထား
တခါတခါတော့ အဲဒီ့ခြေလေးတဖက်ကို ဒရွတ်ဆွဲလို့
အစာကိုကောက်တဲ့အခါ
တဆတ်ဆတ်တုန် ကြာကြာမရပ်နိုင်ရှာ
သူ့တောင်ပံကို ခြေတဖက်အစား ကားကားကြီးချရင်း
မြေမှာဝပ်လို့ အစာကောက်ရရှာသူ
ဒီလိုအချိန်ချောင်းနေကြ ကြောင်ဖားကြီး
ခုန်အုပ်ခံလိုက်ရပြီလား
သူ့အတွက်ပူနေရတာပဲ
တခြားငှက်လေးတွေလို
အစာဝပါ့မလား
ကြောင်ခံတွင်းထဲရောက်သွားပြီလား
သတ္တဝါတို့ရဲ့ကံကြမ္မာတရားဟာ
မိုးတိမ်တွေလို တလွင့်လွင့်တမျောမျော
ကောင်းကင်ပေါ် ငှက်ကလေးတွေရော
တိမ်ပြာပြာရော
ငါ့အဖော် တုတ်ကောက်လေးရော
အငြိအတွယ်မရှိ
လူးလားပျံသန်းလျက်
ခြံစည်းရိုးပေါ်က နှုတ်သီးဝါဝါ ခြေတပေါင်ကျိုးငှက်ကလေးသာ
ချိတ်ကျန်မနေခဲ့ရင်
ငါဟာ လေထဲဝဲပျံလို့နေတော့မှာ။ ။
……..
ခင်လွန်း
ဒီဇင်ဘာ ၂၈၊ ၂၀၁၇
နံနက်- ၉:၀၀
credit to (မိုးမခ)