Friday, April 28, 2017

မောင်ခိုင်မြဲ၏ ​​အပန်းေ​ဖြကမ္ဘာ

မောင်ခိုင်မြဲ၏ ​​အပန်းေ​ဖြကမ္ဘာ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
တစ်​ခါတစ်ခါ အိမ်​သာဟာ လူသတ်​ခန်းဖြစ်​။
တစ်​ခါတစ်ခါ အိမ်​သာဟာ
စာဖတ်​ခန်းဖြစ်​။
တစ်​ခါတစ်ခါ အိမ်​သာဟာ
ရုပ်​ရှင်​ရုံဖြစ်​။
တစ်​ခါတစ်ခါ အိမ်​သာဟာ
ကဗျာဆရာဖြစ်​။
တစ်​ခါတစ်ခါ အိမ်​သာဟာ
မောင်​ခိုင်​မြဲရဲ့ စိတ်​ထွက်​​ပေါက်​ကမ္ဘာဖြစ်​။
တစ်​ခါတစ်ခါ အိမ်​သာဟာ
ကေတီဗွီဖြစ်​၊
တစ်​ခါတစ်ခါ အပန်း​ဖြေအိပ်​ခန်းဖြစ်​။
တစ်​ခါတစ်ခါ အိမ်​သာဟာ
အိမ်​သာဖြစ်​ပြီး..
မောင်​ခိုင်​မြဲဟာ အိမ်​သာဖြစ်​။

မောင်​ခိုင်​မြဲ (ဘုမ္မဝတီ)

Thursday, April 20, 2017

ကျောင်းသားအတ္ထုပတ္တိ

ကျောင်းသားအထ္ထုပတ္တိ(အပြည့်စုံ)
တာရာမင်းဝေရဲ့ရှားပါးကဗျာဖြစ်ပါတယ်

(၁)
မင်းရဲ့ ရုပ်အလောင်းဟာ
ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ်
အမှောင်စုန်းစုန်းမှာ
အရာအားလုံး မေ့ဖျောက်ပစ်
နောက်တစ်ခေတ် မင်းအောင်မြင်စေကွယ်

အက်ကွဲနေသောလက်များနဲ့
ဘုရားသခင်ထံငါတို့ဆုတောင်း
မင်း.. ကောင်းရာသုဂတိလားပါစေ..လို့
ငါတို့ရဲ့
သွေးတစ်စက်ကို ထက်ဝက်ခွဲ
မင်းခံတွင်းထဲ
တဲတဲလေးလျှောချကြည့်ယင်
နှုတ်ခမ်းသေများက
ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည်
ဒီ..မို..က..ရေ..စီ..
ဒီမိုကရေစီလို့ .. ဆိုလိမ့်မယ်
ညီလေးရယ်
ရနိုင်မယ်ဆိုယင်
မင်းရဲ့အရိုးတစ်မှုံကို
နိဗ္ဗာန်ဘုံအထိယူပြီး
ဘုရားရှင်ကို ပြကြည့်ချင်တယ်..
မင်းဟာ သူရဲကောင်းလေးဖြစ်တယ်
မင်းဟာ အာဇာနည်လေးဖြစ်တယ်
မင်းဟာ ဗမာကျောင်းသားလေး.. ဖြစ်တယ်လေ။

(၂)
ရေငတ်သလို.. ငတ်ခဲ့ရတဲ့
ဗမာပြည်က “လူ့အခွင့်အရေး”ဟာ
အကျဉ်းထောင်ထဲမှာ
သင်္ချိုင်းမြေမှာ
တရားရုံးရဲ့ ရာဇ၀တ်မှုတွေထဲမှာ.. ရှိနေတယ်..
မင်း.. စွန့်ခွာခဲ့တဲ့
စာသင်ကျောင်းကလေး
မင်းသတင်းတွေ မေးနေပြီ
မင်းရဲ့ စာအုပ်ဟောင်းထဲမှာ
ဆရာမရဲ့ မှတ်ချက်...
မင်းအတွက်...
“နောက်ထပ်စာအုပ်အသစ်လဲပါ” တဲ့
စာအုပ်မလုံလောက်မှု
ဖောင်တိန်မလုံလောက်မှု
မုန့်စားဆင်းချိန်မှာ ကျောင်းခန်းထဲအိပ်နေမှု.. စတဲ့
လူမှုကိစ္စအ၀၀
မင်းချည်းမှ မဟုတ်ခဲ့ပါဘူးကွယ်
တိုက်ပွဲမှာ
ချွန်မြစွာ တောင်းဆိုနိုင်ဖို့
ခေါင်းလောင်းအိုကြီးကို နှုတ်ဆက်
ချီတက်လာတဲ့ အာဇာနည်လေးရေ..
ခွပ်ဒေါင်းရဲ့
တစ်ကြောင်းစာချွန်
သမိုင်းစင်ကိုထမ်း
ရာဇ၀င်ကြမ်းခက် သွေးစက်ရွှဲစို
ခုတော့..
မင်းရဲ့ ခုံနံပါတ်လေး “ငို” နေပြီ... ။

(၃)
ရွှေဘုန်းရောင်လက်ဝင်းတဲ့
နှင်းပြာပြာမနက်ဦးများမှာ
ဒို့ ကမ္ဘာကို
ပြန်လာဦးမှာလား.. ဟင်...
“အမျိုးဘာသာ သာသနာအတွက်
သား .. နှုတ်ဆက်ခဲ့ပါတယ်” တဲ့
မင်းထားခဲ့တဲ့ စာတိုကလေး
မင်းတို့ အိမ်ကို ပေးလိုက်ပြီ
ယိုင်ရဲ့ ကျဉ်းမြောင်းနေတဲ့
မင်းတို့ရဲ့ အိမ်ကလေးထဲမှာ
မင်းရဲ့ ဖေဖေဟာ
လက်သီးကို ကျစ်ကျစ်ပါအောင်
ဆုပ်ထားတယ်..
မင်းရဲ့ မေမေဟာ
အခန်းထောင့်မှာ
ငြိမ်သက်စွာထိုင်ပြီး
မျက်ရည်စီးကြောင်းတစ်ခုကို အဖော်ပြု
(ရင်ထဲမှာတော့)
သား ပြန် “လု” နေရှာတော့မယ်။

“ကောင်းမွန်စွာ
သင်္ဂြိုဟ်ပြီးစီးပါကြောင်း” .. တဲ့
အလောင်းကိုမှ
မမြင်ရ မတွေ့ရ
ဘယ်နေရာမှာ ကျဆုံးခဲ့သလဲ ညီလေးရယ်...
ဒေါင်းရုပ်ကလေးလိုပဲ
မင်းရဲ့ အတ္ထုပ္ပတ္တိဟာ
အတောင်ပံပါတယ်
တိုက်ပွဲဝင်တယ်
နွယ်လိုပတ်ချည် ခိုင်ကျည်နစ်စူး
ရောက်လေရာဘ၀အဆက်ဆက်မှာ
မင်း.. မော်ဖူးရခြင်းများစွာနဲ့
ကင်းဝေးပါလိမ့်မယ် ... ။

(၄)
အိမ်ထရံမှာ
တခါခါ မင်းမျက်ရည်သုတ်တဲ့
စုတ်ချာချာ လွယ်အိတ်ကလေး
ခေတ်ဘေးခေတ်ဒဏ်သင့်နေရှာတယ်..
“ခေတ်လွတ်လပ်မှ
ကျောင်းသားလွတ်လပ်မယ်”
အရွယ်နဲ့ မလိုက်အောင်တွေး
“ကျောင်းသားအရေး”ဆိုတာ
မင်းမှာ မရှိခဲ့ပါဘူး
“ဘုရားခေတ်မှာဆိုယင်
ရဟန္တာဖြစ်တဲ့အထိ လိမ္မာမယ်”
ဒါပေမယ့်...
“အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်တယ်”
ညီလေးရယ် မင်းသိပ်မှန်တယ်..

ခံယူချက်ကို
အမြောက်ဆံလို ပစ်ဖောက်
အဝေးဆုံး အမြင့်ဆုံး
ဘ၀တဆုံး မင်းရောက်ခဲ့တယ်..
စစ်မောင်းသံကြားယင်
ခွာတရှပ်ရှပ်ဖြစ်ချင်တဲ့
ခေတ်ရဲ့ စစ်မြင်းကလေးလို မင်းဟာ
ရာဇ၀င်ကို ထိုးခွဲ
တိုက်ပွဲကို ဒုန်းဖောက်
မီးတောက်ဆူးခြစ်
ခေတ်သစ်ပူဇော်
တော်လှန်တဲ့ ညီလေးရေ
ခွပ်ဒေါင်းအပေါင်းရဲ့
ကောင်းချီးသြဘာသံစေ
မင်းရောက်ရာအရပ်က ကြားပါစေ...

(၅)
ညီလေးရေ
ရာဇ၀င်ရေးရာ
စာအုပ်ပိတ်
တော်လှန်ရေးမှာ “အိပ်”တော့နော်
စိတ်ချသွားပါ
အရာအားလုံးကို မေ့ဖျောက်
သွေးနဲ့တည်ဆောက်တဲ့ အုတ်ဂူတစ်လုံး
တလောကလုံး လင်စေအားကွယ်..
တိမ်သားရိုးရီ
ဒီမိုကရေစီ တောင်တက်လမ်းက
ခပ်ကြမ်းကြမ်းကျောက်လေးတွေအဖြစ်
စွဲနစ်ကျန်တင်လို့ .. အောင်မြင်မှာပါ
ဗမာပြည်အတွက်
လိုအပ်တဲ့
“လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ”
အရှေ့ဖက်အရပ်မှာ
ခြင်္သေ့တွေ ချီလာပြီ
စစ်မြင်းတွေ ပြိုင်လာပြီ
ခွပ်ဒေါင်းတွေ ပျံလာနေပြီလေ..
ညီလေးရယ်
ငြိမ်းချမ်းစွာ
အေးမြစွာ
ရှင်းသန့်စွာ
နောက်ဘ၀မှာ မြင်ယောင်ကြည့်စမ်းကွယ်
ဘာပဲဖြစ်ဖြစ်
ယမ်းငွေ့တလူလူကြားထဲမှာ
မင်းချစ်တဲ့ ဗမာပြည်ကြီးဟာ
ဒေါင်းအလံကို ပန်းလို ပန်လို့ လှလို့..
သြော်..
ဒေါင်းအလံကို ပန်းလို ပန်လို့
လှလို့ပါပဲ .. ညီလေးရယ်.... ။ ။

အမည်ရင်း- ​​ရွှေဘုန်းလူ
က​လောင်​- တာရာမင်း​ဝေ

(ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမ္မဂ္ဂများအဖွဲ့ချုပ်မှ ထုတ်ဝေသော “အရေးတော်ပုံမှ ထွက်လာသော ၀ိညာဉ်များ၏ ပုံရိပ်များ” ကဗျာစာအုပ်တွင် ဖော်ပြထားသော ကဗျာကို မူရင်းသတ်ပုံအတိုင်း ဖော်ပြထားပါသည်)

တာရာမင်းဝေစာအုပ်များ

တာရာမင်းဝေစာအုပ်များ (၄၈ အုပ်)

တာရာမင်းဝေစာအုပ်များ (၄၇ အုပ်)


၀၁။ တာရာမင်းဝေ - စုန်းကိုက်​ခံရတဲ့သစ်​သီး

၀၂။ တာရာမင်းဝေ - ​ရွှေအ​တောင်​ပံမှာဒဏ်​ရာ​တွေပြန်​​ကောင်းလာတဲ့​နေ့

၀၃။ တာရာမင်းဝေ - ​နေရဲ့အိင်္ကျီ

၀၄။ တာရာမင်းဝေ - ကျွန်​​တော်​တူး​ဖော်​ခဲ့သည့်​​မြေစိုင်​​မြေခဲများအ​ကြောင်း

၀၅။ တာရာမင်းဝေ - ကျွန်​​တော်​နှင့်​နတ်​ဘုရားရုပ်​တု

၀၆။ တာရာမင်းဝေ - ကျွန်​​တော်​နှင့်​​ဆောင်းရာသီဒဿန

၀၇။ တာရာမင်းဝေ - မိုးရာသီပတ်​ပျိုး

၀၈။ တာရာမင်းဝေ - ဝင်္ကပါကိုဖွင့်​တဲ့​သော့

၀၉။ တာရာမင်းဝေ - လူငယ်​တစ်​​ယောက်​ရဲ့​ကျောက်​ထွင်းရာဇဝင်

၁၀။ တာရာမင်းဝေ - ရှူး

၁၁။ တာရာမင်းဝေ - လ​ရောင်​ကိုပန်​၍ညဉ့်​ယံ၌လည်း​မွှေးမြဖြူစင်​နိုင်​ပါ​စေ

၁၂။ တာရာမင်းဝေ - ပြိုင်​မြင်းတို့ရဲ့ခွာသံ

၁၃။ တာရာမင်းဝေ - မျဉ်း​ဖြောင့်​၏ဧရိယာ

၁၄။ တာရာမင်းဝေ - ယန္တယားအ​ရေခွံနဲ့လူ

၁၅။ တာရာမင်းဝေ - မိုး​ခေါင်​လို့တီးတဲ့ဗုံသံ

၁၆။ တာရာမင်းဝေ - ပင်​လယ်​အတုထဲကကျွန်း

၁၇။ တာရာမင်းဝေ - ကျွန်​​တော်​နှင့်​​ကျေးသွန်းယဉ်​​ကျေးမှု

၁၈။ တာရာမင်းဝေ - ကျွန်​​တော်​နှင့်​အဝါ​ရောင်​ဗီးနပ်​စ်

၁၉။ တာရာမင်းဝေ - ပန်း​ခေတ်​ကလမင်း

၂၀။ တာရာမင်းဝေ - ​ကျောခိုင်းထားတဲ့​နေမင်း

၂၁။ တာရာမင်းဝေ - နတ်​ပျိုမအတွက်​ပန်း

၂၂။ တာရာမင်းဝေ - အမှတ်​တရစာစုများ

၂၃။ တာရာမင်းဝေ - ကျွန်​​တော်​နှင့်​ဧဒင်​က​ချေသည်

၂၄။ တာရာမင်းဝေ - ​ရွှေဖိနပ်​မှာအစိမ်း​ရောင်​ကြက်​​ခြေခတ်​နှင့်​​ကောင်​မ​လေး

၂၅။ တာရာမင်းဝေ - ​စောင်းကြိုးပြတ်​ရွာမွန်းတည့်​အလွန်​(၄)နာရီ

၂၆။ တာရာမင်းဝေ - မှော်​ဆရာရဲ့​ကျောင်းစာအုပ်

၂၇။ တာရာမင်းဝေ - အ​နေအထိုင်​မတတ်​တဲ့ကြယ်

၂၈။ တာရာမင်းဝေ - သင်​နှင့်​နံနက်​ခင်းကိုသာဝင်​ခွင့်​ပြုမည်

၂၉။ တာရာမင်းဝေ - အ​ရှေ့မြို့ရိုးမှမိုး​ရေစက်​များ

၃၀။ တာရာမင်းဝေ - ​ကောင်းကင်​အ​ကြွေ​ကောက်​တဲ့လက်

၃၁။ တာရာမင်းဝေ - သူ့အိုးပုတ်​​လေးကိုကျွန်​​တော်​ပြန်​မ​ပေးပါ
၃၂။ တာရာမင်းဝေ - ကျွန်​​တော်​နှင့်​ကံကြမ္မာလက်​နက်​များ

၃၃။ တာရာမင်းဝေ - ကိုယ်​​ရေးကိုယ်​တာပုရပိုက်

၃၄။ တာရာမင်းဝေ - ကျွန်​​တော်​နှင့်​ကြယ်​မြင်​လမြင်​​လောကဓံ

၃၅။ တာရာမင်းဝေ - ကိုးမရှိတဲ့နဝင်း

၃၆။ တာရာမင်းဝေ - ကြယ်​သီချင်းနှင့်​လမင်းသံစဉ်

၃၇။ တာရာမင်းဝေ - ကိုယ့်​လက်​နဲ့ဖမ်းမိတဲ့နဂါး​ငွေ့တန်း

၃၈။ တာရာမင်းဝေ - ​စောင်းကြိုးတန်းလန်းနှင့်​လခြမ်း

၃၉။ တာရာမင်းဝေ - သိုး​ဆောင်းဂစ်​တာတစ်​လက်​ရဲ့မှတ်​တမ်း

၄၀။ တာရာမင်းဝေ - တစ်​ကိုယ်​​တော်​​ရေးတဲ့ကကြီးခ​ခွေး

၄၁။ တာရာမင်း​ဝေ - ပန်းလက်​ဖဝါးမှာပါးအပ်​ပိုင်​ခွင့်​မရှိတဲ့​ကောင်​​လေး

၄၂။ တာရာမင်းဝေ - ကတ်​သီးကတ်​သတ်​အင်္ဂလိပ်​စကားလုံးများ

၄၃။ တာရာမင်းဝေ - နက္ခတ်​ရစ်​သမ်

၄၄။ တာရာမင်းဝေ - လူနံပါတ်​ ၁၃

၄၅။ တာရာမင်းဝေ - စံပယ်အတွေးစံပါယ်​အ​တွေး

၄၆။တာရာမင်းဝေ-ကျွန်​​တော်​နှင့်​အရုပ်​မြို့​တော်

၄၇။ တာရာမင်းဝေ - ​တေးသွားနံပါတ်​ ၁၀၀၁

၄၈။  တာရာမင်းဝေ - ငါ့ရင်​ခွင်​ကြားက နှင်းဆီဓားသွားတစ်​လက်

Wednesday, April 19, 2017

ကြမ်းပိုးများတဲ့အိပ်ရာ (ကဗျာရှည်)

ကြမ်းပိုးများတဲ့အိပ်ရာ (ကဗျာရှည်)
=======================
အမှန်မတော့
ကမ္ဘာကြီးသာယာပျော်ရွှင်ဘွယ်ကောင်းအောင်
လူဆန်ပြီး
သိပ်ယဉ်ကျေးတဲ့
စိတ်ကူးကောင်းသူတွေက
တည်ဆောက်ထားတာဖြစ်တယ်။
မောင်ချောနွယ်ဟာ
အဲသည်အစားထဲကဖြစ်လေရဲ့။
ရေညှိစိမ်းပုတ်
ဖုံးလွှမ်းအုပ်တဲ့
အုတ်တံတိုင်းပေါ်က
ပဒိုင်းပွင့်လေ
သင့်ကို ဖျားယောင်းနေခဲ့ပေါ့
ပန်းပွင့်ထဲက
ဝတ်ရည်လေးကို
သူတို့ကွပ်မျက်ခဲ့လို့
သင်နဲ့ငါ
လာရောက်စေးကပ်ငြိတွယ်ခဲ့ကြရဲ့။
စိုထိုင်းဆတွေ မှိုတက်
မှိုပေါ်မှာ
ပက်ကျိဟာ တွားသွားရဲ့
နှေးတာမြန်တာက ကိစ္စမရှိဘူးလေ
သွားမသွားက ကိစ္စရှိပေရဲ့။
ကမ္ဘာလောကကြီးကို
ယုယသူဟာ
မောင်ချောနွယ်
ဖော်ဝေး
အောင်ချိမ့်နဲ့
သုခမိန်လှိုင်တို့ဖြစ်ကြရဲ့။
ကမ္ဘာကြီးနဲ့စိမ်းသူဟာလဲ
သူတို့ပဲဖြစ်ကြတယ်။
ရေခဲတွေအရည်ပျော်ရန်
ငါ့ကိုခေါ်ပါ
မောင်ချောနွယ်ကိုခေါ်ပါ
ဖော်ဝေးကိုခေါ်ပါ။
မပူသေးတဲ့ရေ
ဆူရန်
ငါ့ကိုခေါ်ပါ
ဖော်ဝေးကိုခေါ်ပါ
မောင်ချောနွယ်ကိုခေါ်ပါ။
ဘယ်သူ့ကိုမှ မတရားမပြောပါဘူးဗျာ
ကျွန်တော် ထမင်းစားတတ်ပါတယ်
ကျွန်တော်တို့ ထမင်းစားတတ်ပါတယ်။
ကျွန်တော်တို့ ရင်ထဲမှာ
ဟာဝိုင်ယီကျွန်းလေး ရှိပါတယ်
လူရွှန်းရှိပါတယ်
ဂျွန်ကိရှိပါတယ်
ကျွန်တော်တို့ရင်ထဲမှာ
တင်နီဆင်ရဲ့ ကျောက်မျက်ရွဲများ ရှိပါတယ်။
တို့တွေဟာ
ရေဒီယမ်သတ္တုကို
ရှာဖွေတွေ့ရှိသူ ဖြစ်ရဲ့
မဒမ်ကျူရီဖြစ်ရဲ့
အယ်ဒီဆင်ဖြစ်ရဲ့။
တို့တွေဟာ
အရောင်းအဆင်းရဲ့အသံကို
စိုက်ပျိုးနိုင်သူဖြစ်ရဲ့
ပီကာဆိုဖြစ်ရဲ့
ဗင်ဂိုးဖြစ်ရဲ့။
တို့တွေဟာ
အရာဝတ္ထုတွေရဲ့
အလျားလေးဖက် ထုလေးဖက်ကို
စမ်းသပ်မိသူတွေဖြစ်ရဲ့
ဟီရာကတပ်(စ်)ဖြစ်ရဲ့
မာ့(က်စ်)ဖြစ်ရဲ့။
တို့တွေဟာ
သံတွေ ခဲတွေကို
တောင်ပံတွေ
တပ်ဆင်နိုင်ကြသူတွေဖြစ်ရဲ့
ဗီသိုဗင်ဖြစ်ရဲ့
ရှိုပင်ဖြစ်ရဲ့။
အဆိပ်ရှိတဲ့မြွေပင်
ဟင်းတစ်ခွက်ဖြစ်နေရာ
အဆိပ်မရှိတဲ့လင်းမြွေ
ဟင်းနှစ်ခွက်ဖြစ်လေပေါ့ခုခါ။
ကျောင်းပြေးဖူးလား
အိမ်ပြေးဖူးလား
ရည်းစားနဲ့ကွဲဖူးလား
ဖဲရှုံးဖူးလား
ဂျင်တိုက်ဖူးလား
လူမိုက်တွေနဲ့ ရိုက်ဖူးလား
ဆေးရှုဖူးလား
အရက်သောက်ဖူးလား
ပခြုပ်အိမ်ရောက်ဖူးလား
အပေါင်ဆိုင်ရောက်ဖူးလား
သင်ဟာလူမို့
အပူတစ်ခုထဲတော့
မလိုအပ်တန်ရာ။
ကန်ရေကိုသောက်ပါ
ဖန်ကလပ်ထဲကရေကိုသောက်ပါ
ကမ္ဘာထဲမှာ
ဘယ်လိုဖူးပွင့်မှာလဲ
အိမ်ဆိုတာ
ဖဲထုပ်လေးတစ်ထုပ်ရှိမှ
ပျော်စရာကောင်းပေမပေါ့။
မိတ်ဆွေ၊ ဘုရားသခင်
လူငယ်နဲ့ အနုပညာ
အတူနေပါစေ
ကမ္ဘာကြီးကို ပျော်ရွှင်ပါစေ။
ကော်ဖီရောင်နေမင်းကြီးထဲမှာ
မြစ်ဟာ
ပျင်းရိစွာ စီးဆင်းလို့
ဘယ်တော့မှ
ဟောင်းလိမ့်မယ်မဟုတ်တဲ့
အချစ်သီချင်းလေးကို နားထောင်ပါ
၁၅-နှစ်သားက သီဆိုလို့နေလေမှာ။
မွန်တီကိုရေလက်ကြားလေးမှာ
ရွှင်ပျော်ပျော်ဖဲဝိုင်းလေး
သွားကျင်းပဖို့
ကမ္ဘာကြီးဟာ
ရွှေအိုရောင်တောအုပ်တစ်ခုလို့
ကျွန်ုပ်တို့
ယူဆနှုတ်ဆက်ထားခဲ့ကြစို့
လာလေ။
''လီနင်''ကို
သင်မညာခဲ့ဖူး မဟုတ်လား။
သင်
''ချေ''ကို မညာခဲ့ဖူး မဟုတ်လား
ကျွန်ုပ်သိပါတယ်
နွေးထွေးမှုဟာ
ဈေးကြီး
ဝေးကွာ
သင်ကဗျာလဲစပ်တတ်ရဲ့ မဟုတ်လား။
သင် ''ဝင်စတန်ချာချီ''ကို
လိမ်ညာခဲ့တာတော့ရှိပါစေ။
ဆံပင်ဘယ်ခွဲခွဲ
အသည်းရောင်ကိုင်းနေတဲ့
မောင်ချောနွယ်
စွတ်စိုထိုင်းမှိုင်းလှပေရဲ့။
ကမ္ဘာထဲမှာ
မောင်ချောနွယ်
ချောင်းကောလေး မဖြစ်ချင်ပါ။
ဗလာစည်တွေက
တယ်ပြီးမြည်နေကြသကိုး
ကမ္ဘာကြီးကလဲ
နာမကျန်းဘူး မဟုတ်လား။
ငွေရှာခြင်းအတတ်
မတတ်တာနဲ့ မတတ်ချင်တာနှစ်ခု
နှစ်ခုလုံး မွေးမြူရေး မအောင်မြင်ပါ
မကာအိုမြို့က
အမှတ်ကိုး ''ဘယ်လိုဒူဆေးလ်''မှာ
''မာဂရက်''ဟာ နေထိုင်ပါတယ်
သီရိခေတ္တရာပြည်က
တောင်ပေါ်လမ်းကွေ့မှာ
ကျွန်တော်တို့ဟာနေထိုင်လို့
မကာအိုမြို့ကသူနှင့်
မိတ်ဆွေဖြစ်ချင်ပါတော့သည်။
ကျွန်တော်
ဘော့ဒိုင်လင်ကို သိပါတယ်
စိုင်းထီးဆိုင်ကို သိပါတယ်
မွန်တီကို ရေလက်ကြားလေးကို သိပါတယ်
''သည်ကွိုင်ဒွန်''ကို သိပါတယ်
သံမဏိသူရဲကောင်းကို သိပါတယ်
အနုမြူကို သိပါတယ်
ဂေါ်ဒီယက်ကို သိပါတယ်
မာကူတာကို သိပါတယ်
ခင်သန်းနုကို သိပါတယ်
ပုဒ်မ၃၂ဝကို သိပါတယ်
ညိုနိုကို သိပါတယ်။
ကျွန်တော်ဟာ
ကြယ်တွေကို ရေတွက်ဖူးလေရဲ့
လူသားဒုက္ခကို
ငါးမျှားခဲ့ပေရဲ့။
ကမ္ဘာထဲမှာ
ကျွန်တော် သိတာတွေ အများကြီးပါ
ပွဲစားလေးမောင်ဘတင့်နဲ့
ဘိန်းစားငပိန်ကိုလဲ သိခဲ့ပါရဲ့
ဒါပေမယ့်
ကျွန်တော် အများကြီးကိုပဲ
မရခဲ့ပါလား။
အများကြီးကို သိပြီး
တစ်ခုမှ မရဘူးဆိုရင်
ဘော့ဒိုင်လင်ကို မသိပါရစေနဲ့
စိုင်းထီးဆိုင်ကို မသိပါရစေနဲ့
မသိပါရစေနဲ့
မသိပါရစေနဲ့
သိပြီးသားနဲ့ မသိရသေးတဲ့အားလုံးကို
မသိပါရစေနဲ့
ခင်သန်းနုကိုလဲ မသိပါရစေနဲ့လား။
ငါ
မာရ်နတ်ကိုယုံခဲ့ပေါ့
ပိုးကိုက်လေတဲ့
သစ်ရွက်လောက်မှ
တန်ဖိုးမရှိ ဥပဓိရုပ်မကောင်းလေခဲ့
စိတ်ကူးကောင်းသူရဲ့
ပျော်ရွှင်ဖွယ်လူသားကမ္ဘာ
ကျွဲပုခုံးထခဲ့ပေါ့
အားလုံးဟာ။
၂၄နာရီတို့
တရားမဲ့
ကောက်ကျစ်
ငိုကြွေး
သစ္စာမဲ့
၂၄နာရီတို့
သောကဒုက္ခတို့သာ
ယက်ဖွဲ့ခဲ့လေပေါ့။
ကမ္ဘာထဲက သစ်သီးတွေ
မစားချင်တော့ဘူး
ကမ္ဘာထဲကရေကို
မသောက်ချင်တော့ဘူး
မှောင်မှန်းမသိ မှောင်မှောင်လာတယ်
မှောင်မှန်းသိတော့
ပိုပြီးမှောင်တယ်။
ကမ္ဘာထဲက
အချိုဆုံးသစ်သီးကို
သောက်ပါရစေ။
ကမ္ဘာထဲက
အမွှေးဆုံးပန်းကို
စားပါရစေ။
ကမ္ဘာထဲက
အသန့်စင်ဆုံးရေကို
ရှူပါရစေ။
အသာယာဆုံးရာသီဥတုဟာ
တို့တွေဖြစ်ဖို့ရှိတော့ရဲ့
လိုက်ခဲ့တော့ မြနန္ဒာရယ်
အဆိုးဆုံးရာသီဥတုဟာ
တို့တွေဖြစ်ခဲ့ပြီလေ။
တရားမစောင့်တဲ့နတ်ကို
ကြိမ်တို့လေပေါ့ ငါ့ကဗျာ။
ဘဝဟာမြက်ရိုင်းထူ
လူတွေဟာ
စည်းစိမ်ဓနကိုသာ
လုယူဖို့စဉ်းစားကြပြီး
ဒုက္ခသောကတွေကိုတော့
လုယူဖို့
နည်းနည်းမှ မကြိုးစားကြဘူး။
ငါ့သေခွက်မှာ
တက်တက်ပြောင်နေပြီ
ကမ္ဘာလောကကြီးကတော့
ဖိုးထောင်
ဂျိုးထောင်ရင်
ငြိမ်နေတော့တာပဲ။
ဘဝကိုသုတေသနလုပ်ပါ
မြောင်းကပုပ်တာ
မြောင်းထဲကျတဲ့
ရွှေပုပ်တာ မဟုတ်ဘူး
တို့တွေဟာ
ကဗျာဆရာပဲ
မြောင်းကပုပ်တာ။
နတ်ရေကန်ထဲခုန်ဆင်းမယ်တဲ့
ဘယ့်နှယ်၁၆နှစ် ဖြစ်နိုင်မှာလဲ
ကဗျာနို့စို့ခွေးလေးရယ်။
အနုပညာနဲ့လူသားသိက္ခာကို
အဆိပ်မခပ်ပါနဲ့
နေရောင်ခြည်ရှိရာအရပ်မှာ
နေပါရစေ
ကျွန်ုပ်သည်
သင့်ကို ပျော်ရွှင်ပါစေ
သင်ဟာ
အမတ်လောင်းပေလား
မျက်စိတစ်ဖက်စောင်းခဲ့ရဲ့။
ကမ္ဘာထဲမှာ ဆားခပ်တိုင်း ငန်မသွားတဲ့
အရာနှစ်ခုရှိလေရဲ့
ပင်ကိုယ်က ငန်နေတဲ့
ပင်လယ်ဖြစ်ပြီး
ပင်ကိုယ်က မပြောင်းတဲ့
အမှန်တရားတို့ဖြစ်ရဲ့။
စစ်လိုလားသူဟာ
အန်ကောဝပ်ဘုရားရှိခိုးကျောင်း
သိုးကျောင်းသားလေးနိုဗက်(စ်)
ဂျူးမလေး အက်စသာနဲ့
ပေါလ်တို့ ဖြစ်ကြတယ်။
ကမ္ဘာထဲမှာ
ငြိမ်းချမ်းရေးချစ်သူဟာ
ဟစ်တလာ
တင်နိုဟေကာနဲ့
မူဆိုလိုနီတို့ ဖြစ်ကြရဲ့။
ကမ္ဘာထဲမှာ
စာသင်ကျောင်းဟာ
ပျင်းဘွယ်ကောင်းရဲ့
ပန်းခြံဟာ
ချမ်းမြေ့ဘွယ်ကောင်းပြီး
ဘုရားရှိခိုးကျောင်းဟာ
တည်ငြိမ်လို့
အချိန်ဟာ
နာရီဒိုင်ခွက်ထဲ အကျဉ်းကျလို့
တို့တွေဟာ
ဒိုင်ယာရီထဲ နေထိုင်ကြတယ်။
လောကကြီးမှာ
လူဖြစ်ရတာလဲ
တကယ်တော့
စိတ်ညစ်ဖို့ကောင်းရဲ့
အိုနာဆစ်ဖြစ်ရတာလဲ
စိတ်ညစ်ဖို့ကောင်းရဲ့။
နစ်ဆင်ဖြစ်ရတာလဲ
စိတ်ညစ်ဖို့ကောင်းရဲ့။
မြန်မာပြည်မှာ
အပ်ချုပ်ဆိုင်လေးထောင်နိုင်ရင်
သင်ဟာ
လူရာဝင်ဆန့်မှာ အမှန်ပင်
ဝန်ကြီးချုပ်ရာထူးမှန်း
အောက်တန်းစာရေးလေးနဲ့သာ ကျေနပ်ရင်
ယန်းပေါလ်ဆတ် သီအိုရီကို
ဒုက္ခရှာလို့ သင် မမေးလိုပါနဲ့တော့
ဘယ်အရာမှစောင့်မနေ
ဖြစ်တာသွားခဲ့ပြီ။
ယနေ့
ကောင်းကင်မှာ တို့မြင်ရတဲ့
ကြယ်လေးတွေဟာ
မနေ့ကမြင်ရတဲ့ကြယ်လေးတွေ မဟုတ်ဘူးလေ။
ဒုက္ခတွေထဲ
စုန်းစုန်းမြုပ်ခဲ့လေပေါ့
အချစ်ကလေးရယ်
ပိုပြီးချစ်ကြစို့ရဲ့
တို့တတွေ။
ဘဝဟာ တို့လက်ထဲက မုန့်လေးပဲဖြစ်တယ်
တို့တွေဟာ
ဇာတ်လိုက်တွေဖြစ်ပြီး
ကမ္ဘာကြီးဟာ
ဖတ်ကောင်းတဲ့ဟာအုပ်တစ်အုပ်ဖြစ်ရဲ့
လရဲ့ဝိညာဉ်ဟာ
ငါ့ရင်ခုန်သံဖြစ်ရဲ့
ပျံသန်းတဲ့ငှက်ရဲ့
အာသာရမ္မက်အားခွန်ဟာ
ငါ့အိပ်မက်ဖြစ်ရဲ့။
မုန်တိုင်းဟာ
ငါ့ရဲ့ဈာန်ဖြစ်လို့မို့
ခေတ်ဟာ
ငါ့ကဗျာရဲ့ ဗီတာမင် ပရိုတိန်း ဖြစ်လေရဲ့
အချစ်ကလေးရယ်
မင်းမျက်ရည်တွေဟာ
ဂူစတီနာကို မသိခဲ့ဘူးနော်
ဂျွန် ၂၁ မှာ
ဖိနပ်သစ်လေးတစ်ရံဝယ်ခဲ့တယ်။

.
မောင်ချောနွယ်

Saturday, April 15, 2017

ရထား

ရထား (ကဗျာရှည်)



ရထား
====
အမြဲတမ်း နောက်ကျသူ နာရီအိုကြီးလို
အမြဲတမ်း နောက်ကျနေသူ နာရီအိုကြီးကို
တင်ဆောင်ကာ
ရထားထွက်ခဲ့ပြီ။
ကုန်းဘောင်ခေတ် ဘူတာကို
ထားခဲ့၊
အထီးကျန်ရဲတိုက်ကို
ထားခဲ့၊
ချည်မျှင်နဲ့ ရက်ထားတဲ့ အမရပူရမြို့ကို
ထားခဲ့၊
လေတွေနဲ့အိမ်ထောင်ရက်သားကျသူ
တောင်သမန်အင်းကို
ထားခဲ့၊
သားပျက်ကျသူ သပြေတန်းကို
ထားခဲ့၊
စစ်ပင်ကြီးကိုင်းပြီး တံတားဖြစ်နေတာကို
ထားခဲ့၊
ရထားလာခဲ့ပြီ။
လောကီကြောင်းသမားလေး ရထားလေ
ရထားသွားမှာက
မြစ်မောင်နှံ သစ္စာထားတဲ့အရပ်၊
အဲသည်မှာက
နေဟာလည်း မျက်ဖြူလန်လို့၊
အဲသည်မှာက
တချို့မြစ်တွေဟာလည်း
အနားယူလို့ပေါ့။
အဲသည်မှာက
တောင်ခိုးနဲ့တိမ်တွေ
လင်ခန်းမယားခန်း အနေအထိုင်တွေကလည်းရှိ၊
အဲသည်မှာက
လဟာပြင်
တောင်တန်းနဲ့မြူတွေ
လူလိုသူလို အနေအထိုင်တွေကလည်းရှိ၊
အဲသည်မှာက
အောင်မြင်စွာ ဆုတ်ခွာခြင်းနဲ့ ကမ္ဘာကျော်ခဲ့
ခုတော့ မုဆိုးမလေးဘ၀ရောက်ရသူ
ကမ္ဘာကျော် လီဒိုလမ်းမလည်းရှိ၊
အဲသည်မှာက
ကမ္ဘာမြေ ရင်ဘတ်ထဲက အသည်းနှလုံးဟာ
အစိမ်းရောင် အသွေးအသားရှိ
သခင်ရှာ သခင်ရှားတဲ့ ရတနာတွေ ဘာတွေဖြစ်
အဲသည် ရတနာတွေက
အပျိုဖော်ဝင်ကြ
အပျိုသွေးကြွကြ
ရည်းစားသနာထားကြ
(ကမ္ဘာနဲ့ လူသားနဲ့ပေါ့)
ပြီး -
လင်ယူကြ သားမွေးကြ
မြွေတွေ တွင်းဝင်ဖြောင့်သလို
လျောခနဲ၊
ကြောင်တွေ ပေါ့ပါးသလို ပေါ့ပါးကြ၊
ဆင်တွေလို ခွန်အားဗလ ပြည့်ဝကြတာလည်း
ရှိသပေါ့၊
အဲသည်မှာ
လောကဓံတရားကလည်း ဂျပ်ခုတ်ပုဆိုးယက်နေသမို့
ရထားဟာ
အဲသည်ကို ချစ်တယ်ပေါ့၊
ရထားက
အဲသည်ကို စွဲလမ်းတယ်ပေါ့ ၊
ရထားက
အဲသည်မှာ ပျော်တယ်ပေါ့ ၊
ရထားရင်ခေါင်းထဲ
ဘယ်လိုရာသီဥတု ရောက်နေသလဲ
လူတွေ လူတွေ
မသိကြချေဘူး၊
ရထားအပေါ် ဗိုလ်ကျစိုးမိုးပြီး
ကိုယ်လိုရာခရီး ရောက်ဖို့ပဲ
စိတ်တွေ
စောနေကြ
ရထားလာခဲ့ပြီလေ။
ရထားပေါ်မှာ
ဗုံသံတွေထဲ
ကျွံကျခဲ့သူ လူငယ်တစ်ယောက်လည်းပါရှိ၊
အဲသည်လူငယ်က ဖြားယောင်းခဲ့လို့မို့
ဆရာဝန်ဘ၀ မေ့ခဲ့ရသူ
ကောင်မလေးတစ်ယောက်လည်းပါရှိ
ရထားတွဲတစ်တွဲလုံး
ငေါက်ငမ်းသူလည်းပါရှိ၊
နွားပွဲပြန် အရက်မူးတောသား
စကားတဖောင်ဖောင်လည်းပါရှိ၊
မြို့တစ်မြို့လုံး
ဝယ်ချမ်း စားသောက်ခဲ့သူလည်းပါရှိ
ဆယ်ဘ၀ပြောင်လည်း
သစ္စာမရနိုင်သူလည်းပါရှိ
အရက်မသောက်လိုက်ရတဲ့
မြို့တစ်မြို့လည်းပါရှိ၊
“ငွေကို ရေချိုးချမှ ရောဂါပျောက်တယ်ဗျ” လို့ပြော
ပြီး
အမှန်တကယ်
နလန်ထလာသူလည်း ပါရှိ၊
ကားလည်းမရှိ အိမ်လည်းမရှိ
အင်္ကျီလည်းမရှိ
မရှိသူလည်းပါရှိ
မကောင်းမပြောချင်ပေမယ့်
ပြောလိုက်မိပါရဲ့
သုံးလင်ပြောင်းလိုက်တဲ့ မိန်းမလည်းပါရှိ၊
သုံးကျောင်းပြောင်းတဲ့ ရဟန်းလည်းပါရှိသပေါ့၊
ဘယ်တောဝင်ဝင်
ဘယ်တောင်တက်တက်
အရောင်မပြောင်းဘူးဆိုတဲ့
ကင်းလိပ်ချောလည်းပါရျှိ
ကိုယ်ကျိုးစွန့်သူ
သူဆင်းရဲသားလေးလည်းပါရှိ
ဒေသထွက် ရာသီစာလေးတွေလည်းပါရှိ
ကမ္ဘာသုံး ဘာသာစကားပြောတတ်ရုံနဲ့
အနုပညာရပြီလို့
ဘ၀င်မြောက်နေတဲ့သူလည်းပါရှိ
ကြေးစားဘ၀မှာ နူဝဲသူနဲ့
သူ့ရဲ့ကိုယ်နံ့လည်းပါရှိ
မုဆိုးခြုံက မယားနဲ့ကွဲနေသူလည်းပါရှိ
နွားခိုးဘိန်းစားနဲ့ ဘုရားတကာလည်း
ပါရှိခဲ့တယ်ပေါ့
ရထားလာခဲ့ပြီ။
ရေနစ်နေတဲ့ ကျောက်ခဲရဲ့
တသွင်သွင် မျက်ရည်လည်းပါရှိ
ခါးတောင်းကျိုက်ပြုတ်ကျတဲ့
ချောတိုင်တက်သမားလည်းပါရှိ
ရထားဟာ
ကုန်သည်လေမှန်တွေကိုလည်း
သယ်ဆောင်လာခဲ့ရ
ရထားဟာ
ရွှေဘိုမြင်းပေါက်စတွေကိုလည်း
သယ်ဆောင်လာခဲ့ရ
ရထားဟာ
ကြက်ခြင်းနဲ့ကြက်ခြင်းထဲက ကြက်တွေကိုလည်း
သယ်ဆောင်လာခဲ့ရ
ရထားဟာ
သဲကန္တာရ အသွင်ပြောင်း နေထိုင်တဲ့
ပင်လယ်ကိုလည်း
သယ်ဆောင်လာခဲ့ရ
ရထားဟာ
မြို့အရက် တောအရက်တွေကို
အားပေး သောက်သုံးခဲ့ရ
သယ်ဆောင်လာခဲ့ရ
ရထားဟာ
ညအနေအထိုင်နဲ့ နေ့တွေကို
သယ်ဆောင်လာခဲ့ရ
ရထားဟာ
သူဖြတ်ကျော် နင်းမိသမျှ
တံတားတွေကိုလည်း
သူပြန်တင်ဆောက်လာခဲ့ရ
ရထားဟာ
သူကြည့်မိသမျှ
ရှုမျှော်ခင်းတွေ
အဲသည် ရှုမျှော်ခင်းတွေကိုပါ
သူပြန်တင်ဆောင်ခဲ့ရ
ရထားဟာ
သူ့ခေါင်းပေါ်က
ကိလေသာတိမ်တိုက်တွေကိုလည်း
တင်ဆောင်လာခဲ့ရ
ရထားဟာ
သူ့အောက်က
သိမ်ငယ်စိတ်မွေးတဲ့ ချောင်းပေါက်စတွေကိုလည်း
တင်ဆောင်လာခဲ့ရ
ရထားဟာ
သူ့ဘေးဝဲယာက
လောကပါလ တောင်တန်းတွေကိုလည်း
တင်ဆောင်လာခဲ့ရ
ရထားဟာ
လောကီကြောင်းသမားဆိုတော့
မိုင်းမနင်းမိအောင်လည်း
ခမျာမှာ သတိကထားရသေးသပေါ့၊
ဒါပေမယ့်
ရထားလာခဲ့ပါတယ်။
သည်လိုနဲ့
ရထားဟာ
ရုပ်ရည် သနားကမားမြို့တွေ
ချိုင်းချွေးစော်နံတဲ့ အိုးအိမ်တိုက်တာတွေ
အသံကောင်းတဲ့ တောအုပ်တွေ
အမြဲစိမ်းတောနဲ့ ရွက်ကြွေတော
ကိုယ်လက်နှီးနှောကြ ဒေသတွေ
ဖားတို့ရဲ့ သြဂတ်စတာ လယ်ကွင်းတွေ
သစ်ခုတ်သမား လက်စွမ်းပြ
တောပြောင်ပြောင်တွေ
ပေါင်မုန့်မီးကင်ထားသလို
မြို့တွေ
မုန့်လေပွေလို ရွာတွေ
ရထားဟာ
ဘဏ်စာရေးတစ်ယောက် ငွေတွေရေတွက်သလို
တစ်မြို့ပြီး တစ်မြို့ ရေတွက်
တစ်ခုပြီးတစ်ခု ရေတွက်
တစ်တောင်ပြီးတစ်တောင်ရေတွက်
အားလုံးကို ရေတွက်
ရထားခရီးဆက်ခဲ့တယ်ပေါ့။
သည်လိုနဲ့
ရထားဟာ
နဘားဆိုတဲ့
အပ်နဖားပေါက်ကလေးတစ်ပေါက်မှာ
မျက်နှာသစ်ပြီးတဲ့နောက်
ရှေ့ခရီးဆက်မယ်လို့
ရေထိတဲ့ကြောင် အမွှေးခါသလို
သူ့ကိုယ်ကို လှုပ်ခါလိုက်ချိန်မှာ
နှစ်သုံးဆယ်လုံးလုံး ပျောက်ဆုံးနေတဲ့
မြို့တစ်မြို့
ဘီးလှိမ့်စ ရထားပေါ်
ဖျတ်ခနဲ ခုန်တက်လိုက်ပါ
ရထားပေါ် ရထားပါလာခဲ့တာကိုပဲ
ရထားပေါ် ရထားတင်ခဲ့ရတာကိုပဲ
ရထား
စိတ်ပျက်ခဲ့တယ်
ရထားလာခဲ့ပြီ။ ။

မောင်ချောနွယ်
၁၉၉၀

Friday, April 14, 2017

“သင်္ကြန်ဆိုတာ ပြောင်းလဲခြင်းပါ”

“သင်္ကြန်ဆိုတာ ပြောင်းလဲခြင်းပါ”
•••••••••••••••••••••••••••••••••••••••
မြန်မာတို့ပြောကြတဲ့ “သင်္ကြန်”ဆိုတာ “သင်္ကန္တပုဒ်”မှ
ဖြစ်ပေါ်လာတာပါ။ “သင်္ကန္တ”ဆိုတာ “ပြောင်းခြင်း”လို့
အဓိပ္ပာယ်ရတယ်။

ဒီကနေ့လူသားအများစုကတစ်နှစ်မှ တစ်နှစ်သို့
(နှစ်ဟောင်းမှနှစ်သစ်သို့) ပြောင်းတာကို
သင်္ကြန်(သင်္ကန္တ)လို့ အဓိပ္ပာယ်ယူကြတယ်။
သင်္ကြန်ရဲ့အဓိပ္ပာယ်ကို အဲဒီလောက်ပဲ
ဖွင့်ဆိုယူဆတာ မလုံလောက်ဘူး။

ဒီသင်္ကန္တပုဒ်ထဲမှာ လောကဓမ္မနှစ်ဋ္ဌာန
ရှုထောင့်ကကြည့်လျှင် မွန်မြတ်တဲ့
အဓိပ္ပာယ်တွေ အများရရှိနိုင်ပါတယ်။

ဥပမာ . . .
■“လောဘ”ဆိုတာ တရားသဖြင့်ရော၊
မတရား သဖြင့်ပါ ရချင်ယူချင်တဲ့စိတ်ဖြစ်တယ်။
အဲဒါကို “အလောဘ”သို့ပြောင်းလိုက်လျှင်
“ပေးကမ်းခြင်း၊ဝေငှခြင်း၊ ထောက်ပံ့ခြင်း”ဆိုတဲ့
အကောင်းတရားတွေ ထွန်းကားလာမှာပေါ့။

■“ဒေါသ”ဆိုတာ
“သတ်ဖြတ်နှိပ်စက်တဲ့စိတ်ဓာတ်”ဖြစ်တယ်။
အဲဒီစိတ်ကို “မေတ္တာ”သို့ပြောင်းရမှာဖြစ်တယ်။

■“မောဟ”ဆိုတာကတော့ အကြောင်းအကျိုး၊
အကောင်းအဆိုး၊ အမှားအမှန်ကိုမသိတတ်တဲ့
မိုက်မဲတွေဝေမှု (Delusion) ဖြစ်တယ်။
အဲဒီ(Delusion) တွေက အ၀ိဇ္ဇာပဲ။
အ၀ိဇ္ဇာလွှမ်း တဲ့ကမ္ဘာဟာ “အကန်းကမ္ဘာ”ပေါ့။
မြတ်ဗုဒ္ဓက “သစ္စာကိုမသိတဲ့ ကမ္ဘာ”ဟာ
“အကန်း ကမ္ဘာ”လို့မိန့်တယ်။
အဲဒါကြောင့် “အ၀ိဇ္ဇာ”ကို “၀ိဇ္ဇာ”သို့ပြောင်းရမယ်။

အဲဒီပြောင်းခြင်းဟာ အကောင်းဆုံးသော၊
အမွန်မြတ်ဆုံးသောပြောင်းခြင်းမို့လို့
“မွန်မြတ်တဲ့သင်္ကြန်အစစ်”ဖြစ်တယ်။

ရေလောင်းတာက အရေပြားပေါ်က
အညစ်အကြေးတောင် အကုန်မစင်ဘူး။
တိတ္ထိ၊ ပရဗိုဇ်တွေဂင်္ဂါနဲ့ယမုန်နာမှာ
ရေစိမ်ကြတယ်။ ရေချိုးကြတယ်။
ကိလေသာကို ရေဆေးတယ် လို့ပြောကြတယ်။
“ဘာကိလေသာ” အညစ်အကြေးမှ
စင်ကြယ်သွားတယ်လို့ မရှိကြပါဘူး။

အဲဒါကြောင့် “သင်္ကန္တ”ဆိုတဲ့ ဒီစကားအရ
အမြတ်ဆုံးသော ပြောင်းလဲခြင်း ဖြစ်အောင်
❦လောဘကို ဒါနသံဝိဘာဂ သို့လည်းကောင်း၊
❦ဒေါသကို မေတ္တာ သို့လည်းကောင်း၊
❦အ၀ိဇ္ဇာကို ၀ိဇ္ဇာ သို့လည်းကောင်း
ပြောင်းနိုင်အောင်ပြောင်းကြပါ။

အဲဒါ “တကယ့်သင်္ကြန်”အစစ်ပဲ။
သင်္ခတ ရုပ်၊ နာမ် အားလုံးတို့ဟာ
ခဏတိုင်း ပြောင်းလဲနေကြတယ်။
တစ်နှစ်မှ တစ်ခါ ပြောင်းတာမဟုတ်ဘူး။
အဲဒီသင်္ကန္တတရားတို့၏ ခဏတိုင်းပြောင်းနေတာကို
မြင်အောင်ကြည့်နိုင်ကြလျှင် လူသားတွေဘဝ
ဒုက္ခမှ “သုခအစစ်”သို့၊ သန္ထိ နှင့် ၀ိမုတ္တိ သို့
ပြောင်းလဲရောက်ရှိနိုင်ကြမှာဖြစ်ပါတယ်။
လူသားအားလုံး ပြုပြင်နိုင်ကြပါစေကုန်သတည်း၊
ပြောင်းလဲနိုင်ကြပါစေကုန်သတည်း။ ။
“အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့၊ သန္ထတ္တမှ သန္ထိသို့”
“သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ”
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【ဒေါက်တာအရှင်ဉာဏိဿရ (Ph.D,D.Litt)
အဂ္ဂမဟာပဏ္ဍိတ၊သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
အဓိပတိဆရာတော်】
Posted by
www.facebook.com/youngbuddhistassociation.mm
[“လွတ်လပ်စွာ Share နိုင်ပါသည်။
ပေ့ခ်ျများအနေဖြင့်၊ Blog များအနေဖြင့်
share မည်ဆိုရင် စာရေးသူ ဆရာတော် အမည်နဲ့
စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association ကို
credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”]
(✦“ရိုးသားမှုသည် တခါတရံ၌ ရှုံးနိမ့်စေတတ်၏။
သို့သော် တစ်သက်လုံးကား
လိပ်ပြာလုံစေတော့၏။။”✦)

မောင်ချောနွယ်သို့ အင်တာဗျူး (၃)

မောင်ချောနွယ်သို့ အင်တာဗျူး (၃)


မောင်ချောနွယ်သို့ အင်တာဗျူး (၃)

မေးသူ = မောင်သင်းခိုင်
ဖြေသူ = မောင်ချောနွယ်
------------------------------------

ကိုချောနွယ်ရေ ခင်ဗျားနဲ့ကျွန်တော်နဲ့က ပြောစရာ
ဆိုစရာမလိုတဲ့ ပုဂ္ဂိုလ်တွေ၊ နှစ်ပေါင်း နှစ်ဆယ်ကပေါ့။
ကျွန်တော်လည်း ခင်ဗျားသိတဲ့အတိုင်းပဲ တတ်အား
သမျှ ၇၀-ခုနှစ်က ကဗျာဆရာတွေ၊ ကဗျာရေးဖော်
တွေကို ဆွေးနွေးခဲ့တယ်။ အင်တာဗျူးဆိုတာထက်
စကားပြောတယ်ဆိုတာက ပိုပြီးမှန်တယ်ပေါ့။
အဲတော့… ခင်ဗျားကို ကျွန်တော်ပြောချင်တာကြာပြီ။
ပြောသင့်တယ်လို့ ထင်တာလည်းကြာပြီ။ အခါအခွင့်
အနေနဲ့ ခင်ဗျားနဲ့ကျွန်တော် တေ့လွဲလေးလွဲပြီး
ခင်ဗျားက ပြည်ရောက်၊ ကျွန်တော်က ပျဉ်းမနား
ရောက်နဲ့ ဟိုရောက်ဒီရောက်မဆုံကြဘူး။ ခုဆုံတဲ့အခါ
လူငယ်ကဗျာဆရာမိုးဃ်ဇော်၊ သမိုင်းတင်နဲ့ မှတ်တမ်း
တင်သူ မောင်လှကိုတို့လည်း ရှိကြတယ်။ ကျွန်တော်
အရင်ကပြောတဲ့အခှါQuestion တွေ ပေးပေးပြီး
မေးတယ်။ ခု ခင်ဗျားနဲ့ကျွန်တော်ကတော့ On the
spot ပြောခဲ့တယ်။ ဟုတ်ပြီ၊ ကိုချောနွယ် ကျွန်တော်
ခင်ဗျားရဲ့ကဗျာခေါင်းစဉ်ကို သဘောကျတယ်။
မောင်ချောနွယ် အတု။ ဟုတ်ပြီ၊ ခု စကားပြောမှာ
မောင်ချောနွယ် အတုနဲ့လား၊ အစစ်နဲ့လား။

ကျွန်တော် မောင်ချောနွယ် အတုလည်းဟုတ်ပါတယ်။
အစစ်လည်းဟုတ်ပါတယ်။ အတုဆိုတာကတော့
ကျွန်တော် ခေတ်ကို ဖြတ်သန်းတဲ့အခါကျ အတု
စကားလည်း ပြောရမှာပေမပေါ့ဗျာ။ အစစ်စကား
လည်း ပြောရပေမပေါ့ဗျာ။ ကိုသင်းခိုင်နဲ့ကျွန်တော်က
တော်လှန်ကဗျာတုန်းကလည်း အတူတူ၊ ၁၉၆၈-၆၉
က တွေ့ဆုံလာခဲ့တဲ့ ကျွန်တော် ချစ်ခင်လေးစားသော
ကျွန်တော့်ရဲ့အစ်ကိုပါပဲ။ အဲလိုဘဝမျိုးတွေနဲ့ ကျွန်
တော်တို့ဟာ နှစ်ပေါင်းအစိတ်တိတိ ကဗျာအလုပ်
တွေကို ဘဝတစ်ခုလုံးပုံအောပြီး လုပ်လာခဲ့တဲ့လူတွေ
ချည်းဖြစ်တဲ့အတွက် ကျွန်တော်က ပိုမိုပြီး ကောင်း
ကောင်းမွန်မွန် လှလှပပပြောရမယ်ဆိုတာ ကျွန်တော်
သိတယ်။ နောက် ကျွန်တော် ပြောရမှာကတော့
ကျွန်တော် ပြောရမယ့်ကိစ္စတွေက အမှန်တွေပါပဲ။
ကျွန်တော်တို့ အတင်းမပြောဘူး။ မပုတ်ခတ်ဘူး။
ကျွန်တော်တို့ဖြတ်သန်းခဲ့တဲ့ အမှန်တွေပဲ ပြောချင်
တယ်။ ကဗျာအကြောင်းကိုပဲ ဖြစ်ဖြစ်၊ အနုပညာ
အကြောင်းကိုပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင် ကမ္ဘာမြေကြီး
အကြောင်းကို ဖြစ်ဖြစ်၊ ကျွန်တော်တို့ သူငယ်ချင်း
အကြောင်းတွေပဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့ ခေတ်ကြီး
အကြောင်းကိုပဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့ ဒီနေရာမှာ
တိတိကျကျပဲ ကျွန်တော်တို့ ပြောကြမယ်။ ခင်ဗျား
Sure ဆိုတော့ ကျွန်တော်ကလည်း Pure ဖြစ်
တယ်။ အားလုံး ကျွန်တော်တို့နှစ်ယောက်ဟာ Poor
မဟုတ်ဘူး။ တကယ်တော့လည်းဗျာ… ကဗျာဆရာ
ဆိုတာ ကန်စွန်းရွက်ကလေးတွေစားပြီး အသက်ရှင်
လာကြပေမယ့် အနုပညာမှာတော့ Poor မဟုတ်
ဘူး။ Sugar တွေပါ။ ကဗျာဆရာကို ဘယ်သူမှ
သတ်လို့မရဘူး။ ကဗျာဆရာဆိုတာ သမိုင်းကဆင့်
ခေါ်လို့ ရောက်လာကြသူတွေလို့ ကိုသင်းခိုင် လက်ခံ
သလား။

လက်ခံတယ်။ အငြင်းပွားစရာမရှိတဲ့ကိစ္စတစ်ခု ဖြစ်
တယ်။ ဟုတ်ပြီ၊ အဲဒီတော့ ခင်ဗျားကို ကျွန်တော်က
ခင်ဗျားရဲ့ ဖြတ်သန်းမှု၊ ကျွန်တော်နဲ့ဆုံခဲ့တဲ့ (၁၉၆၈-
၆၉) အဲဒီကစပြီး ကျွန်တော်လည်း မိုးဝေက (၇၀)
ခုနှစ် ထွက်သွားပြီးနောက်ပိုင်း ခင်ဗျားနဲ့ ကျွန်တော်
မတွေ့ခဲ့တာ နှစ်ပေါင်းများသွားပြီ။ ပြန်လည်ဆုံဆည်း
ခဲ့တာ ၁၉၈၀-နောက်ပိုင်းမှ ပြန်ပြီးတွေ့ရတာ။ ဟုတ်ပြီ၊
၁၉၆၉-၇၀ ကျွန်တော်နဲ့ကင်းကွာခဲ့တဲ့ အချိန်ကစပြီး
ခင်ဗျားရဲ့ဖြတ်သန်းမှုကို ကျွန်တော် ကြားချင်သလို
လူငယ်တွေလည်း ကြားချင်လိမ့်မယ်။ အဲဒါကို ခင်ဗျား
ရင်ထဲရှိသမျှ အိပ်သွန်ဖာမှောက် ပြောပြပါ။

ကိုသင်းခိုင်ရေ…၊ ခင်ဗျားဟာ ၆၉-၇၀ ပြောပေမယ်လို့
ကျုပ်က ၆၂-ကပဲ စရလိမ့်မယ်။ ၁၉၆၂-ခုနှစ်မှာ
တော်လှန်ရေးကောင်စီအစိုးရ တက်တယ်ဗျာ။
၁၉၆၂-မှာ တွံတေးသိန်းတန် တက်တယ်ဗျာ။ ၁၉၆၂-
မှာ တက္ကသိုလ်ဘုန်းနိုင် တက်တယ်ဗျာ။ ၁၉၆၂-မှာ
မောင်လေးအောင်ရဲ့ လကွယ်ည၊ မောင်လေးအောင်၊
မောင်ယဉ်မွန်ရဲ့ လကွယ်ညကဗျာ ထွက်တယ်ဗျာ။
အဲဒီအချိန်မှာ ဝင်းဦးလည်း မင်းသားဖြစ်တယ်ဗျာ။
အဲဒီအချိန်မှာ ခင်သန်းနုလည်း ပြည်ထောင်စုမယ်
ရသပေါ့ဗျာ။ အဲဒီက ကျွန်တော် စရလိမ့်မယ်။
ကျွန်တော်တို့ ကဗျာဘက်၊ လကွယ်ည ကဗျာများပေါ့
ကိုသင်းခိုင်ရယ်။ ကျွန်တော်တို့ ကဗျာဘက်ကျတော့
ဘယ်သူမှ မျက်နှာလှည့်မကြည့်ခဲ့ပါလားဗျာ။ အဲဒီ
နာကြည်းချက် ကျွန်တော့်ဘက်မှာ အတိအကျရှိတယ်
ကိုသင်းခိုင်ရေ။ ကျွန်တော် ၁၉၆၈-လောက်တုန်းက
ကျွန်တော့်ဘဝမှာ ပထမဦးဆုံးမြင်ဖူးတဲ့ ကဗျာဆရာ
က မောင်လေးအောင်တဲ့ဗျာ။ ကိုလေးအောင်ကို ၂၇-
လမ်းမှာ ကျွန်တော် စတွေ့ခဲ့တာပေါ့။ ကိုသင်းခိုင်ရေ၊
အင်မတန် ရည်မွန်ယဉ်ကျေးတဲ့ အမျိုးကောင်းသား
ကြီးပေါ့ဗျာ။ ကိုလေးအောင်ဆိုတဲ့ ကဗျာဆရာ။ သူ့ကို
စတွေ့တော့ ကဗျာဆရာအစစ်ကို ကျွန်တော် တွေ့
လိုက်ရတယ်လို့ ကျွန်တော် ခုချိန်ထိ၊ သေသည်အထိ၊
ခံစားလို့ရတဲ့ ကဗျာဆရာဆိုတာပေါ့။ ကျွန်တော်က
ခပ်ငယ်ငယ် ခပ်ရွယ်ရွယ်၊ ကျွန်တော့်ဦးလေးဖြစ်သူ
ကိုအောင်သန်းနဲ့ အတူတူလာတဲ့ ကိုလေးအောင်ပေါ့။
ဒါပေမဲ့လို့ ဒီလိုယဉ်ကျေးမှု၊ သိမ်မွေ့မှု၊ အမျိုးကောင်း
သားဆန်မှုဆိုတာတွေကို ကိုလေးအောင်မှာ စတင်
တွေ့ရှိခဲ့ဖူးပါတယ်။ ဒုတိယ ကျွန်တော်တွေ့ရှိ ခဲ့သူက
တော့ ကိုသင်းခိုင်၊ ခင်ဗျားပဲ။ ကဗျာဆရာဘဝကြီးမှာ
အတိအကျနေထိုင်လို့။ အတိအကျ ရင်းပေးလို့။ ဒီနေ
ရာမှာပဲ အသက်ကြီးသွားမယ်။ ဒီနေရာမှာပဲ အသက်
အသေခံပေးလိုက်မယ်။ ဒီနေရာမှာပဲ ဆံပင်အဖြူခံ
ပေးလိုက်မယ်ဆိုပြီးတော့ ခင်ဗျားနေထိုင်တဲ့ ကိစ္စကြီး
ကိုလည်း သိခဲ့ရသပေါ့ဗျာ။ အဲဒါနဲ့ ကိုလေးအောင်
အကြောင်း ကျုပ်က ပြန်ဆက်ပါရစေ။ အဲလို ၂၇-
လမ်းမှာ ကိုလေးအောင်နဲ့တွေ့တဲ့အခါ စကားပြော
ကြည့်တဲ့အခါကျတော့ သူ့ရဲ့ယဉ်ကျေးမှုတွေ၊ သိမ်မွေ့
မှုတွေ၊ သူ့ရဲ့နူးညံ့မှုတွေဖြစ်တဲ့အခါကျတော့ သြော်…
ကဗျာဆရာဆိုတာ ဒီလိုပါလားလို့ ကျွန်တော် သိခဲ့ရ
တယ်ဗျာ။ အဲလို သိခဲ့ရတယ်လို့ ကျွန်တော် ခုလိုပြော
တဲ့အတွက် ကျွန်တော်ဟာ ညံ့တယ်ဆိုရင်လည်း
ကျွန်တော် ခံသွားပါ့မယ်။ ကိုလေးအောင်ဟာ တကယ့်
ကဗျာဆရာအစစ်ပါဗျာ။ အဲဒီအချိန်တုန်းက ကျွန်တော်
တွေ့ခဲ့ရတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ၁၉၆၈-
ဆိုတော့ဗျာ၊ ကျွန်တော်က ဆယ်တန်းကျောင်းသား
လေးပေါ့။ ကျုပ်မှာ တကယ်ပါဗျာ။ အနုပညာဆိုတာ
တော့ ကျုပ်ဘဝရဲ့ ကံနာဝဋ်နာကြီးပါပဲ။ ခုကျတော့
ဒီစကားမျိုးပြောပြီပေါ့လို့ မပြောကြပါနဲ့ဗျာ။ ဘဝတစ်ခု
လုံး ပုံအောပြီးတော့ ဒီကဗျာဆိုတဲ့ ငွေကြေးနဲ့လည်း
မပတ်သက်၊ အောင်မြင်ကျော်ကြားမှုနဲ့လည်း မပတ်
သက်တဲ့၊ ဒီကဗျာပေါ်မှာ အောခဲ့ရတဲ့လူဆိုတော့
ကျုပ်က ဒီစကားကို ပြောရမှာပေါ့။ ကိုသင်းခိုင်စဉ်းစား
ကြည့်ဗျာ။ ကဗျာဆရာဆိုလို့ မြန်မာပြည်မှာ ဘယ်သူ
ကမှ ကြောက်မသွားဘူး။ ဘယ်သူမှ လေးစားမသွား
ဘူး။ ဘယ်သူကမှ တန်ဖိုးမထားဘူးဆိုတဲ့ ကြားကြီး
ထဲမှာ ကျုပ်တို့က နှစ်အစိတ်လောက်နော်၊ ကိုယ့်ရင်
ဘတ်နဲ့ကိုယ် လယ်ထွန်ပြီးတော့၊ ကိုယ့်ရင်ခေါင်းကြီး
နဲ့ကိုယ် လယ်ထွန်ပြီးတော့ ဒီတိုင်းပြည်ကြီးကိုဖြတ်၊
ဒီကဗျာတွေကို စပ်ခဲ့ရတဲ့ကောင်တွေပါဗျာ။ တကယ်
တော့လည်း ကိုသင်းခိုင်ရယ် ဘဝတွေ... ဘ၀တွေ...
ကိုယ်ပြုသမျှ ကိုယ်ပြုစုပျိုးထောင်ခဲ့တဲ့ ကံအတိုင်း
ဖြစ်ခဲ့ကြတာချည်းပဲလို့ ကျုပ်က ဗုဒ္ဓဘာသာတရား
တော်အရ သိခဲ့တယ်။ ကျုပ်က ဒါပေမဲ့လို့ ဒီကဗျာ
ကြီးကိုတော့ စစ်စစ်မှန်မှန်ချစ်ခဲ့ရတာပါ။ ဟောဒီကမ္ဘာ
လောကကြီးမှာ ဘယ်သူက စစ်စစ်မှန်မှန် ချစ်ခဲ့သလဲ။
ကျုပ်က ဟောဒီကဗျာကို သေကောင်ပေါင်းလဲ ချစ်ခဲ့
ရတယ်။ ကျွန်တော် ချစ်ခဲ့ရတယ်။ ကျွန်တော်ချစ်တဲ့
ကဗျာအကြောင်းကို ကျွန်တော် ပြောနေတာနော်။
အနုပညာအကြောင်းပဲ။ အဲဒါဟာ ကဗျာပဲ။ အဲဒါ သိပ်
သေချာတဲ့ ကဗျာပဲ။ ထူးဆန်းတယ်ဗျာ။ အနုပညာဆို
တာ သိပ်ကို ထူးဆန်းတယ်။ ဘယ်လိုထူးဆန်းမှန်းကို
သိပ်ကို ကျုပ်က မသိခဲ့ဘူး။ ပျူခေတ်တုန်းကလည်း
ကျုပ် မသိခဲ့ဘူး။ AD ၄-ရာစုတုန်းလောက်ကလည်း
ကျုပ် မသိခဲ့ဘူး။ ဒါပေမဲ့လို့ အနုပညာဆိုတာ သိပ်ထူး
ဆန်းတယ်ဆိုတာကတော့ ကျုပ် ဒီဘဝမှာ သိခဲ့ပြီ။
တိတိကျကျကြီးကို သိခဲ့ပြီ။ တိတိကျကျကြီးကိုပဲ
ကျုပ်က အနုပညာကို ပေါင်းသင်းခဲ့ရပြီ ကိုသင်းခိုင်။
ဘယ်လောက်ထိ ဆိုးဝါးသလဲဆိုတော့ဗျာ။ ကဗျာဆို
တာက ကျုပ်ရဲ့ ထာဝရရန်သူပဲဗျ။ ထာဝရရန်သူလည်း
ဖြစ်သလို ယာယီမိတ်လည်းဖြစ်သလို ထာဝရချစ်သူ
လည်း ဖြစ်တာပေါ့ဗျာ။ (ဥဒါသိန်)တော့ ကျုပ်နဲ့မကျ
ဘူးလို့ နက္ခတ်စကားပြောလိုက်ရအောင်ထိ ကဗျာဟာ
ကျွန်တော့်ဘဝကြီးတစ်ခုလုံးကို သိမ်းပိုက်ပြီးတော့
နှိပ်ကွပ်သွားပါတယ် ကိုသင်းခိုင်ရယ်။ အဲဒီဘဝကြီးနဲ့
ကျွန်တော်ဟာ ဒီကဗျာကြီးကို ရေးခဲ့ရပါတယ်။ ဟုတ်
ပြီ။ ကျုပ်ဟာ တော်လှန်ကဗျာမှာလည်း ပါခဲ့တယ်။
မိုးဝေမှာလည်း ပါခဲ့တယ်။ မော်ဒန်မှာလည်း ပါခဲ့တယ်
လို့ပဲ ပြောကြပါစို့။ ပြောကြပါစို့လို့ ကျွန်တော်ပြောတာ
က ကျွန်တော် တကယ့်အမှန်တရားကို ညှိုးညှိုးမှိန်
မှိန်နဲ့ ပြောလိုက်တာပါ။ ကျွန်တော်ဟာ ဘဝမှာ ဖြစ်
ခြင်းဖြစ်ရင် ဘဝင်မမြင့်တဲ့သူရဲကောင်းတော့ ဖြစ်ခဲ့
ချင်ပါတယ်။ ဘဝမှာ မြို့မျက်နှာဖုံးသူဋ္ဌေးလည်း မဖြစ်
ချင်ဘူး။ မြို့မျက်နှာဖုံးသူဋ္ဌေးဘဝကိုလည်း မခံယူချင်
ဘူး။ ဖိနပ်လည်း မချုပ်ချင်ဘူး။ ဆိုက်ကားလည်း
မနင်းချင်ဘူး။ ကျွန်တော့်ရဲ့စိတ္တဗေဒနဲ့ ခန္ဓာဗေဒ နှစ်ခု
လုံးက ငြင်းဆိုခဲ့တယ်။ ကျွန်တော် ကဗျာကိုပဲ ချစ်ခဲ့
တယ်။ ကျွန်တော့်သွေးကြောထဲကို ဘုရားသခင်က
ကဗျာဆိုတာကို ပေးခဲ့တယ်။ ကျွန်တော့်အမေ မွေးက
တည်းက ပါလာခဲ့တယ်။ ကျွန်တော်ပြုခဲ့တဲ့ အတိတ်
ကံ၊ ကျွန်တော် ပြုစုပျိုးထောင်ခဲ့တဲ့ အတိတ်ကံကြောင့်
ပဲ ထင်ပါရဲ့။ ဒါကြောင့်လည်း အနုပညာကဗျာဆိုတာ
ကျုပ်ဘဝရဲ့ကံနာဝဋ်နာလို့ ကျုပ် အတိအကျပြောရ
တာပေါ့ ကိုသင်းခိုင်ရယ်။ ငယ်ငယ်တုန်းက ကိုသင်း
ခိုင်တို့၊ ကိုလေးအောင်တို့နဲ့ တွေ့ပြီးစပေါ့။ ကျုပ်အိမ်မှာ
လေ စာတန်းတစ်ခု ရေးထားတယ်။ အနုပညာနဲ့ပတ်
သက်ရင် အပ်ကျတာကအစ သိတယ်။ ဟောဒီကမ္ဘာ
လောကကြီးကို Operate လုပ်နိုင်တယ်။ တစ်ခုခုကို
ရရင် ကဗျာကို ချောင်ထဲလွှင့်ပစ်တဲ့ လူစားမျိုးမဟုတ်
လို့ ကျုပ်ကိုကျုပ် ကြည်ညိုတယ်။ ကျုပ်ဟာ ကဗျာ
ဆရာတစ်ယောက်အဖြစ် မွေးဖွားလာတာဖြစ်တယ်။
တစ်လောကလုံး ကျုပ်လုပ်စာ ထိုင်စားနေကြတာ
ချည်းပဲ။ ကျုပ်က ကဗျာဆရာလေ။ ဒီလောက်တောင်
ဆင်းရဲငတ်ပြတ်ပြီး လူနဲ့သူနဲ့မတူဖြစ်နေတာတောင်
ကဗျာတွေရေးနေရသေးလားဟဲ့လို့ အံ့သြတဲ့၊ နားမ
လည်တဲ့၊ သနားတဲ့၊ အဖေ အမေတွေနဲ့ ကျုပ်ညီမ
လေး မမမြင့်နဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်။
ကျုပ် ကဗျာဆရာဖြစ်ခဲ့ပြီ။ တစ်လောကလုံး ကျုပ်လုပ်
စာထိုင်စားနေကြတာချည်းပဲဆိုတဲ့ ကျုပ်ရဲ့ Menife
stoကို ကျုပ်သူငယ်ချင်းအောင်ချိမ့်က သူ့ရဲ့ ဂန္ထဝင်
မမမှာ ဖော်ပြခဲ့တယ်လေ။ Alexzenda Blockရဲ့
အများအကြိုက်ကို ပါးရိုက်လိုက်မယ်ဆိုတဲ့ Menife
stoကို သူ့ကဗျာစာအုပ်မှာ ရေးခဲ့တဲ့အချိန်မှာ ကျုပ်
ဟာကို ရေးခဲ့ပေမယ့် မောင်ချောနွယ်လို့ မဖော်ပြခဲ့တဲ့
အခါကျတော့ သုခမိန်လှိုင်က ဝင်လာပြီးတော့ ကျွန်
တော့်ဘက်က ထောက်ခံခဲ့တယ်။ ကိုသင်းခိုင်ရေ…၊
ကျုပ်တို့ကဗျာဟာ ဘယ်လောက်မှောင်ချခံရသလဲ
ဆိုတော့ သူငယ်ချင်းချင်းတောင် မှောင်ချခံခဲ့ရတယ်
ဗျာ။ အဲဒီလို ဘဝကြီးနဲ့ ဒီကဗျာကြီးကို ရေးခဲ့ရတာ
ပါဗျာ။ တကယ်တော့လည်း ကျွန်တော်က ကဗျာ
အတတ်ပညာတွေ၊ ကဗျာနည်းနာတွေ၊ ကဗျာခက်
ဆစ်တွေ သိလို့တတ်လို့ မဟုတ်ပါဘူး။ မနေနိုင်လို့
မွေးရာပါအကြောကြီးကြောင့်သာ ကျုပ် ကဗျာတွေ
ရေးခဲ့ရတာပါဗျာ။ ကျုပ်က ကဗျာအတတ်ပညာတွေ
ဘာတွေမှာ တော်တော့်ကို ညံ့တဲ့ကောင်ပါ။ တစ်ခါ
တစ်ရံမှာတော့ ကျုပ် ပြန်ပြန်စဉ်းစားတယ်။ သြော်...
ဆတ်သွား...၊ သြော်... သစ္စာပန်းများနဲ့မေလ...၊
သြော်... နတ်တို့ ခိုးဝှက်ခြင်းခံရတဲ့ကဗျာ၊ ဒါတွေဟာ
ငါရေးတာမှဟုတ်ရဲ့လား၊ ကျုပ်ကိုယ်ကျုပ် သံသယ
ဖြစ်မိလောက်အောင်အထိ ကျုပ်က ဒီကဗျာတွေကို
ကြောက်ကြောက်လန့်လန့်နဲ့နော် စွန့်စွန့်စားစားနဲ့
ရေးခဲ့ချစ်ခဲ့ရပါတယ်။ သိပ်ထူးဆန်းတယ်။ အနုပညာ
ဆိုတာ သိပ်ထူးဆန်းတယ်။ ကျုပ်က ထူးဆန်းအံ့ဘ
နန်းတွေကို ကြုံခဲ့ရတဲ့အနုပညာသည် တစ်ယောက်
ပေါ့ဗျာ။ ဘယ်လိုထူးဆန်းသလဲဆိုတာတော့ ကျွန်
တော်လည်း ပြောမပြတတ်အောင်ပါပဲ။ ကျွန်တော်
ငယ်ငယ်ကရေးတဲ့ ဟောဒီကမ္ဘာလောကကြီးဟာတော့
ကျွန်တော့်ရဲ့တိုင်းပြည်ပဲ။ ကျွန်တော် အဲဒီတုန်းက
အင်္ဂလိပ်ဘာသာနဲ့ ကျွန်တော် ရေးခဲ့တယ်။ တတ်လို့
မဟုတ်ပါဘူး။ ကျွန်တော်ရေးခဲ့တာလေးတွေ ရှိပါ
တယ်။ The world is my country. My
country is my home. My home is my
poems. My poems are the truth.တဲ့။
ကမ္ဘာကြီးဟာ ကျုပ်တိုင်းပြည် ဖြစ်တယ်။ ကျုပ်တိုင်း
ပြည်ဟာ ကျုပ်အိမ်ယာဖြစ်တယ်။ ကျုပ်အိမ်ယာဟာ
ကျုပ်ကဗျာတွေဖြစ်တယ်။ ကျုပ်ကဗျာတွေဟာ အမှန်
တရားဖြစ်တယ်။ ဟိုတလောက မင်းဘူးမကွေးရောက်
တော့ လူငယ်တွေက ပြောကြတယ်။ မြတ်လေးဆိုတဲ့
ရုပ်ရှင်မင်းသားကြီးကလေ ဘယ်လိုပြောသလဲဆို
တော့ အဲဒီကဗျာတွေကို ငါ မသိဘူး။ ငါ နားမလည်
ဘူးတဲ့။ ဖြစ်ပုံကဗျာ၊ ပျက်ပုံကဗျာလို့ပဲ ပြောလိုက်ပါရ
စေတော့။ ဘာကြောင့်လဲဆိုတော့ အဲဒီမြတ်လေးကို
ထိုးပြတဲ့ကဗျာတွေကလည်း ကျုပ် ကဗျာတွေဖြစ်နေ
တယ်။ ကျုပ်ရဲ့ပင်မှည့်တေးပေါ့ဗျာ။ အပင်ပေါ်မှာ
သူ့အလိုလို မှည့်နေတဲ့ကဗျာတွေကို ကျုပ်ရေးခဲ့တာ
ပေါ့။ အဲဒါကို ကြိုက်လို့ဆိုပြီးတော့ မြတ်လေးကို
ထိုးပြတဲ့အခါကျတော့ ငါ မသိဘူး၊ ငါ နားမလည်ဘူး၊
အဲဒီအထိ ကျုပ်က မြတ်လေးကို လက်ခံပါတယ်။
(မင်းသားကြီး မြတ်လေးဗျာ၊ Artist ဗျာ၊ ရန်ကုန်
အရှေ့ပိုင်းသားကြီးဗျာ။) သိပ်လက်ခံတာပေါ့။ ကျုပ်တို့
သူ့ကြည့်ပြီးတော့ ကြီးပြင်းခဲ့ရတာတွေလည်း ရှိပေါ့
ဗျာ။ အဲဒီတော့ ပြောလိုက်ချင်တာက ဘာလဲဆိုတော့
ဟုတ်ပြီ ကိုမြတ်လေးရေ…၊ ခင်ဗျားက “ပင်လုံထိပ်
ထားဦး”ကို အားလို့ယားလို့များ ရိုက်ခဲ့သလားလို့။
ကျုပ်တို့ ကဗျာဆရာတွေက အားလို့ယားလို့ရေးနေ
တယ်လို့ ကိုမြတ်လေးက ပြောသွားတယ်။ ကျုပ်
လူငယ်တွေက အဲလို ကျုပ်ကို သတင်းပို့ကြတယ်။
အားလို့ယားလို့များ ကပြားမလေးဂိုယာရမ်ကို မြတ်
လေး မရေးခဲ့ပါဘူးဗျာ။ မောင်ချောနွယ်ကလည်း
ပင်မှည့်တေးတွေ၊ ဆတ်သွားတွေ၊ ကဗျာတွေကို
အားလို့ယားလို့ မရေးခဲ့ပါဘူးဗျာ။ တကယ့်တကယ်
မှာတော့ ကျုပ်တို့ကဗျာဆရာဆိုတာက သဂြုင်္ိဟ်စက်
ထဲ ကိုယ့်ဘဝကိုယ် ထိုးသွင်း၊ မီးပြာကျပြီး အခိုးအငွေ့
တွေ ထွက်လာတာကိုမှ ဘဝနဲ့အနုပညာကို ပြန်တည်
ဆောက်ရတဲ့ကောင်တွေဗျ။ မင်းတို့ကဗျာဆရာတွေက
အားလို့ယားလို့ ကဗျာတွေရေးနေရတယ်လို့ မြတ်
လေး ပြောခဲ့တယ်။ ကျုပ်က မြန်မာပြည်မှာ ကျော်
ဟိန်းကို Artist လို့ မြင်တဲ့ကောင် မဟုတ်ဘူးဗျ။
မို့မို့မြင့်အောင်ကို Artist လို့ မြင်တဲ့ကောင် မဟုတ်
ဘူးဗျ။ မြတ်လေးကို Artist လို့ မြင်တယ်။ အဲဒီ
Artist ကြီးက ကျုပ်တို့ကဗျာဆရာတွေဟာ အားလို့
ယားလို့ ကဗျာတွေရေးနေတယ်လို့ ပြောတဲ့အတွက်
မြတ်လေးဟာ တော်တော်အခြေအနေဆိုးပါလား။
ရောဂါအခြေအနေ တော်တော်ဆိုးတယ်လို့ ကျွန်တော်
က မှတ်ချက်ချလိုက်မိပါတယ်။ အဲဒီတော့… ကိုမြတ်
လေးရေ၊ ပြောလိုက်ပါရစေတော့၊ (ခရီးသွားဟန်လွဲ
လို့ပဲ ခင်ဗျား သတ်မှတ်ချင်လဲ သတ်မှတ်တော့၊)
ကျုပ်ကတော့ ပြောလိုက်ပါရစေတော့။ ခင်ဗျားဟာ
ကျုပ်တို့ မြန်မာ Size ရဲ့ ဖရန့်ဆီနာထရာ၊ ဂျွန်ဝိန်း၊
ဂျက်ပဲလင့်ခ်ျ၊ ခင်ဗျားက ဘယ်နေရာမှာ ယူမှာတဲ့တုံး။
ကျုပ်တို့ကတော့ အဲဒီနေရာမှာ ခင်ဗျားကို ထားပါ
တယ်။ အနုပညာဆိုတာ သိပ်ထူးဆန်းတယ် ကိုမြတ်
လေးရေလို့ပဲ ကျွန်တော် ပြောလိုက်ပါရစေတော့။
အဲဒီတော့ ကိုသင်းခိုင်ရေ၊ ကျွန်တော် ဆက်ပြီးတော့
ပြောပါရစေဦး။ ကိုသင်းခိုင်ရယ်… ကျုပ်တို့က တော်
လှန်ကဗျာကိုလည်း ရေးခဲ့ရ၊ မိုးဝေကဗျာခေတ်မှာ
လည်း ကဗျာတွေရေးခဲ့ရ၊ အခု မော်ဒန်ကဗျာလည်း
ကျုပ်တို့က ရေးခဲ့ရ။ ကဗျာကို ခုအချိန်ထိ ဆက်လက်
ရေးသားနေရတာပေါ့ဗျာ။ ပြည်လှဖေကြီး သီချင်းဆို
သလိုပေါ့ဗျာ။ ဟိုတုန်းက ပြည်လှဖေကြီးဆိုတာက
အုံ့ပုန်းချစ်ရယ်ဆိုတဲ့ သီချင်းတစ်ပုဒ်လောက်နဲ့
တိုင်းပြည်ကို ခါးစောင်းတင်သွားတဲ့ လူကြီးပေါ့ဗျာ။
တကယ်တော့ ပြည်လှဖေသီချင်းလို တပ်တော်ဦးဆီ
မျှော်လိုက်ပြန်တော့ ရဲတံခွန်တွေ၊ လေတံခွန်ကြား
ကြွားတလူလူဝေ…ဆိုတော့ ကျွန်တော်လည်း ခုချိန်
ကြည့်တဲ့အခါကျတော့ ကျုပ်တို့ထက် One Decde
ငယ်တဲ့သူတွေ၊ Two Decade ငယ်တဲ့ကလေး
တွေ၊ ကဗျာရေးခဲ့ကြတာ မြင်တဲ့အခါကျတော့ ကျုပ်တို့
ဟာ အနုပညာတပ်တော်ဦးက မျှော်လိုက်တော့ တပ်
မှူးတွေတော့ မဟုတ်ပါဘူးဗျာ။ ဒါပေမဲ့လို့ ကျုပ်တို့က
ဝမ်းသာတယ်။ ဝမ်းမြောက်တယ်ပေါ့ဗျာ။ ရဲတံခွန်တွေ၊
ကြွားတလူလူဝေ…ဆိုတော့ဗျာ၊ ကျွန်တော်တို့က
ကြည်နူးတာပါ။ ဒီကဗျာကို ကျွန်တော်တို့က လူငယ်
တွေရေးတာကို ကြားနာထိတွေ့၊ အဲဒါကြောင့် ကျွန်
တော်တို့က ကြည်နူးတာပါ။ ဗုဒ္ဓဘုရား ဟောသလိုပေါ့
ဗျာ။ ဘာလို့လဲဆိုတော့ကာ ကျွန်တော်တို့က စက္ခုံဥဒ
ပါဒိ၊ ပညာဥဒပါဒိ၊ ဥာဏာဥဒပါဒိ၊ အဲဒီလိုကြည့်ရမယ်။
သိရမယ်။ သတိထားရမယ်တဲ့။ အဲဒီလို ကျွန်တော်တို့
သတိထား၊ ကျွန်တော်တို့က လှမ်းကြည့်၊ လှမ်းမျှော်၊
လှမ်းတွေ့၊ ကိုယ်တိုင်လည်း အဲဒီလိုမျိုးထိတွေ့ဆိုတဲ့
ဘဝနဲ့ ကဗျာနဲ့ပတ်သက်လို့ ကျွန်တော်တို့က ကြည်နူး
ဝမ်းသာ မုဒိတာပွားရတာပေါ့။ အဲဒီလို မပွားခဲ့တဲ့သူ
တွေကလည်း မြန်မာပြည်မှာ ဒုနဲ့ဒေးရှိခဲ့ကြတဲ့ကြား
ထဲက ကျွန်တော်တို့က ကဗျာအပင်လေး ပေါက်လာ
တဲ့ဟာကို ကြည့်ရ၊ ရှုရ၊ ဝမ်းသာရ၊ ကြည်နူးရ၊ ပြုစုပျိုး
ထောင်ရ၊ ဘဝတွေနဲ့လာခဲ့ရတယ် ကိုသင်းခိုင်ရေ။
အဲဒီလို ကျုပ်တို့တိုင်းပြည်ထဲမှာ ကဗျာအပင်လေး
ပေါက်လာခဲ့ပြီ ကိုသင်းခိုင်ရေ။ ခေတ်စမ်းပြီးတော့
ခေတ်ပေါ်ပေါ့ဗျာ။ ကျုပ်ပြောရမှာလည်း ခေတ်စမ်းနဲ့
ခေတ်ပေါ်ရောက်ပြီပေါ့။ ကျုပ်တို့က ခေတ်စမ်းသမား
မဟုတ်ဘူး။ ခေတ်စမ်းသမားတွေကို မရှုတ်ချပါဘူး။
လေးစားပါတယ်။ သူတို့ထူထောင်ခဲ့လို့လည်း အများ
ကြီးရပါတယ်။ ထူထောင်ခဲ့တာလည်း အများကြီးရပါ
တယ်။ သူတို့ကောင်းခဲ့ကြပါတယ်။ ကျုပ်တို့ကတော့
ဟောဒီနံရံကြီးကို ခေါင်းနဲ့တိုက်ဖွင့်ပြီးမှ ကျုပ်တို့ရဲ့
ခေတ်သစ်ကဗျာကို ရေးခဲ့ရတာပါ။ ကျုပ်တို့ကဗျာသစ်
ရေးနဲ့ ကဗျာဆရာအသစ်ပေါ်ရေးကို ကျုပ်တို့ လုံ့လ
စိုက်ထုတ်ခဲ့တယ် ကိုသင်းခိုင်။ ဘယ်သူငြင်းမှာလဲ။
ဘယ်သူက ခုခံမှာလဲ။ ဘယ်သူက တိုက်ခိုက်မှာလဲ။
အကုန်လုံးကို ကျုပ်က အေးအေးဆေးဆေးပဲဗျာ။
ကျုပ်အတိတ်ကမ္မာဝါစာရကံအရ ကျုပ် ပြုစုပျိုးထောင်
ခဲ့တဲ့ကံအရ၊ ကျုပ်က ဒီဘဝမှာ ကဗျာဆရာဖြစ်လာရ
တာ။ ကဗျာဆရာဆိုတာ ဒုလ္လဘနှစ်ထပ်လောက်နဲ့နေ
တယ်ဗျာ။ ရဟန်းလည်း ရဟန်းသိက္ခာနဲ့ပေါ့ဗျာ။ လူ
လည်း လူ့သိက္ခာနဲ့၊ ကျွန်တော်တို့ ကဗျာဆရာတွေဆို
တာလည်း တကယ့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်
ရတဲ့အပိုင်းတွေအများကြီးရှိပါတယ်။ အကြီးအကျယ်
အတိဒုက္ခရောက်ခြင်း၊ အဲဒီကြားထဲမှ ချစ်မြတ်နိုးခဲ့ရတဲ့
ကဗျာကို ချစ်မြတ်နိုးလှစွာ သေတပန်သက်တစ်ဆုံး
ရေးသွားမယ်ဆိုတဲ့၊ ကျွန်တော်တို့ပြုစုပျိုးထောင်ခဲ့တဲ့
လက်ရှိကံတရား ရှိပါတယ်ဗျာ။ အဲဒီကံတရားကြီးနဲ့
ကျွန်တော်တို့က ဒီကဗျာကို တကယ့်ကိုပဲ မြတ်မြတ်
နိုးနိုးနဲ့ ရေးခဲ့ရပါတယ်။ ရင်ကိုရင်းချင်း JET PIN
ထိုးခဲ့ရပါတယ်ဗျာ။ ရင်ကိုရင်ချင်း JET PIN ထိုး
ခဲ့ရတယ်ဆိုပြီးတော့ ကိုသင်းခိုင်ကို တိုင်တည်ရတဲ့
အကြောင်းက တကယ်တော့လည်းဗျာ လူတစ်
ယောက်ရဲ့ရင်ထဲက နောက်လူတစ်ယောက်ရဲ့ရင်ထဲ
ကို ကျွန်တော်တို့က တိုက်ရိုက် JET PIN ထိုးမှပဲ
ကျွန်တော်တို့ရဲ့အနုပညာရောက်မှာပေါ့။ အနုပညာ
ဆိုတာ ကျွန်တော်တို့က လူတစ်ယောက်ချင်းဆီက
တစ်စက်ချင်းကျတဲ့ရေတွေဗျ။ တစ်စက်ချင်းကျတဲ့ရေ
ဖြစ်တဲ့အတွက် တစ်စက်ချင်းပဲ ကျွန်တော်တို့က ပို့ရ
တာပါ။ အနုပညာဆိုတာ Artificial မဟုတ်ဘူး။
ဒါးတန်းဘိလပ်ရေလို တန်းစီထုတ်လို့မရဘူး။ ကျွန်
တော် အဲဒီလို ရခဲ့တယ်။ အဲဒီလို ကျွန်တော် ခံယူခဲ့
တယ်။ အဲဒီလို ဖြတ်သန်းခဲ့တယ်။ အဲဒီလို ကျွန်တော်
တို့ ရင်ကိုရင်ချင်း JET PIN ထိုးခဲ့တယ်။ အဲဒီလို
ဖြစ်ခဲ့တယ်။ ဒါပေမဲ့လို့ တချို့ကတော့ ကျုပ်တို့ကို
အလကားကောင်တွေပါလို့ လှမ်းပြီးပြောတဲ့သူတွေ
ရှိတယ်။ သူတို့ကိုတော့ စိတ်မရှိဘဲနဲ့ သူတို့ကိုတော့
ကျုပ်က နည်းနည်းပြောလိုက်ချင်ပါရဲ့။ ပြည်က
ပလာတာချက်သမားက ပြောတယ် ကိုသင်းခိုင်ရဲ့။
ကျုပ်က ပလာတာဟင်းကို အကောင်းဆုံး ချက်ထား
ပေမယ့် လူတွေက အကောင်းကို မသိကြဘူးဗျာ။
သြော်.. ပလာတာချက်သမားကိုစာနာရင်း ကျွန်တော်
တို့ဘဝကိုလည်း လှမ်းမြင်ပြီးတော့ ကျွန်တော်တို့ဘဝ
ကို စာနာမိတယ်။ ကျွန်တော်တို့ ကဗျာကိုလည်း စာ
နာမိတယ်ဗျာ။ ဘဝမှာ ကျွန်တော်က လှိုင်းပုတ်တဲ့
ကျောက်ဆောင်ကို မညာချင်ဘူး။ သင်္ခါရတရားကို
လည်း မညာချင်ဘူး။ စံပယ်ပန်းတွေကို မညာချင်ဘူး။
လမင်းကြီးကိုလည်း မညာချင်ဘူး။ ကျွန်တော့်ရဲ့
ညီမလေးမမမြင့်ကိုလည်း မညာချင်ဘူး။ နောက်ဆုံး
ကျွန်တော် မညာချင်တဲ့ဟာကတော့ ကျွန်တော့်သမီး
မဟူရာကိုကိုတို့ကို မညာချင်ဘူး။ ကျွန်တော်ဟာ
အင်ဂျင်နီယာ မဟုတ်ဘူး။ ကျွန်တော်ဟာ ဆရာဝန်
မဟုတ်ဘူး။ ကျွန်တော်ဟာ သူဋ္ဌေးမဟုတ်ဘူး။ နောင်
ကျွန်တော် သေသွားတဲ့အခါကျတော့ ကျွန်တော့်သမီး
မဟူရာကိုကိုက ကျွန်မအဖေဟာ ကဗျာဆရာပါလို့
ပြောတဲ့အချိန်မှာ ကျွန်တော်ဟာ ကဗျာဆရာ ပီနေရ
မယ်။ ကျွန်တော် ပီအောင်ကြိုးစားခဲ့ပါတယ်။ ဒီဘဝ
ကြီးထဲမှာ တည်ဆောက်ခဲ့ပါတယ်။ ဒီဘဝကြီးထဲမှာ
ဒါကြီးကိုပဲ ကျွန်တော်ရွေးချယ်ခဲ့ပါတယ်။ အဲဒီ ဒါကြီး
ဆိုတာ ကဗျာပေါ့ ကိုသင်းခိုင်ရယ်။ ခင်ဗျားမှာလည်း
ဒီဘဝကြီးထဲမှာ ခင်ဗျား ပြေးလို့လွှားလို့၊ ကဗျာ
အကြောင်းပဲ ပြောလို့၊ ကဗျာတွေကိုပဲ ဝတ်ဆင်လို့၊
ခင်ဗျားဝတ်တာက အီတလီက အင်္ကျီလည်း မဟုတ်
ဘူး။ Classic အင်္ကျီလည်းမဟုတ်ဘူး။ ခင်ဗျား
ဝတ်တာက ကဗျာအင်္ကျီ၊ ကျွန်တော်ဝတ်တာကလည်း
ကဗျာအင်္ကျီ၊ “မောင်ကျော်ဇောဟုခေါ်သည်။ သူ ကျုံး
ထဲက တက်လာသည်။ သူ့မှာ အင်္ကျီမပါပါ” ကျွန်တော်
တို့က ကျုံးထဲက တက်လာပေမယ့်လို့ အနုပညာအင်္ကျီ
တွေ ပါခဲ့တဲ့သူတွေပေါ့ ကိုသင်းခိုင်ရယ်။ “မောင်သင်း
ခိုင်ဟုခေါ်သည်။ ကျေးတောသားတစ်ယောက်၊ သူ
ကျုံးထဲက တက်လာသည်။ သူ့မှာ အင်္ကျီမပါပါ” အဲဒါ
မရဘူးဗျာ။ “မောင်ချောနွယ်ဟုခေါ်သည်။ သူ ကျုံးထဲ
က တက်လာသည်။ သူ့မှာ အင်္ကျီမပါပါ” အဲဒါ မရဘူး
ဗျာ။ ကျွန်တော်တို့မှာ အနုပညာအင်္ကျီလေးတစ်ထည်
နဲ့ ကမ္ဘာကြီးအလယ်ကောင်ကို ရောက်ခဲ့ရတာပါ။
ကမ္ဘာကြီးအလယ်ကောင်ကို ရောက်ခဲ့ရတယ်လို့ဆိုပေ
မယ့် ကျွန်တော်တို့ဟာ ကမ္ဘာကြီးကို စကားမပြောရ
သေးဘူး။ ကဲ… ကိုသင်းခိုင်ရေ၊ ကျွန်တော် ပြောလိုက်
ပါရစေတော့။ ဒီနေ့ ခင်ဗျားနဲ့ ကျွန်တော်နဲ့ စကားဝိုင်း
ဟာ တိုင်းပြည်ကို စကားပြောခြင်းဝိုင်းပေါ့ဗျာ။ ကျွန်
တော်တို့က အဲဒီလို တိုင်းပြည်ကို စကားပြောတယ်လို့
ပြောပေမယ့် ကိုသင်းခိုင်ရေ…၊ တကယ့်တကယ်မှာ
တော့ တိုင်းပြည်ဂုဏ်ဆောင် အနုပညာသမားရယ်လို့
ဘယ်သူမှလည်း အသိအမှတ်မပြုပါဘူးဗျာ။ ကျွန်
တော်တို့က တကယ့်တကယ်ကျတော့ ဟော အလုပ်
ဂုဏ်ကိုမြတ်နိုးတဲ့၊ ဟော တကယ်ပဲ အနုပညာကို
တန်ဖိုးထားတဲ့ လူတွေဆိုတာကို တိုင်းပြည်ကြီးက
သိပ်အသိအမှတ်ပြုလှတာတော့ မဟုတ်ပါဘူးဗျာ။
အဲဒီကြားထဲက ဒီအနုပညာ၊ ဒီကဗျာဆိုတာ ဖြစ်ခဲ့ရ
တာ။ ကျွန်တော်တို့ကဗျာက ပိုသန့်စင်တယ်။ ငွေနဲ
လည်း မပတ်သက်၊ ကြေးနဲ့လည်းမပတ်သက်၊ အောင်
မြင်မှုနဲ့လည်းမပတ်သက်၊ ကျော်ကြားမှုနဲ့လည်း မပတ်
သက်၊ နိုင်ငံရေးသမားတွေလိုလည်း ဝန်ကြီးဖြစ်ဖို့
မသေချာ။ အပေါစားစာရေးဆရာလိုလည်း တစ်အုပ်
တစ်သိန်းမရဘူး။ အဲဒီမရတာအတွက်လည်း ကျုပ်တို့
က ဝမ်းနည်းကြေကွဲခြင်းရှိတဲ့ကောင်တွေ မဟုတ်ဘူး။
နိုင်ငံတကာမှာတော့ ကဗျာဆရာဆိုတာ Higher
ပဲပေါ့ဗျာ။ ကိုယ့်အနုပညာကိစ္စ၊ ကိုယ်နဲ့ရင်းပြီးတော့
ကိုယ့်ဘာသာကိုယ် မြန်မာပြည်နဲ့ ကမ္ဘာကြီးရဲ့ထောင့်
လေးတစ်ထာင့်ကနေပြီးတော့ ကိုယ့်အနုပညာကိုယ်
သေချာအောင် တည်ဆောက်ဖို့ ကျုပ် ကြိုးစားခဲ့ပါ
တယ်။ တကယ့်ကို ကြိုးစားခဲ့ပါတယ်။ ကျွန်တော် ညံ့
ရင် ကျွန်တော် ညံ့တဲ့အတိုင်းပေါ့။ ကျွန်တော့် ကဗျာ
တွေ ညံ့တယ် မညံ့ဘူးဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ ကျွန်
တော် ဘာမှပြောစရာမလိုပါဘူး။ ကျွန်တော့်မှာရှိတဲ့
သွေးကိုပဲ ကျွန်တော် ထုတ်ပြခဲ့တယ်။ ကျွန်တော့်
လက်မောင်းသွေးကို ကျွန်တော် သောက်ပြီးတော့
ကျွန်တော် ထုတ်ပြခဲ့တဲ့ ကျွန်တော့်အဆောက်အအုံပါ။
ကျန်တဲ့ကိစ္စကတော့ ကျွန်တော့်မှာ ကြီးကြီးကျယ်
ကျယ် ခမ်းခမ်းနားနားရယ်လို့ ပြောစရာ လုံးလုံးမရှိတဲ့
သူပါ။ အဲလိုဘဝကြီးနဲ့ ကျွန်တော်က ဒီအနုပညာကို
ကျွန်တော် ချစ်မြတ်နိုးခဲ့တာပါ ကိုသင်းခိုင်ရေ။ ခင်ဗျား
ကြီးကလည်း တကယ့်ကိုပဲ ကဗျာဆရာကြီးလိုကို
တကယ်နေထိုင်ခဲ့တဲ့သူကြီးပေါ့။ အဲဒီတော့ ကျွန်တော်
ပြန်ပြီးတော့ ချုပ်ပြီးတော့ပြောရမယ်ဆိုရင် ကိုသင်းခိုင်
ရေ၊ ကိုလေးအောင် ၆၂-ခုနှစ်က ကိုလေးအောင်၊
ကဗျာဆရာ ကိုလေးအောင်။ Pure Artistလို့ပြော
ရမှာပေါ့ဗျာ။ ဘယ်သူ မပြောပြော ကျုပ်ပြောတယ်။
ကျုပ် အခိုင်အမာကိုပြောတယ်။ အနုပညာကို သေချာ
ပေါက်လုပ်ခဲ့ပြီးတော့ ဘာကိုမှဘဝင်မမြင့်ဘဲနဲ့ သူရဲ
ကောင်းဖြစ်ခဲ့တဲ့ ကိုလေးအောင်။ ပြောရတော့မယ်။
ခေတ်ပေါ်ကဗျာဆိုတာ ကိုလေးအောင်ဆီက အနံ့ရခဲ့
တာပါလို့ ကျုပ်က အတိအကျပြောလိုက်ရဦးမယ်။
၁၉၆၉- ခုနှစ်၊ ကိုလေးအောင် ရေးခဲ့တဲ့ကဗျာ ရှိတာ
ပေါ့။ “ဗိုလ်အောင်ကျော် (သို့မဟုတ်) ရဲဘော်သို့တမ်း
ချင်း” အဲဒီမှာ ကျုပ်က ခေတ်ပေါ်ကဗျာရဲ့အနံ့ကို ရခဲ့
တယ်။ ကိုသင်းခိုင်ရေ အဲဒီလို ရဲရဲတောက်ပြီးတော့
လှပတဲ့ကဗျာကို ကိုလေးအောင်ရေးခဲ့တယ်။ ခေတ်
ပေါ်ကဗျာရနံ့ကို ကျွန်တော် ကိုလေးအောင်ဆီက ရခဲ့
တယ်။ အဲဒီအချိန်မှာ ကိုလေးအောင်ကို ကျွန်တော်
(Ideal) ထားခဲ့တယ်။ ကိုလေးအောင်ကို ကျွန်တော်
စံထားပြီးတော့ ကြိုးစားမယ်လို့ ကျွန်တော့်ရဲ့ အတွင်း
စိတ်ထဲမှာ ဆုံးဖြတ်ခဲ့ပြီး အဲဒီဆုံးဖြတ်ချက်အတိုင်း
လုပ်ခဲ့တယ်။ အဲဒီအချိန်ပေါ့ဗျာ။ ခေတ်ပေါ်ကဗျာဆရာ
ရယ်လို့ မူးလို့မှ ရှူစရာမရှိဘူးဆိုတဲ့ ရိုက်ချက်ပြင်းပြင်း
နဲ့ရိုက်နေတဲ့ အချိန်ကြီးပေါ့ဗျာ။ အဲဒီခေတ်ပေါ်ကဗျာ
ဆိုတာ ထင်းရှူးပင်ရိပ်ရဲ့ Influence နဲ့ပါလို့ ပြဋ္ဌာန်း
နေတဲ့ Text လုပ်နေတဲ့ အချိန်ပေါ့ဗျာ။ အဲဒါကိုလည်း
ကျုပ်က လက်မခံတာ မဟုတ်ပါဘူး။ ဒဂုန်တာရာရဲ့
အလင်္ကာပါတယ်။ တဟီဟီသွားရအောင် ပါတယ်။
ဒေါက်တာမောင်ဖြူးရဲ့အားတွေလည်း ပါတာပေါ့ဗျာ။
ကြည်အေးရဲ့ကဗျာတွေလည်းပါတယ်။ “လွှင့်ပစ်လိုက်
ပါ၊ ဝါရည်နို့ခဲ ဒီပုလဲတွေ၊ ခဲသားရင့်ရင့်၊ ဒီစိန်ပွင့်တွေ၊
တွယ်တာစရာ၊ မေတ္တာကင်းမှ၊ ဒီဘဝမှာ၊ ဘာကိုမက်
မော ပျော်မလဲ…” ဆိုတဲ့ ကြည်အေးရဲ့ ကဗျာတွေ။
ကျုပ်တို့မှာလည်း ရှိပါတယ်။ ကျုပ်တို့ကလည်း
တွေ့ထားပါတယ်။ ထင်းရှူးပင်ရိပ်တစ်ခုတည်း
လုံးလုံးတော့မဟုတ်ဘူး။ ထင်းရှူးပင်ရိပ်မပါဘူးလည်း
မဟုတ်ဘူးဗျာ။ ကိုသင်းခိုင်ရေ၊ ခုချိန်ထိ ကျုပ်က
မောင်ချောနွယ်ဖြစ်တဲ့အခန်း မရောက်သေးပါဘူး။
တိုင်းပြည်တည်သလို တည်ခန်းလေးမှာ စကားတွေ
ဟာ အများကြီးပြောနေရတုန်းပါပဲ။ ဘာကြောင့် အဲလို
ပြောနေရသလဲဆိုတော့ အနုပညာဆိုတာ ထူးဆန်း
တယ်။ ကဗျာဆိုတာ ပိုမိုထူးဆန်းတယ်။ အဲဒီအတွက်
ကျွန်တော့်မှာ အဲဒီလိုပြောနေရခြင်းပါ။ တကယ်တော့
ကျုပ်ဟာ ကျွန်တော့်ဘဝကြီးကို ကုန်ခန်းသွားနိုင်
လောက်အောင် ကျွန်တော် ပြောရမယ့်ကိစ္စတွေ
ဖြစ်နေတာကို ခုမှပဲ နဖူးတွေ့ ဒူးတွေ့ တွေ့ရပါလား
ကိုသင်းခိုင်ရယ်။ ခင်ဗျားကြီးကလည်း တတ်လည်း
တတ်နိုင်ပါပေတယ်။

ကိုချောနွယ်ရေ ခင်ဗျားပြောတာ ကျွန်တော်ကြားရ
တော့ တကယ့်လွမ်းမောဖွယ်ရာ ခံစားရတယ်ဗျာ။
ကျွန်တော် ခံစားရတယ်။ ဟုတ်ပြီ။ ခင်ဗျား ပြည်မှာနေ
တဲ့ကာလတွေ၊ ၆၉-ကာလတွေ၊ ကိုအောင်သန်းကို
အမှတ်ရတယ်။ ခင်ဗျား ဦးလေးပေါ့လေ။ ကိုအောင်
သန်းနဲ့ မောင်လေးအောင် သူငယ်ချင်းတွေ၊ သူတို့
တွေ့တဲ့အခါမှာ ကျွန်တော် မရှိဘူး။ နောက်တော့မှ
ကျွန်တော်နဲ့ ဆုံတွေ့ခဲ့ကြတယ်။ အဲဒီအခါမှာ ခင်ဗျား
ပြည်မှာ။ အဲဒီခါမှ အရင်က နာမည်တစ်ခု။ ခု သုခမိန်
လှိုင်၊ မောင်စိမ်းခက်(ပြည်) နာမည်နဲ့ ရှုမဝမှာ ကဗျာ
ရေးနေတဲ့ကာလကို ကျွန်တော် အမှတ်ရနေတယ်။
အဲဒီတုန်းက ကျွန်တော်တို့ နိုင်ငံတကာမှာ ပြင်းထန်
နေတဲ့ ဗီယက်နမ်ကာလလေဗျာ။ မောင်စိမ်းခက်ကို
ကျွန်တော် တွေ့ခဲ့ရတယ်။ အဲဒီ ခင်ဗျားနဲ့ မောင်စိမ်း
ခက် (သုခမိန်လှိုင်)ရဲ့ ဆက်ဆံရေးတွေ၊ ပြည်ရဲ့လှုပ်
ရှားမှုတွေကို ကျွန်တော် သိချင်တယ်ဗျာ။

ကိုသင်းခိုင်ရယ် ခင်ဗျားကလည်း မေ့မေ့လျော့လျော့
ဖြစ်နေပါလား။ မောင်စိမ်းခက်(ပြည်)နဲ့ကျွန်တော်နဲ့
သူငယ်ချင်းဘဝကို ခင်ဗျားပဲ ဆက်သွယ်ပေးခဲ့တာ
လေ။ ခင်ဗျား မမှတ်မိဘူးတဲ့လား။ အဲဒီအချိန်တုန်းက
မောင်စိမ်းခက်(ပြည်)ဆိုတဲ့လူနဲ့ ကျုပ်နဲ့ သူငယ်ချင်း
မဖြစ်ကြသေးဘူး။ ခင်ဗျားလာမှ ဖြစ်ခဲ့တာလေ။
ခင်ဗျား အဲဒါ မမှတ်မိဘူးလား။

ကိုချောနွယ် ခင်ဗျားပြောမှ ကျွန်တော် သတိရတယ်။
လွန်ခဲ့တဲ့ ၁၉၆၉-ခုနှစ်၊ ခုဆို နှစ်ပေါင်း အစိတ်ရှိပြီပေါ့
ဗျာ။ ဟုတ်တယ်။ အဲဒီအခါမှာ ကျွန်တော်ရယ်၊ ခင်ဗျား
ဦးလေး ကိုအောင်သန်းရယ်၊ မောင်လေးအောင်ရယ်
လာကြတယ်။ ခင်ဗျားအဖေ ဦးကျော်မြင့်ကြီးကတော့
ကျွန်တော်တို့ကို ဝမ်းပန်းတသာပေါ့ဗျာ။ အဲဒီတုန်းက
ခင်ဗျားအဖေ ဦးကျော်မြင့်ကြီးက ပြည်မှာ နေခဲ့တယ်။
နယ်ပိုင်ဝန်ထောက်ကြီးပါပဲ။ အဲဒီအခါကျမှ ကျွန်တော်
မှတ်မှတ်ရရ၊ ကျွန်တော့်မှာလည်း အသက်ကြီးတော့
မေ့သွားတာတွေ ရှိတယ်။ အဲဒီတော့မှ ပေါ်လာတယ်။
ကျွန်တော် အဲဒီကျတော့ မောင်စိမ်းခက်(ပြည်)ကို
စပြီးတွေ့ဖူးတာ။ ဟုတ်တယ်။ ထပ်ဆင့်ဟုတ်တယ်။
ကျွန်တော်တို့ ပြန်တွေးကြည့်လိုက်ရင် ကျွန်တော် ခု
မှတ်မိပြီ။

ကိုသင်းခိုင် လူငယ်တွေထဲမှာ အတူနေ၊ အသစ်တွေ
ထဲမှာ အတူနေ၊ ခင်ဗျားဖြစ်နေတာကို ခင်ဗျား မသိ
ဘူးလား။ ကျုပ်ကလည်း ကျုပ် သစ်နေတယ်။ ဘာ
ကြောင့်လဲ၊ ကျုပ်လည်း လူငယ်တွေနဲ့အတူနေ၊ လူ
ငယ်တွေနဲ့အတူစား၊ လူငယ်တွေစကားကို နားထောင်၊
လူအားလုံးဆီက ကျုပ်ကလည်း သင်ယူနေတဲ့သူ ဖြစ်
တယ်။ အဲဒါကြောင့် ခင်ဗျားတို့ ကျုပ်တို့က သစ်ခဲ့ရ
တာ။ အဲဒါကြောင့် ကျုပ်တို့ဖော်ကျူးတဲ့ အနုပညာတွေ
သစ်ခဲ့ရတာ။ အဲဒါဟာ ကဗျာဖြစ်တယ်။ ဒါကြောင့်
ကျွန်တော်က ကဗျာသစ်ရေး ပြောနေရတာ။ ကဗျာ
သစ်ရေးကို ကျွန်တော်တည်ဆောက်နေရတာ၊ ခင်ဗျား
ကဗျာသစ်ရေးကို လက်ခံနေတဲ့သူ၊ ကဗျာတည်
ဆောက်နေတဲ့သူ၊ ကျုပ်က တစ်ပြေးညီတည်း တန်ဖိုး
ထား၊ တစ်ပြေးညီတည်း တွဲလာခဲ့တာဗျာ။ နှစ်အစိတ်
တောင်ရှိပြီ ကိုသင်းခိုင်ရေ။ ကဗျာသစ်ရေး ကဗျာ
အသစ်ကိစ္စကြားထဲမှာ ကျွန်တော် ဖြတ်ပြောလိုက်ဦး
မယ်။ ဘာကြောင့်လဲ၊ မောင်စိမ်းခက်(ပြည်)၊ အခု သုခ
မိန်လှိုင်ပေါ့ဗျာ။ အဲဒီလူနဲ့ အဲဒီလို ခင်ဗျားတွေ့ပေးခဲ့သ
လို ခင်ဗျားပဲ တွေ့ထိပေးခဲ့တာလေ။ အဲဒါကြောင့်
ကျုပ်တို့က သူငယ်ချင်းဘဝကို အဲဒီ ၁၉၇၀-မှာ
ရောက်ခဲ့တာ။ အဒီတော့ တစ်ဆက်တည်းပဲဆက်ပြော
လိုက်မယ် ကိုသင်းခိုင်ရယ်။ ဂေါ်ရာကုန်းက တပ်ကြပ်
ကြီး ဝင်းထိန်ပေါ့။ ဖော်ဝေးဆီ ခင်ဗျား ခေါ်သွားခဲ့
တယ်။ အဲဒီတော့မှ ကျုပ်တို့က သူငယ်ချင်းဘဝကို
ရောက်ခဲ့ရတယ်။ ခင်ဗျား မမှတ်မိဘူးလား ကိုသင်း
ခိုင်ရယ်။ အဲဒီကစပြီး ကျွန်တော်တို့တစ်တွေ သူငယ်
ချင်းအစစ်တွေ ဖြစ်ခဲ့ကြတယ်။

ဟုတ်တယ်။ ကျွန်တော်ကလည်း အစောကဝန်ခံထား
သလိုပဲ။ အသက် ငါးဆယ်ကျော်၊ ခြောက်ဆယ်နီးပါး
ဖြစ်တော့ ကျွန်တော့မယ် တစ်ခါတစ်ရံ သတိလေးတွေ
မေ့တတ်တယ်။ ခင်ဗျားဖော်တဲ့အခါကျမှ ကျွန်တော်
ဖျတ်ခနဲသတိရမိလိုက်တယ်။ အဲဒီတုန်းက ဂေါ်ရာ
ကုန်းက တပ်မတော်မှတ်တမ်းရုံးက ဖော်ဝေးခေါ် တပ်
ကြပ်ကြီးဝင်းထိန်၊ ပြီးတော့ ကျွန်တော့်ညီလိုဖြစ်တဲ့
နေပြည်တော်က စိမ်းမော်၊ ကျွန်တော် မိုးဝေကို ခေါ်ခဲ့
တယ်။ အဲဒီတုန်းက တစ်ရာတစ်ဆယ့်တစ်လမ်း မိုးဝေ
ပေါ့ဗျာ။ တောင်ညွန့်ဂတ်တဲနားနီးတဲ့ မိုးဝ။ အဲဒီလိုပဲ
လေတပ်က အုန်းသစ်တို့ ကျွန်တော်ခေါ်ခဲ့တာတွေးပြီး
တော့ တစ်ရာတစ်ဆယ့်တစ်လမ်း ဗာဒံပင်ရိပ်မှာ အား
လုံးစုံကြတာပေါ့။ အဲဒီအခါမှာ ကိုမင်းကျော်၊ ကိုညွန့်
ကြူး၊ ကိုနတ်နွယ်တို့ စစ်တုရင် ထိုးကြတယ်။ ကျွန်
တော်တို့ အဲဒီမယ် (နစ်ကဆင်နဲ့ စစ်တုရင်ထိုးခြင်း)ကို
အဲဒီကရတာပဲ ကိုချောနွယ်ရေ။

အဲဒီတုန်းက ဖော်ဝေးက မိုးဝေမှာ ဝင်ခဲ့တာ။ “ကျောချ
ဖို့တစ်နေရာ''ကဗျာနဲ့ ဖော်ဝေးက ဝင်ခဲ့တယ်။ ကျုပ်က
မိုးဝေမှာ ၁၉၆၉-ခုနှစ်။ ခုန ကိုလေးအောင်ရဲ့ “ဗိုလ်
အောင်ကျော် (သို့မဟုတ်) ရဲဘော်သို့ တမ်းချင်း” ပြီး
ရင် ကျွန်တော် “ရွှေ” ဆိုတဲ့ အချစ်ကဗျာလေးတစ်ပုဒ်
နဲ့ ကျုပ်က မိုးဝေကို အစောဆုံးဝင်ခဲ့တယ်။ အဲဒီအချိန်
တုန်းက မိုးဝေဟာ (၃၈)လမ်းမှာပဲ ရှိသေးတယ်
ကိုသင်းခိုင်ရေ။ ကျွန်တော် အဲဒီတုန်းက ကိုအောင်
ကျော်ကြီးတို့ ရှိသပေါ့ဗျာ။ အဲဒီလိုဘဝတွေနဲ့ ကျွန်
တော်တို့ နေခဲ့တာပေါ့။ ကိုနတ်နွယ်တို့လည်း အဲဒီ
အချိန်တုန်းကတည်းက မားမားမတ်မတ်ကြီး။ အဲဒီလို
နဲ့ ကျွန်တော် မိုးဝေကို ရေးခဲ့တယ်။ နောက်ပိုင်းကျ
တော့ ကျွန်တော်က “ဘတ်စ်မှတ်တိုင်”ကို ရေးခဲ့
တယ်။ သုခမိန်လှိုင်က “နွေဦးညနေခင်း”ကို ရေးခဲ့
တယ်။ “ရွှေဆံတော်ဘုရား၊ ဓာတ်လှေကားဝ၊ ရှေ့က
မြေကွက်၊ လက်ဖက်ရည်ဆိုင်မှာ၊ ကဗျာဆရာလေ၊
အီတလီသူ၊ မြို့သူတောသူဘုရားဖူး” အဲဒီလိုရေးခဲ့
တယ်။ အဲဒီအချိန်မှာ ကျွန်တော်က ကဗျာအသစ်တွေ
ပါရဲ့။ ကျွန်တော်ရဲ့ဘတ်စ်မှတ်တိုင်က အဲဒီအချိန်က
တည်းက ကျွန်တော်ဟာ ‘ဇ’ကလေး နည်းနည်းပေါ်
သလိုတော့ ပြောရတော့မယ်။ ဘတ်စ်မှတ်တိုင်တစ်
တိုင်သာ ငိုင်ငိုင်ကြီး ကျန်ရစ်ခဲ့တာပါဗျာ…ဆိုလို့ အဲဒီ
လို စကားပြောရစ်သမ်ကို စတင်ခဲ့တဲ့ဘဝပေါ့ဗျာ။

ကိုချောနွယ်ရေ ကျွန်တော်တို့ဆယ်ရာစုရဲ့ ကျွန်တော်
တို့မိုးဝေ ခင်ဗျားလည်း ဖြတ်သန်း နှစ်ဆယ်ရာစုရဲ့
မိုးဝေပါ။ ခင်ဗျားပြောတဲ့ စကားပြောရစ်သမ် စကား
ပြောဘာသာဗေဒဟာ အဲလိုစီးဝင်ကြတာပဲ။ ဟုတ်ပြီ။
ခင်ဗျားပြန်ပြောတဲ့ကာလတွေ ကျွန်တော် တရေးရေးနဲ့
ဟိုဝေးဝေးကဟာတွေ သတိရမိတယ်။ အတိတ်တွေ
ဟာ ကျွန်တော့်ဆီပြန်လာကြပါတယ်။ ဟုတ်ပြီ။ သုခ
မိန်လှိုင်၊ ဖော်ဝေး၊ ခင်ဗျား၊ ခင်ဗျားတို့နဲ့ တွေ့ခဲ့ကြ
တယ်။ အဲဒီအခါမှာ ခင်ဗျားတို့ဟာ ခေတ်ပေါ်ကဗျာရဲ့
ဖန်တီးမှုကို စတင်ပြီးတော့ စုစည်းခဲ့တဲ့အင်အားစု
တစ်ရပ်၊ တပ်မှူးကြီးတွေ မဟုတ်ပေမယ့် ဆာဂျင်ကြီး
တွေဖြစ်တယ်လို့ ကျုပ် ယုံကြည်တယ်။

ဟုတ်ပြီ ကိုသင်းခိုင်ရေ။ ခင်ဗျားကလည်း တော်တော်
နှိမ့်နှိမ့်ချချနဲ့ ဘဝင်မမြင့်တဲ့သူကိုးဗျ။ တကယ်တော့
လည်း ဆာဂျင်တွေ၊ တပ်မှူးတွေ၊ တပ်သားတွေ
မဟုတ်ပါဘူးဗျာ။ တကယ်တော့လည်း ကျွန်တော်တို့
က အနုပညာမြို့သိမ်းတိုက်ပွဲတွေ၊ အနုပညာတိုင်း
ပြည်သိမ်းတိုက်ပွဲတွေ၊ အနုပညာကမ္ဘာသိမ်းတိုက်ပွဲ
တွေ ဆင်နွှဲနေတဲ့ ရဲဘော်တွေပဲ သဘောထားလိုက်
ပါဗျာ။

ဟုတ်တယ် ကိုချောနွယ်၊ ကျွန်တော်ကလည်း အား
လုံးကို ခြုံငုံပြောရရင်လည်း အရာရာကို နှိမ့်ချရမယ့်
သဘောပါ။ ဘယ်သူတွေ ဘာပြောပြော ကျွန်တော်
တို့တွေဟာ အဆင့်၊ ရာထူး၊ ဘာညာ မပြောကြပေ
မယ့် ကျွန်တော်တို့တစ်တွေ နားလည်ယုံကြည်တယ်
ကိုချောနွယ်။

ကျွန်တော်တို့က စွန့်ခွါရမယ်ဆိုလည်း ကိုသင်းခိုင်
အောင်မြင်စွာဆုတ်ခွါဖို့ပါပဲ။ ကျွန်တော်တို့ အဲလို
အထက်တန်းကျခဲ့ပါတယ်။ ကျွန်တော်တို့ အဲဒီလို
ရည်မွန်ခဲ့ပါတယ်။ ကျွန်တော်တို့ အဲဒီလို သည်းညည်း
ခံခဲ့ပါတယ်။ ကျွန်တော်တို့ အဲဒီလို စိတ်ရှည်ခဲ့ပါတယ်။
ကိုသင်းခိုင်ရေ တကယ့်တကယ်ကျတော့ ကျွန်တော်
က Long March ပေါ့။ အနုပညာခရီးရှည်ကြီးကို
ချီတက်လာရတဲ့သူတွေဖြစ်တော့ ကျွန်တော်တို့က
Long March ပေါ့ဗျာ။ ယင်ယန် Speech ကို
လည်း ကျုပ်တို့က သိခဲ့ရ။ ဘော့ဒိုင်လင်ကိုလည်း
သိခဲ့ရ။ ဒီလန်သောမတ်စ်ကိုလည်း သိခဲ့ရ။ မာယာ
ကော့ဖ်စကီးကိုလည်း သိခဲ့ရ။ ပီကာဆိုကိုလည်း သိခဲ့
ရ။ စပိန်ဟာ ကျုပ်တို့လို ငရုတ်သီးအစပ်စားတဲ့နိုင်ငံ။
ကိုလံဗတ်စ်တို့ နိုင်ငံ။ ပီကာဆိုတို့ နိုင်ငံ။ စပင်ဆာတို့
နိုင်ငံပေါ့ဗျာ။ ကိုလံဗတ်စ်တို့ စပိန်ပေါ့ဗျာ။ အဲဒီစပိန်က
ဘာစီလိုနာတောင်ကြားက မိုးခြိမ်းသံကိုလည်း ကျုပ်
တို့က ကြားခဲ့ရ။ ကဗျာဆရာဆိုတာ အဲဒီလိုအာရုံက
ခပ်များများ၊ အဲဒီလို intelligent တွေ အဲဒီ Ima
gine တွေနဲ့ နေထိုင်ခဲ့ရတာပေါ့ဗျာ။ ဒါပေမဲ့ ကျုပ်တို့
မှာတော့ အတိအကျ အတိဒုက္ခတွေနဲ့ပါ။ အဲဒီ အတိ
ဒုက္ခတွေကပဲ ကျုပ်တို့ရဲ့ကဗျာတွေကို လှစေခဲ့တာ
ပေါ့။ တချို့က ပြောကြတယ်။ တော်လှန်ကဗျာမှာ
ဘာမှမရှိဘူးလို့။ ဟာဗျာ “ကြွေတာကိုက ပွင့်ခြင်းပဲ”
ဆိုတဲ့ဟာ တော်လှန်ကဗျာမှာ မရှိဘူးတဲ့လားဗျာ။ ငြင်း
ဆိုမတဲ့လား။ “ကြွေတာကိုက ပွင့်ခြင်းပဲ” ကျွန်တော်
တို့က “ကြွေတာကိုက ပွင့်ခြင်းပဲ”။ ကဗျာဆရာဟာ
အဲဒီလိုနည်းနဲ့ပဲ နေထိုင်၊ အဲဒီလိုနည်းနဲ့ပဲ အသက်ရှင်၊
အနုပညာဆိုတာတော့ဗျာ အသက်ရှင်နေတာကိုက
အနုပညာပဲ။ ဟင်းချက်အတတ်ပညာလည်း အနု
ပညာပဲဗျ။ ဘယ့်နှယ်ဗျာ ကျုပ်တို့ကဗျာက ဘာမှကုန်း
ကောက်စရာမရှိဘူးလို့ ပြောတာကျတော့လည်း ကျုပ်
က စိတ်တော်တော် ဆင်းရဲတယ်။ သြော်… ဒင်းတို့
မသိကြပါလား။ “ကြွေတာကိုက ပွင့်ခြင်းပဲ” ရှိတယ်ဗျ။
၁၉၆၉-၇၀ ကျွန်တော်တို့ မိုးဝေမှာ ကဗျာရေးတဲ့အချိန်
တုန်းက နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်
ရေး၊ ဆိုရှယ်လစ်ရေးတွေနဲ့ ကျွန်တော်တို့ ရေးခဲ့ရတဲ့
အပိုင်းတွေ ရှိတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်
တို့က အဲဒီလိုနည်းနဲ့ပဲ ကျွန်တော်တို့က ကျွန်တော်တို့
အနုပညာကို တည်ဆောက်ခဲ့ရတာပါ။ အဲဒီအချိန်မှာ
အနုပညာမမြောက်ဘူးလို့ လာမပြောနဲ့။ သူတို့ဘက်
ကလည်း အနုပညာမမြောက်တာတွေ၊ ကျွန်တော်တို့
ဘက်ကလည်း အနုပညာမမြောက်တာတွေ ရှိခဲ့ပါ
တယ်။

တော်လှန်ကဗျာနဲ့ပတ်သက်ပြီးတော့ တချို့လူတွေက
လည်း ပြောကြတယ်ဗျာ။ ကဲ... အဲဒီအချိန်မှာ တော်
လှန်ရေးကောင်စီကလည်း တက်နေပြီ။ တော်လှန်ရေး
စကားလုံးသုံးဖို့ အခွင့်သာလာပြီ။ ဟုတ်တယ် ကိုချော
နွယ်၊ သူတို့ပြောတဲ့ကိစ္စမှာ တော်လှန်ဆိုတဲ့စကားလုံး။
အဲဒီတော့ ကျွတ်တော်တို့ ဖတ်ဖူး၊ သိဖူးတာကတော့
ဘာသာဗေဒက ဘက်မလိုက်ဘူး။ တော်လှန်ဆိုတဲ့
စကားက နဝဒေးက စသွားတဲ့ စကားလုံး။ ဦးသိန်း
ဖေမြင့်သုံးခဲ့တာ ကျွန်တော် မှတ်မိတယ်။ အဲဒီတော့
ဟုတ်ပြီ၊ အရင်းရှင်မှာလည်း တော်လှန်မှာပဲ။ ဟုတ်ပြီ၊
အရင်းရှင်တော်လှန်ရေး၊ စက်မှုလက်မှုတော်လှန်ရေး၊
ပစ္စည်းမဲ့တော်လှန်ရေး၊ ပြည်သူ့အမြင်တော်လှန်ရေး၊
တော်လှန်တွေရှိကြတာပဲ။ ဒါပေမဲ့ ကိုချောနွယ်ရေ၊
ကျုပ်တို့ကို အုတ်ရောရော၊ ကျောက်ရောရောပြော
တာ အဲဒီပုဂ္ဂိုလ်တွေဆိုတာကတော့ ခင်ဗျားသိ၊ လူ
တွေသိဖို့ ကျွန်တော် ဝမ်းနည်းစွာနဲ့ ကျွန်တော် ပြော
တယ်ဗျာ။ ကိုင်း… ကျွန်တော်တို့ ခင်ဗျားတို့၊ မောင်
လေးအောင်တို့၊ ရန်ကုန်အရှေ့ပိုင်းမှာ ဖြတ်သန်းခဲ့တဲ့
ကာလ။ အဲဒီကာလတွေကလည်း ရန်ကုန်အရှေ့ပိုင်း
ကာလမှာ ဖြစ်ခဲ့ကြတယ်။ အဲဒီဖြစ်ခဲ့တဲ့ကာလမှာ
ခင်ဗျားတို့၊ ကျွန်တော်တို့ ဆုံဆည်းခဲ့ပြီ။ မိုးဝေဖြစ်ခဲ့ပြီ။
အဲဒါကို တချို့ပုဂ္ဂိုလ်တွေက ပြောတာတော့ ဒီလိုဗျ။
ခေတ်ဆိုတဲ့စကားလုံးကို စဉ်းစားစရာဖြစ်တယ်၊ သတ်
သတ်မှတ်မှတ် ပြောနိုင်တာက ဆရာနတ်လက်ထက်
တော်လှန်ကဗျာတဲ့ မိုးဝေမှာရေးကြတယ်၊ ပုစွန်တောင်
အုပ်စု ညီညွတ်ရေးပဲ။ မိုးဝေလူငယ်ထုကို ကိုယ်စား
မပြုဘူး။ တစ်နည်းအားဖြင့် ကတ္တီပါညီညွတ်ရေး
မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ မိုးဝေလူငယ်ထု
ကို ကိုယ်စားပြုမယ်ဆိုရင် တော်လှန်ကဗျာ တစ်၊ နှစ်၊
သုံး စသည်ဖြင့် ထွက်လာရမယ်။ အဲဒီကိစ္စနဲ့ပတ်သက်
ပြီး ကိုချော အမြင်ပြောဗျာ။

ကိုသင်းခိုင်၊ ခင်ဗျားကမေးတာလည်း မဟုတ်ဘူး။
ကျွန်တော်က ဖြေတာလည်း မဟုတ်ဘူး။ အဲဒီကြားထဲ
ကနေ တစ်ခုတော့ပြောလိုက်ပါရစေ။ သူတို့မပါလို့ဖြစ်
မှာပါဗျာ။

ကိုချောနွယ်ရဲ့ ကျွန်တော်တို့ ခေတ်ပေါ်ကဗျာဟာ
စိတ်ကူးအတွေးနဲ့ ရစ်သမ်နဲ့ ရေးဖွဲ့တာလို့ ကျွန်တော်
ခံစားမိတယ်။ အဲဒီခေတ်ပေါ်ကဗျာကို ဒီနေ့ကြည့်တဲ့
အခါ တချို့လည်း ပြောကြတယ်ပေါ့ဗျာ။ မောင်သာနိုး
ရဲ့ ထင်းရှူးပင်ရိပ်ကနေပြီးတော့ ခေတ်ပေါ်ကဗျာဖြစ်
တယ်လို့ တချို့တွေက ပြောကြတယ်။ ခင်ဗျားလည်း
ကြားတယ်။ ကျွန်တော်တို့လည်း ကြားတယ်။ ကျွန်
တော် ခင်ဗျားကဗျာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်
ပြောမယ်။ ပြောတဲ့အခါမှာလည်း ကျွန်တော်က
မြှောက်ပင့်ပြီး ပြောတာမျိုးမဟုတ်။ အလုပ်ကိုပြော
မယ့်သဘောဖြစ်တယ်။ ဥပမာ-ခင်ဗျားရဲ့“ဆတ်သွား”၊
ခင်ဗျားရဲ့ဟန်က ခေတ်ပေါ်ကဗျာရဲ့ဘောင်ထဲမှာ
အများကြီးဝင်တဲ့သူဖြစ်တယ်။ ခင်ဗျားဟာ ရစ်သမ်
ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်။ ပြည်သူ
တွေရဲ့စကားလုံးတွေကို ကျွမ်းကျင်တယ်။ နှံ့စပ်တယ်။
ကျွန်တော်တို့ ခင်ဗျားတို့လိုချင်တဲ့ ခေတ်ပေါ်ကဗျာရဲ့
လမ်းကြောင်းမှာ ခင်ဗျားကို ဘွားကနဲတွေ့လိုက်တယ်။
ဥပမာ ခင်ဗျားရဲ့“ဆတ်သွား” ဆိုရင် ကျယ်ပြန့်တဲ့
ရင်အုပ်ကားကားနဲ့ အသားနီနီ၊ ယာတောများက မီးခိုး
လုံး၊ တောစိမ်း၊ ချောင်းနက်နဲ့ မှော်သားပြည့်သိပ်လေ
တွေ၊ သူ့အဆုတ်ကြီးထဲပစ်သွင်းလိုက်တယ်။ အဲဒီစာ
သားဟာ မြန်မာအဆန်ဆုံး၊ အမျိုးသားအဆန်ဆုံး၊
အင်မတန်လှပတဲ့ ခေတ်ပေါ်ကဗျာရဲ့အင်္ဂါတွေဖြစ်တဲ့
ရစ်သမ်လို့ ကျွန်တော်ထင်တယ်။ ဟုတ်ပြီ… ခင်ဗျား
ပြောပြတဲ့ ဆတ်သွားထဲမှာပဲ ကမ္ဘာလုံဝန်းကြီးကို
တောင်မှ ထည့်ထုပ်ပစ်နိုင်တဲ့ အင်ဖက်ကားကားကြီး
တွေ၊ အဲဒါ ကျွန်တော်တို့ရဲ့ အတိဿယဝဝုတ္တိလို့ခေါ်
လို့ရတဲ့ ခေတ်ပေါ်ကဗျာအင်အားတွေ၊ ကျွန်တော်
မှတ်မိတယ်။ မာယာကော့ဖ်စကီးရဲ့ကဗျာထဲမှာ လီနင်
ကွယ်လွန်ပြီလို့ကြားရတဲ့အခါ တစ်ကမ္ဘာလုံးက လီနင်
အတွက် ပူဆွေးဝမ်းနည်းတဲ့မျက်ရည်တွေဟာ ကမ္ဘာ
ကြီးမြုပ်လောက်တယ်ဆိုတဲ့ပုံစံမျိုး။ အဲဒီတော့ ခင်ဗျား
မှာ လှပတဲ့သင်္ကေတတွေပါတယ်။ နိမိတ်ပုံပါတယ်။
ခင်ဗျားရဲ့ ဆတ်သွားနဲ့ပတ်သက်ပြီးတော့လည်း ကျွန်
တော် တစ်နံတစ်လျားသွားပြီးတော့ ရောက်ခဲ့တယ်။
ဆရာမြသန်းတင့်ကအစ ခင်ဗျားကဗျာ ဆတ်သွားကို
ကြိုက်ခဲ့တယ်။ ကောင်းတယ်ဗျာ ကိုသင်းခိုင်လို့၊ ဆရာ
ကျွန်တော့်ကို အဲလို ပြောဖူးခဲ့တယ်။ ရောက်တဲ့နေရာ
တိုင်းမှာ အဲသလိုပဲ။ ခင်ဗျားဆတ်သွားဟာ မကွေး
တိုင်းမှာ လူမသိသူမသိနေရာလေးကနေ လူသိရှင်သိ
ဖြစ်သွားခဲ့တယ်။ အဲဒီအခါမှာ ခင်ဗျားရဲ့ ကဗျာအင်္ဂါ
တွေထဲမှာ ကျွန်တော် သဘောကျတာ ခင်ဗျားရဲ့
နိမိတ်ပုံ။ “ကလေးအမေ တစ်ယောက်ရဲ့နို့ပိန်နဲ့တူတဲ့
ဘတ်သီးတွေ” အဲဒါဟာ ခေတ်ပေါ်ကဗျာရဲ့သဘော
မှာ နိမိတ်ပုံပဲ။ မိခင်ရဲ့နို့နဲ့ Equal ဘတ်သီးဆိုတာ
ရှိရင် အဲဒါမျိုးကို ကျွန်တော်တို့ကဗျာဆရာတွေက
မာယာကော့ဖ်စကီးပြောသလို ယူရေနီယံသတ္တု တူး
ဖော်တဲ့နေရာမှာ ခင်ဗျားဖော်လိုက်တာကို ကျုပ် ကြိုက်
တယ်ဗျာ။ ကိုချောနွယ်ရေ… ကျွန်တော်တို့ ခေတ်ပေါ်
ကဗျာမှာ ၇၀-ခုနှစ်ကစပြီးလာခဲ့ရာမှာ ခု ၉၄-ရောက်
ပြီပေါ့ဗျာ။ အဲဒီရဲ့အင်္ဂါအစိတ်အပိုင်းတချို့ကို ကျွန်
တော် ပြောပြီးပြီ။ မောင်သာနိုးရဲ့ထင်ရှူးပင်ရိပ်ကို
လည်း ကျွန်တော် ပြောချင်တာကတော့ ကျွန်တော်တို့
လူငယ်တွေအတွက် တစ်စိတ်တစ်ပိုင်း ကျေးဇူးရှိတယ်
လို့ ကျွန်တော် မငြင်းဘူး၊ တချို့ကတော့ မောင်သာနိုး
ကြောင့်လို့ ဆိုတာကတော့ ကိုသာနိုးကလည်း လက်
ခံမှာမဟုတ်ဘူး။ ခေတ်ပေါ်ကဗျာမှာ တချို့ကတော့
အမျိုးသားဟန်နဲ့ ကင်းလွတ်ပြီးတော့ နိုင်ငံခြားဆန်
ရေးတွေ လုပ်သွားတာတွေ့ဖူးတယ်။ ခင်ဗျားကို ကျွန်
တော်တွေ့တဲ့အခါမှာတော့ လတ်ဆတ်တဲ့အမျိုးသား
ဟန်နဲ့ နိုင်ငံခြားဟန်ပေါင်းစပ်ထားတဲ့ပုံစံမျိုး၊ အလင်္ကာ
တွေ ပေါင်းစပ်တဲ့အခါမှာလည်း ခင်ဗျားက ထူးခြား
တယ်။ ဒါပေမဲ့ အခု ခင်ဗျားရဲ့ဆတ်သွားထဲ ကျွန်တော်
မေ့သွားတာတစ်ခုရှိတယ်။ ကျွန်တော်တို့ မော်ဒန်
သမားတွေ ရှောင်ရှားရမယ့်တစ်ခုကို ကျွန်တော် ဘာ
သွားတွေ့သလဲပြောရရင်…(အရာအားလုံး ထွားကျိုင်း၊
ဝဖီး၊ ခိုင်ဖြီးလွန်းလှတဲ့…) လှတယ်၊ ကောင်းတယ်၊
ဒါပေမဲ့ ခိုင်ဖြီးလွန်းလှကို ကျွန်တော် သဘောမကျဘူး
ဗျာ။ ဟုတ်ပြီ ဒါလေးက အနည်းအကျဉ်းပြောရတဲ့
ကိစ္စ။ ကိုချောနွယ်... ခင်ဗျားအတွေ့အကြုံနဲ့ ခင်ဗျား
ရေးနေတဲ့ ကဗျာနဲ့ပတ်သက်ပြီးတော့ ဒီနေ့လူငယ်တွေ
ကလည်း ကြားချင်လိမ့်မယ်။ ကျွန်တော်တို့ခေတ်ပေါ်
ကဗျာရဲ့ အရိပ်နိမိတ်ပြောသွားတယ်။ ခေတ်ပေါ်ကဗျာ
ကို ဆန့်ကျင်တဲ့သူတွေကလည်း တစ်မျိုးရှိတယ်။ အဲဒီ
တော့ ကျွန်တော် ခင်ဗျားကို အရှည်ကြီးမေးခွန်းထုတ်
ခဲ့တယ်။ ဘယ်ကဗျာဆရာကိုမှ အဲဒီလိုမေးခွန်းမထုတ်
ခဲ့ပါဘူး။ ဒီတော့ ကိုချောနွယ် ခေတ်ပေါ်ကဗျာရဲ့အရိပ်
နိမိတ်၊ ခင်ဗျားရဲ့အတွေ့အကြုံ၊ ခံစားမှု၊ အတွေး၊ ရစ်
သမ်တွေကိုတော့ လူငယ်တွေအားလုံး၊ လူသားအား
လုံးနားလည်အောင် ပြောပါဗျာ။

ဘယ်ကဗျာဆရာကိုမှ ဒီလို စိတ်ရှည်လက်ရှည် မမေး
ခဲ့ဘူးဆိုတဲ့အတွက် ကိုသင်းခိုင်ရေ ခင်ဗျားကို ကျေးဇူး
ဥပကာရ တင်ရှိလိုက်ပါတယ်။ ကျွန်တော်လည်း သိပ်
တော့ တတ်တတ်ကျွမ်းကျွမ်းမဟုတ်ပါဘူး။ ဒါပေမဲ့
အနုပညာဆိုတာ ဆန်းတယ်ဆိုတာကိုတော့ ကျွန်
တော် ဒီထဲမှာပဲ ပြောခဲ့ပြီးပါပြီ။ ကျွန်တော်ဟာ ကမ္ဘာ့
စာပေကလာတယ်။ အဲဒါက ကျွန်တော် နည်းနည်း
ပြောရလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကိုသင်းခိုင်
ရေ ခင်ဗျားကလည်း ကမ္ဘာသူ ကမ္ဘာသားကိုး။ ကျွန်
တော်လည်း ကမ္ဘာသူ ကမ္ဘာသားဖြစ်နေတာကိုး။ အဲဒီ
တော့ ကမ္ဘာကြီးပေါ်မှာ နေထိုင်သက်ရှိကြီးပြင်းနေတဲ့
သူတွေ ဒီကမ္ဘာကြီးကို အလှစီခြယ်ချင်တဲ့သူတွေဟာ
ကဗျာဆရာဖြစ်တယ်။ အဲဒီနည်းနဲ့ ကျွန်တော် ကြိုးစား
ဖြတ်သန်းခဲ့တာပါ။ သိပ်ပြီးကြီးကြီးကျယ်ကျယ် ပြော
စရာဆိုစရာ ကိုယ်ရေးရာဇဝင်တွေတော့ သိပ်မရှိပါ
ဘူး။ လွတ်လပ်ရေးတည့်တည့်လောက်မှာ မွေးတယ်။
မြန်မာပြည်ရဲ့ ကျောင်းတော်တော်များများမှာ ကျွန်
တော် ကျောင်းတက်ခဲ့တယ်။ နောက် ရှေ့က ကျွန်
တော်ပြောထားသလို ကျွန်တော် အားလုံးဆီက သင်
ကြားခဲ့တယ်။ တကယ်တော့ ကျွန်တော် ကမ္ဘာလော
ကကြီးကို ပြန်လည်သင်ကြားဖို့ရောက်လာတဲ့ Tea
cher တစ်ယောက်တော့ မဟုတ်ခဲ့ဘူး ကိုသင်းခိုင်
ရေ။ ကျွန်တော်တို့ ဆက်လိုက်ကြရအောင်။ ကမ္ဘာ
လောကကြီးဟာ တကယ်တော့ ဇာတ်ခုံကြီးပဲ။ လူတွေ
အားလုံးကလည်း ဇာတ်လိုက်ပေါ့။ သူတို့မှာ ဘဝအနာ
တွေ၊ ဘဝခံစားချက်တွေကို တစ်ပိုဒ်ချင်း တစ်လုံးချင်း
သီးခြားစပ်သွားတဲ့ ကဗျာတွေ သူတို့မှာ ရှိကြတယ်။
အဲဒါတွေကိုပဲ ကျွန်တော် ရှာဖွေကောက်ယူပြီးတော့
ရေးခြယ်သီကုံးခဲ့ပါတယ်။ ဥပမာ ကျွန်တော် မြစ်ကို
ဖြတ်ကူးတဲ့အခါကျတော့ ဆယ်ပြားသာရတဲ့ ကုတို့
သမားကြီးက စပ်ခဲ့တဲ့ကဗျာတစ်ပိုဒ် ရှိတယ်။ သူဟာ
ကဗျာဆရာ မဟုတ်ဘူးလို့ပြောပေမဲ့ ကဗျာဆရာပါ။
သူက ဘာပြောလဲဆိုတော့… “ပူတာတော့ မပြောနဲ့
မောင်ရင်လေးရေ…၊ ကျုပ်ရင်ကို ဆန်နဲ့ပေါက်ရင်
ပေါက်ပေါက်ပွင့်ရစေမယ်…”တဲ့။ ဟော အဲဒီအပိုဒ်
တောင်မှ ခုချိန်မှာ ကျွန်တော် ဘယ်လိုပြန်လည်
တင်ပြရမယ်ဆိုတာတောင် မသိသေးတဲ့ကိစ္စတွေ
ရှိပါတယ်။

ကဲ.. ကိုချောနွယ်ရေ.. ကိုသာနိုးကို ပြန်စကြရအောင်၊
ကိုသာနိုးကို ပြန်စရမယ်ဆိုတာကလည်း ကျွန်တော်
လည်း ကြုံတိုင်း စာမျက်နှာတိုင်းမှာ ရေးခဲ့ဖူးပါတယ်။
ကိုသာနိုးရဲ့အမှာစာတစ်ခုပေါ့။ အဲဒီအမှာစာကတော့
ကျွန်တော်တို့ ခင်ဗျားတို့ချစ်တဲ့ သူငယ်ချင်း ပထမ
အကြိမ်အထုတ်မှာ ပါခဲ့တဲ့အမှာစာပေါ့ဗျာ။ ခင်ဗျား
လည်း သိပြီးသားပါ။ အဲဒီ ကိုသာနိုးအမှာကိုတော့
ကျွန်တော်တို့လူငယ်တွေ ထောက်ခံတယ်ဗျာ။ လွယ်
လွန်းခြင်းချောက်ကမ်းပါး၊ စကားပြေဆန်လွန်းခြင်း
ချောက်ကမ်းပါး၊ ဂမ္ဘီရဆန်လွန်းခြင်းချောက်ကမ်းပါး
လွတ်မှ ခေတ်ပေါ်ကဗျာဖြစ်တယ်လို့ ကျွန်တော်တို့
လက်ခံတယ်။ အဲဒီကိစ္စကို ကိုချော ဆက်ပြီးတော့
ပြောဗျာ။

အငြင်းပွားစရာ မရှိလိုပါဘူး ကိုသင်းခိုင်ရယ်…။ ဒါ
ကြီးကြီးကျယ်ကျယ် အတိအကျကြီးကို သတိထားရ
မယ့်အချက်အလက်တွေ၊ ကိုသာနိုးရဲ့စေတနာကို
လည်း ကျွန်တော် လှမ်းမြင်ပါတယ်။ အဲဒီလို လှမ်းမြင်
တဲ့အတွက် ဒီအချက်ကိုတော့ ကျွန်တော် သဘောတူ
တယ်။ ကျွန်တော် အဲဒီအချက်ကို ကျွန်တော် အမြဲ
တမ်းရှောင်ရှားခဲ့တယ်။ ကျွန်တော့်ကဗျာတွေမှာလည်း
အဲဒီအချက်တွေကို ကျွန်တော် အမြဲတမ်း သတိကြီး
စွာထားခဲ့ပါတယ်။ ကျွန်တော်ဟာ ကဗျာတစ်ပုဒ်ကို
ရေးခြယ်တဲ့နေရာမှာ ကျွန်တော့်ကဗျာ တစ်ပုဒ်ဟာ
မသေချာဘူးဆိုရင် ကျွန်တော် လွှင့်ကိုပစ်ထားတာ။
ဘယ်သူ့ကိုမှ မပေးပို့ဘူး။ ကျွန်တော် တကယ်ရပြီလား
ဆိုရင်တော့ တစ်ပိုဒ်လေးပဲဖြစ်ဖြစ် လှမ်းပေးပို့ပါတယ်။
ခေတ်ပေါ်ကဗျာနဲ့ပတ်သက်ပြီးတော့ ကမ္ဘာကြီးတစ်ခု
လုံးမှာရှိတဲ့ ကဗျာဆရာတွေ ကျွန်တော်တို့ရှေ့ဘက်က
ကဗျာဆရာတွေရှိတယ်။ ရှင်မဟာရဋ္ဌသာရတို့ရှိတယ်။
ရှင်တေဇောသာရတို့လည်းရှိတယ်။ ဒီလိုပါပဲ။ ဒီလန်
သောမတ်စ်တို့လည်း ရှိတယ်။ ဒီလိုပါပဲ။ မာယာကော့
ဖ်စကီးတို့လည်း ရှိတယ်။ ကျွန်တော်တို့ အများကြီး
ရခဲ့တာတွေ ရှိပါတယ်။ အဲဒီကြားထဲက ကျွန်တော်
ကိုသာနိုးရဲ့စေတနာတွေကို နားလည်ပါတယ်။
နားလည်တဲ့အတွက် ဒီဟာနဲ့ပတ်သက်ပြီးတော့
ကျွန်တော် လက်ခံပါတယ်။

ကိုချောနွယ်ရေ… ခင်ဗျားနဲ့ကျွန်တော်ဟာ နှစ်ပေါင်း
များစွာ စန္ဒယားချစ်ဆွေစကားနဲ့ပြောရရင်တော့ ငယ်
ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ နေခဲ့တဲ့သဘောပါ။
အဲဒီတော့ ခင်ဗျားနဲ့ကျွန်တော်နဲ့ စကားဝိုင်းမှာ ခင်ဗျား
အယူအဆ၊ ကျွန်တော့်အယူအဆ နှစ်ယောက်တည်း
ပြောတဲ့စကားဝိုင်းမဟုတ်ဘဲနဲ့ လူငယ်တွေအတွက်
လည်း မြင်ရမယ်၊ ရှုရမယ်၊ နားဆင်ရမယ်ဆိုတဲ့
သဘောနဲ့ ကဗျာအလုပ်ရုံတစ်ခုဖြစ်သွားတယ်လို့
ခံစားမိလိုက်တယ်။ အဲဒီလိုပဲ တချို့ကတော့ ခေတ်
ပေါ်ကဗျာကို ဟိုတလောက ခင်ဗျားနဲ့ကျွန်တော်စပြော
ခဲ့သလိုပေါ့ဗျာ။ မဂ္ဂဇင်းတစ်ခုကနေ အင်တာဗျူးလုပ်
ခဲ့တာ ခေတ်ပေါ်ကဗျာဆိုတာ ကုန်းကောက်စရာမရှိ
ပါဘူး…ဆိုတာမျိုးတွေ ရှိခဲ့တယ်။ အဲဒီလို သဘောမျိုး
တွေ ဟုတ်ပြီ၊ ခေတ်ပေါ်ကဗျာကို မရိုက်နဲ့၊ ကျွန်တော်
လည်း လက်မခံဘူး။ နေရာတိုင်းမှာ ရာနှုန်းပြည့်မရှိ
ဘူး။ လက်ခံတယ်။ တစ်ခုခုတော့ ချွတ်ယွင်းနေတာ
ရှိတယ်။ တစ်ခုခုချွတ်ယွင်းနေတာနဲ့ တစ်ခုလုံးကို
မပြောနဲ့။ ကျွန်တော်လည်း လက်မခံဘူး။ ဟုတ်တယ်၊
ခေတ်ပေါ်ကဗျာမှာ ခင်ဗျား စောစောကပြောခဲ့သလို
ခင်ဗျားပိုင်မှလွှတ်တယ်။ ကျွန်တော်လည်း ပိုင်မှလွှတ်
တယ်။ တချို့ကနေပြီးတော့ အုတ်ရောရောနဲ့ ခေတ်
ပေါ်ကဗျာဟန်ဆောင်တဲ့ဟာတွေ ရှိတယ်။ ဒေါင်းနွယ်
ဆွေကဗျာလေးနဲ့ပြောရရင်တော့ စပါးပင်ယောင်
ဆောင်တဲ့ မြက်ပင်တွေ၊ ခေတ်ပေါ်ကဗျာတွေဆိုတာ
ရှိခဲ့တယ်။ ဒါတွေကိုတော့ ခင်ဗျားတို့ ကျွန်တော်တို့
ပေါင်းနုတ်၊ ဖြေရှင်းရမယ့် မြက်ခင်းတွေရှိတယ်ဆိုတာ
တော့ ကျုပ် ယုံတယ်ဗျာ။

ကျွန်တော်တို့ကဗျာလေး တင့်တယ်လှပ ဆန်းသစ်ဖို့
အတွက် ကျွန်တော်တို့က ရေလောင်းပေါင်းသင် မြက်
နုတ်ရမှာပေါ့ ကိုသင်းခိုင်။ မြက်မနုတ်လို့လည်း မရ
ဘူး။ ဆွမ်းဆန်ထဲ ကြက်ချေးရောတာတွေကတော့
ကမ္ဘာအနှံ့အပြားမှာ ရှိတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့
ကတော့ ဟာ… ဒီလိုတော့ မခံနိုင်ဘူးလေ။ ကျွန်တော်
တို့ ရွေးရ၊ ဖယ်ရ၊ သန့်စင်ရလုပ်ရမှာပေါ့။ သူတို့ကို
လည်း ကျွန်တော်တို့က ဘာမှမဖြစ်ပါဘူး။ သူတို့ဘဝနဲ့
သူတို့ အနုပညာမှာတော့ မရိုးမသားလုပ်လို့ကတော့
မရဘူးဗျာ။ ရိုးသားတယ်၊ မရိုးသားဘူး၊ ဟိတ်ဟန်
ထုတ်တယ်၊ မထုတ်ဘူး၊ ဘယ်ကနေ ဘယ်လိုပုံတူ
ကူးချတယ်၊ မကူးချဘူးဆိုတာ တကယ်ဖတ်ထားတဲ့
နှလုံးသားတွေက သိကြပါတယ်ဗျာ။ ဒါကြောင့် ရင်ကို
ရင်ချင်း JET PIN ထိုးပြီးကာမှ ကျွန်တော်တို့ အနု
ပညာကို ကျွန်တော်တို့ ပေးပို့ခဲ့တာပါလို့ ကျွန်တော်
ပြောခဲ့တာပါ။

ကိုချောရေ ဒီနေ့ ခေတ်ပေါ်ကဗျာအကြောင်း၊ ခင်ဗျား
ရဲ့ရိုးသားမှု အနုပညာဆိုတာ ရိုးသားရမယ်လို့ ပြော
တာကို ကျွန်တော် လက်ခံပါတယ်။ ကျွန်တော်တို့က
လည်း မော်စီတုန်းပြောခဲ့တဲ့စကား မှတ်မိသဗျ။ အရင်
နှစ်ပေါင်း ၂၀-လောက်ကပေါ့ဗျာ။ ရိုးသားကြပါ။
မကောက်ကျစ်ကြပါနဲ့။ ဟုတ်တယ်။ ရိုးသားပါ။
မကောက်ကျစ်ပါနဲ့။ အနုပညာဆန်ဆန်ပဲ လုပ်ပါလို့
ကျွန်တော် ဆက်ပြောချင်တယ်။ ဟုတ်ပြီ။ ခင်ဗျားနဲ့
အတူ ခေတ်ပြိုင်ကဗျာဆရာတွေထဲမှာ ခေတ်ပေါ်
ကဗျာအဖြစ် သတ်မှတ်ထားတဲ့ ကဗျာဆရာတွေ ဘယ်
သူလဲ သိချင်တယ်။ နောက်ပြီးတော့ ခင်ဗျားရဲ့ဖြတ်
သန်းမှုမယ် လူငယ်တွေထဲက ခင်ဗျားသတ်မှတ်တဲ့၊
ခင်ဗျားကြိုက်နှစ်သက်တဲ့ ခင်ဗျားကိုယ်ပိုင်အမြင်ပေါ့
ဗျာ။ လူငယ်ကဗျာဆရာတွေရှိရင်လည်း ပြောပြပါဗျာ။

ရယ်ရယ်မောမောနဲ့ လှလှပပပေါ့ဗျာ။ ပြောပြရင်
တော့ ကျွန်တော့်ကိုယ်ကျွန်တော် အကြိုက်ဆုံးလို့
ကျွန်တော် ပြောရမှာပေါ့။ တကယ်တော့ ကျွန်တော်
အဲဒါမျိုး မဟုတ်ပါဘူး။ ကျွန်တော့်ကိုယ်ကျွန်တော်
ကြိုက်ဖို့တော့ လိုတယ်ဗျ။ ဘာကြောင့်လည်းဆိုတော့
ခင်ဗျားဘဝကို ခင်ဗျား ဆောက်တာလေ။ ကျွန်တော့်
ဘဝကို ကျွန်တော် ဆောက်တာလေ။ ကျွန်တော့်
အသိုက်ကလေးကိုတော့ ကျွန်တော် ဆောက်ခဲ့တယ်။
အဲဒီအတွက် ကျွန်တော့်ကိုယ်ကျွန်တော် အကြိုက်ဆုံး
လို့ ပြောရတာပေါ့။ တကယ်တော့ ကျွန်တော်အကြိုက်
ဆုံးကဗျာဆရာက ကိုလေးအောင်ပါပဲ။

ဥရောပက MODERN ကဗျာနဲ့ မြန်မာခေတ်ပေါ်
MODERN ခြားနားမှု ရှိ၊ မရှိ ခင်ဗျားအမြင်ကို
သိချင်တယ်။

ကျုပ်အမြင်ကတော့ မတူဘူးလို့ပြောရမှာပဲ။ သူ့ရေ၊
သူ့မြေ၊ သူ့အတွေး၊ သူ့အရေးနဲ့ ကျုပ်တို့အရေး၊
အတွေး၊ အမြင်တွေ မတူနိုင်ပါဘူး။ စကော့တလန်
ဝီစကီနဲ့ ကြံကိုချက်တဲ့ ရမ်အရက်နဲ့ မတူသလိုပေါ့။
ဒါပေမဲ့ နှစ်ဖက်စလုံးကတော့ ကမ္ဘာသုံးဖြစ်ရမယ်။
ကမ္ဘာတစ်ခုလုံး စားသုံးနိုင်ရမယ်။ ဒီအချက်ကတော့
တူရမယ်။ ကျုပ်တို့ရဲ့ခေတ်ပေါ်ကဗျာဟာ “ပြည်တွင်း
ဖြစ် နိုင်ငံခြားအရက်”လို့ လောလောဆယ် ပြောရ
မယ်ဆိုရင် ပိုနီးလိမ့်မယ်။

ဘယ်လိုကဗျာမျိုးကို MODERN ခေတ်ပေါ်ကဗျာ
လို့ ယူဆရမလဲ။

ကဗျာကောင်းတစ်ပုဒ်လို့ သတ်မှတ်နိုင်တဲ့စံအလုပ်ကို
ပညာရှိတွေ (အသိပညာရှင်တွေ)က လုပ်ကြပါလိမ့်
မယ်။ ဒါပေမဲ့ ကဗျာကောင်းတစ်ပုဒ်ဟာ ကဗျာဖြစ်ဖို့
တော့ အရေးကြီးတယ်ပေါ့။ Beauty အလှပါရမယ်။
Words Decree စကားလုံးဒီဂရီလည်း အား
ကောင်းဖို့လိုမယ်။ Style သစ်ဆန်းမှုတွေ ဘာတွေ
လည်း လိုမယ်။ တင်ပြပုံတွေ ဘာတွေပေါ့ဗျာ။ သူ့
Floor Rhythm တွေလည်း သူ့နေရာနဲ့သူ ဖွဲ့စည်း
ထားဖို့လည်း ပါဝင်နေတယ်။ ဒဿနတွေလည်း ပါဝင်
နေမယ်။ အို... အများကြီးပါပဲဗျာ။ ဒါပေမဲ့ သိမှု တတ်
မှုနဲ့တော့ ကဗျာရေးလို့ ကဗျာဖြစ်မလာ ဘူးလို့ ကျုပ်
ယုံတယ်။ ဒီလောက်ဆိုတော်ပါပြီဗျာ။ ဒါက ကဗျာသင်
တန်းပို့ချတာမဟုတ်သလို ကျုပ်က ပို့လည်းမပို့ချတတ်
ပါဘူး။ အနည်းအကျဉ်း ကိုယ်နားလည်မိသလောက်
ကလေးပဲ ပြောကြည့်တာပါ။ ပြောပြတာမဟုတ်ဘူး
နော်။

ကိုချောနွယ်ရေ… အရင်က ဆရာဒဂုန်တာရာရဲ့
သဘောတရားအရ ပြောရရင်တော့ ခေတ်ဆန်းခေတ်
ကျော်ပြီးတဲ့နောက် (ခေတ်ဆန်းခေတ်)မှာ ကဗျာဟာ
ရွတ်ဖို့မဟုတ်၊ ကဗျာဟာ ဖတ်ဖို့အတွက် စက္ကူတွေ
ပေါ်လာတဲ့အခါမှာ ဖတ်ဖို့အတွက် ရေးတာလို့ ဆရာ
ပြောခဲ့တယ်။ ခင်ဗျားရော ကျွန်တော်ရော အဲဒီကိစ္စကို
လက်ခံခဲ့ကြတာပဲ။ ဟုတ်ပြီ၊ ၂၁-ရာစုရောက်ဖို့ နည်း
နည်းလေးပဲလိုတော့တဲ့ ကာလလည်းဖြစ်တယ်။ ခင်
ဗျားရော ကျွန်တော်ရော မြန်မာပြည်မှာ ခရီးအများဆုံး
သွားခဲ့ကြတယ်။ စကားဖောက်ပြောရရင်တော့ နေရာ
တိုင်းမှာ ကျွန်တော်နဲ့ ခင်ဗျားဟာ ခရီးသွားကဗျာတော့
မရေးခဲ့ဖူးပါဘူး။ ဒါပမဲ့ ခရီးသွားကဗျာမဟုတ်ပေမယ့်
ဆတ်သွားဟာ ခရီးသွားကဗျာတွေကို နဘေအရပြော
ရရင်တော့ ဆတ်သွားကတော့ ခရီးသွားကဗျာတွေကို
ဖြတ်သွားတယ်ဗျာ။ နောက် ကျွန်တော်ပြောချင်တာ
ကတော့ နေရာတိုင်းမှာ ခင်ဗျားတို့ ကျွန်တော်တို့
ကဗျာတွေ ရွတ်ဆိုခဲ့ကြတယ်။ ခေတ်ပေါ်ကဗျာကို
ကျွန်တော်တို့တွေဟာ ရွတ်ဆိုဖို့လိုပြီလို့ထင်တယ်။
ခင်ဗျားလည်း ရွတ်ခဲ့တယ်။ အဲဒီတော့ ကဗျာကိုရွတ်ဖို့
ဆိုဖို့အတွက်ကို ကိုချောနွယ်ကြီးရဲ့ အတွေ့အကြုံနဲ့
ပတ်သက်ပြီးတော့ ကဗျာကို ရွတ်ဖို့လား၊ ဆိုဖို့လားဆို
တာကိုတော့ ပြောပြပါ။

ကဗျာဆိုတာကလည်းဗျာ ဖတ်မှလူတွေက သိကြတာ
ကိုး။ သြော်... မဂ္ဂဇင်းထဲမှာ ကဗျာတွေပါတဲ့အခါကျ
တော့ ဒီလိုပဲကျော်လွှားသွားကြတယ်။ အဲလိုကျော်
လွှားသွားကြတယ်။ တကယ်တော့ ကျွန်တော်တို့
ကဗျာဟာ Audio Visual နဲ့ ရှင်သန်ရမှာပေါ့။
ရွတ်ဖို့လည်း လိုအပ်တယ်။ Visual နည်းနဲ့လည်း
ကဗျာတွေ ပြောပြရမှာပေါ့။ မပြောပြတဲ့အခါကျတော့
ကျွန်တော်တို့ဟာ ခုချိန်ကျတော့ နည်းနည်းလေး
မှိန်မှိန်နေတာ အဲဒီကိစ္စပဲ။ လူတစ်ယောက်က မဂ္ဂဇင်း
ကို လှန်လိုက်လို့ စာအုပ်ကို ဖတ်တဲ့နေရာမှာ ကဗျာ
တွေကို ကျော်ကျော်သွားတယ်။ တကယ်ဖတ်တဲ့သူ
ကျတော့လည်း ဖတ်မှ သူက သိရတာကိုး။ မဖတ်ရင်
မသိဘူး။ အဲဒီလို ဘဝနိမ့်ရတာလေးတွေရှိတယ်။
အဲဒီလို အနိမ့်လေးတွေကို မြှင့်တင်တဲ့အနေနဲ့ ကျွန်
တော်တို့ကဗျာကို Audio Visual နည်းစနစ်နဲ့
ဖော်ပြဖို့ လိုအပ်တယ်လို့ ကျွန်တော်ကတော့ သေချာ
ပေါက်ယုံတယ်ဗျာ။

ဟုတ်တယ် ကျွန်တော်ကြုံခဲ့ရတာ အတော်များတယ်
ကိုချောနွယ်ရေ။ ခင်ဗျားနောက်ပိုင်းရောက်ခဲ့တာ ကျွန်
တော်က ၉၄-ဇန်နဝါရီလောက်က မကွေးရောက်ခဲ့
တယ်။ မကွေးရဲ့မြစ်မကြီးကျွန်းပေါ်မှာ မကွေးက
ကဗျာဆရာတွေ လေပြေသုန်၊ မြတ် စတဲ့ဆရာတွေက
ကဗျာရွတ်ပွဲကျင်းပခဲ့ကြတယ်။ နေထက်နိုင်ပါတယ်။
အဲဒီအခါမှာ ကျွန်တော်တို့ရွတ်ခဲ့တဲ့ကဗျာတွေကို
အသံသွင်းထားတယ်။ ခင်ဗျားကိုလည်းမှာတာပဲ။
ခင်ဗျား ခရီးလွန်နေလို့ မပါခဲ့ဘူး။ ကျွန်တော် ပါသွား
တယ်။ အဲဒီရွတ်ခဲ့တဲ့ဟာတွေကို ကျွန်တော် အင်နဲ့
အားနဲ့ကို ဖြစ်ခဲ့တယ်။ အဲဒီလိုပဲ ကမ္ဘာမှာကတော့
ဆိုဗီယက်ရဲ့ဘာသာဗေဒအရကြောင့်လား မသိဘူး။
ကဗျာရွတ်ပွဲတွေ အတော်ထွန်းကားခဲ့တယ်။ ဒီနေ့ကာ
လမှာလည်း ကျွန်တော်တို့တွေဟာ ဆရာတာရာ ပြော
ခဲ့သလို ဖတ်ဖို့ဆိုတာက ဒီနေ့ကာလမှာ စာမျက်နှာ
အခက်အခဲရှိတယ်။ ရွတ်ကြဆိုကြရတဲ့နေရာမှာ လေး
လုံးစပ်ရွတ်မလား၊ ဒါပေမဲ့ ရတုရကန်ကတော့ မပါနိုင်
ဘူးပေါ့။ ရွတ်လို့ရကြတယ်။ ကျွန်တော်တို့ အဲဒီမှာ
ရွတ်ခဲ့ဆိုခဲ့ကြခြင်းဖြစ်တယ်။ အဲဒီမှာ ကျွန်တော် ပြော
ခဲ့တယ် ကိုချောနွယ်ရေ၊ ကဗျာဆရာတွေ တစ်ပြည်
လုံးမှာရှိကြတယ်။ မကွေးက အခွေလည်း ပုသိမ်ပို့
မယ်။ ပုသိမ်က အခွေကိုလည်း ဘယ်ပို့မယ်ဆိုပြီး
တော့ ကဗျာဆရာချင်းက စာမျက်နှာတွေကိုကျော်ပြီး
တော့ အလုပ်လုပ်ဖို့ရှိတယ်ဆိုပြီးတော့ ကျွန်တော်တို့
ခင်ဗျားတို့ ရည်မှန်းခဲ့ကြတယ်။ အဲလို နေပြည်တော်မှာ
လည်း အောင်သစ်ဝေရဲ့ (တစ်ဦးချင်းဆို)ထားတဲ့
ကဗျာ။ မောင်ရှင်စောရဲ့အခွေလေးတွေ ရှိခဲ့တယ်။
အဲဒီတော့ ကိုချောနွယ်ရေ နောက်ဆိုရင် တစ်ပြည်လုံး
မှာ ကဗျာဆရာတွေ တစ်နယ်နဲ့တစ်နယ် ပြန့်ပွားဖို့
အတွက် ပျံ့နှံ့ဖို့အတွက် စာမျက်နှာပေါ်ထက် ကျော်
လွန်ဖို့အတွက် ကဗျာရွတ်ပွဲတွေလုပ်ဖို့ ဆန္ဒရှိပါတယ်
ကိုချော။

ကဗျာရွတ်ပွဲကတော့ တကယ့်ကိုပဲ လှိုက်လှိုက်လှဲလှဲ
ကျင်းပဖို့ သင့်ပါရဲ့။ ကျွန်တော်တို့ရဲ့ကဗျာရွတ်ပွဲပေါ့။
ကဗျာဆရာသေရင် ကဗျာပဲ ရွတ်ဖတ်သရဇ္ဈာယ်ပြီး
တော့ ကမ္ဘာကြီးက ထွက်ခွါရတယ်တဲ့ ကိုသင်းခိုင်။
ဒီကဗျာရွတ်ပွဲတွေဟာ နောက်ဆုံး ရုပ်မြင်သံကြားတွေ၊
ရေဒီယိုတွေ၊ တိပ်ခွေတွေ၊ Laser Disc နဲ့ကော
မောင်သင်းခိုင် ကဗျာကိုထုတ်ဖို့ ကျုပ်တို့က ဘာလို့
ငြင်းဆိုရမှာလဲ။ ထွက်ကိုထွက်ရမယ်။ Laser Disc
နဲ့ကော မောင်သင်းခိုင် ကဗျာကို ထွက်ရမယ်။

ဟုတ်တယ် ကျွန်တော် အမှတ်ရတယ်။ ၃၁-လမ်းက
ကျွန်တော့်ဦးလေး ကလောင်ပျံ ဦးဘကိုးကနေပြီး
တော့ ကျွန်တော့်ကို ပြောဖူးတယ်။ ၇၀-ကာလကပေါ့
ဗျာ။ အဲဒီကတည်းက ကျွန်တော် မှတ်မှတ်သားသား
ရှိခဲ့တယ်။ မောင်သင်းခိုင်ရေ… မင်းတို့ကဗျာတွေကို
စာမျက်နှာနဲ့ မလုပ်နဲ့တော့နော်တဲ့။ အခုခေတ်ပေါ်
မင်းမင်းလတ်တို့လိုကွာ။ မင်းတို့ကဗျာတွေကို အခွေ
သွင်းပြီး ဖြန့်ကြတော့ကွာတဲ့။ ကျွန်တော့်ဦးလေး ဦးဘ
ကိုး ကလောင်ပျံ ဦးဘကိုးကိုယ်တိုင်က အဲဒီလိုပြော
ဖူးတယ်။ အဲဒါလေး ကျွန်တော် ခံစားပြီးတော့ ကျွန်
တော့်မှာလည်းနော်၊ ခင်ဗျားတို့နဲ့ တကွဲတပြားဖြစ်၊
တည်ဆောက်မှုဘဝ ဟိုရောက် ဒီရောက် ရောက်
တဲ့အခါမှ ယခုပြန်လည်ဆုံစည်းကြတဲ့နှစ်တွေမှာ
ဒီအလုပ်ကလေးတွေဟာတော့ ကဗျာလောကသား
တွေအတွက်၊ မျိုးဆက်သစ်လူငယ်တွေအတွက်
ကောင်းတယ်ဆိုတာ ခင်ဗျားနဲ့ကျွန်တော်တို့ ဒီစကား
ဝိုင်းမှာ အသိအမှတ်ပြုတယ်ဗျာ။

ကဗျာဆရာဆိုတာ အနာဂတ်သန်းပေါင်းများစွာရဲ့
ဗိသုကာပါ။ ကျွန်တော် သိပ်ပြီးတော့ တင်နေတာ
တော့ မဟုတ်ဘူး ကိုသင်းခိုင်။ ကျွန်တော်တို့က အနှိမ်
ခံဘဝတွေနဲ့ပဲ ကျွန်တော်တို့ကဗျာတွေကို ကျွန်တော်
တို့ ချစ်ချစ်မက်မက်ကြီး လျှောက်လှမ်းလာခဲ့ရတဲ့ ကျွန်
တော်တို့ရဲ့ ပြင်းထန်လှတဲ့ခံစားချက်ရှိလို့ ကျွန်တော်
ပြောပြတာပါ။ ကျွန်တော်တို့ကဗျာ ၉၅၊ ၉၆၊ ၉၇၊ ပေါ့
ဗျာ။ ကျွန်တော့်တို့ကဗျာကို Laser Disc နဲ့ ထုတ်
မယ်ဗျာ။

ဟုတ်တယ် ၂၁-ရာစု အဖွင့်တံခါးမှာ မြန်မာပြည်
ကဗျာဆရာအားလုံးဟာ ကျွန်တော် ခဏလေးပြော
ချင်တယ် ကိုချော။ ဇော်ဝင်းထွဋ်ရဲ့ စတိတ်ရှိုးတွေနေ
ရာမှာ ကဗျာဆရာတွေ၊ ကဗျာရွတ်ဆိုပွဲတွေ ရောက်
ချင်တယ်။ ရောက်ရမယ်လို့ ကျွန်တော်ကလည်း ယုံ
ကြည်တယ်ဗျာ။ အနာဂတ်စိတ်ကူးပါ။

ရောက်ကို ရောက်ရမှာပေါ့ဗျာ။ အစစ်အမှန်တွေက
အစစ်အမှန်နေရာကို ရောက်ကြမှာပေါ့။ အစစ်အမှန်
တွေက အစစ်အမှန်နေရာကို မရောက်လို့မဖြစ်ဘူး
လေ။ မိုးတော့လင်းရမှာပေါ့ ကိုသင်းခိုင်ရယ်။ ရွှေမန်း
တင်မောင်ဆိုတဲ့ သီချင်းထဲကလိုပေါ့ဗျာ။ အသစ်စက်
စက်ကလေးနဲ့ ချစ်ရက်သာနေချင်ကြတယ်။ ဟုတ်ပြီ
ကျုပ်တို့တိုင်းပြည်နဲ့ ကျုပ်တို့ အနုပညာအသစ်စက်
စက်ကလေးနဲ့ တိုင်းပြည်ကြီးက ချစ်ရက်သာနေရမှာ
ပေါ့ဗျာ။ အနုပညာ၊ စာပေ၊ ပန်းချီ၊ သဘင်၊ ရုပ်ရှင်၊
ဂီတ အားလုံးသစ်ဖို့တော့ လိုတာပေါ့ဗျာ။ ဒီနေရာမှာ
နည်းနည်းလေးတော့ ပြောပြချင်တယ်။ တစ်ကြောင်း
တည်းပါ။ “ဆန်းသစ်သွေးသားရှိမှ ဆန်းသစ်အတွေး
အခေါ်ရမယ်” ဆိုတဲ့ အကြောင်းလေး တစ်ကြောင်း
တော့ ကျွန်တော် ဖြတ်ပြောလိုက်ပါတယ်။ ကိုသင်းခိုင်
ခင်ဗျားကလည်း မေးခွန်းတွေအများကြီးမေးလိုမေး၊
ကျွန်တော်ကလည်း အဲဒီ တစ်ခါတစ်ခါမေးတဲ့မေးခွန်း
သုံးလေးခုပါဝင်တဲ့ အဓိပ္ပါယ်တွေ အများကြီးသက်
ရောက်နေတဲ့ ခင်ဗျား မေးခွန်းတွေကို ကျွန်တော်က
လည်း တစ်ခုလောက်ပဲဖြေနိုင်ခဲ့တယ်။ ကျွန်တော်တို့
မှာ လောလောဆယ် အချိန်သိပ်ပြီးမရကြဘူး။ နောက်
နောင်တော့ ခင်ဗျားတို့ ကျွန်တော်တို့ ဒီမိုးကုပ်စက်
ဝိုင်းကြီး တစ်ခုတည်းအောက်မှာ နေထိုင်ခဲ့ကြသူတွေ
ဖြစ်တဲ့အတွက် တစ်ယောက်ရင်ခုန်သံလည်း တစ်
ယောက် ကြားနေကြတော့ ကျွန်တော်တို့ စကားဝိုင်း
တွေ ပြောဖြစ်ဦးမှာပါ။ အခုအချိန်မှာတော့ ကျွန်တော်
လည်း ဥပမာ ဆတ်သွားဆိုလို့ရှိရင် ဆတ်သွားနဲ့ပတ်
သက်တဲ့ ကိုသင်းခိုင်ပြောခဲ့တဲ့ ခိုင်ဖြီးဘာညာ စကား
လုံး နှစ်လုံးလေးဟာ ဒါတော့ ဒါလေးတော့ ဟိုဒင်း
မဖြစ်ဘူး။ ကျန်တာတွေမှာတော့ ခင်ဗျားဆတ်သွား
ဟာ အောင်မြင်တယ်။ ဘာညာပြောတာလေးအတွက်
ကျွန်တော် ပြောစရာစကားတွေရှိပါသေးတယ်။ ခိုင်ဖြီး
ဆိုတာ မြန်မာစကားလုံးအစစ်လေးပါပဲ။ အဲဒီအချိန်မှာ
ခိုင်ဖြီးဆိုတဲ့ စကားလုံးဟာ ဘယ်ကနေ ဘယ်လို
ရောက်လာတယ် ရေးလိုက်တယ်ဆိုတာ မသိဘူးဆို
တာမျိုးတွေ ကျွန်တော် ပြောစရာရှိပါတယ်။ နောက်
တစ်ခုက လူငယ်ကဗျာဆရာတွေနဲ့ပတ်သက်လို့ ခင်
ဗျားကြိုက်တဲ့ ကဗျာဆရာတွေ ဘယ်သူတွေရှိလဲ။
ဘယ်ဝါရှိသလဲ၊ ကိစ္စကျတော့ လောလောဆယ်မယ်
နာမည်နဲ့တော့ သိပ်မပြောချင်ပါဘူး။ သူငယ်ချင်း
ကဗျာဆရာတွေလည်း ရှိပါတယ်။ လူငယ်တွေလည်း
အများကြီးပေါ့။ ပုံနှိပ်ဖော်ပြခြင်းရှိတာ မရှိတာ၊ မဂ္ဂဇင်း
စာမျက်နှာပေါ် ရောက်တာ၊ မရောက်တာ အပြင်မှာ
လည်း လူငယ်တွေ အများကြီးပါပဲ။ အဲဒီလူငယ်တွေ
အများကြီးအတွက်တော့ ကျွန်တော် အခုအချိန်မှာ
ထွင်းထွက်ပြီးတော့ သိပ်ပြောလို့မဖြစ်သေးဘူးပေါ့ဗျာ။
တစ်ချိန် ရောက်ပါလိမ့်မယ်။ တစ်ချိန် ခင်ဗျားရော
ကျွန်တော်ရော တကယ်တိတိကျကျပြောရမယ့်အချိန်
ရောက်ပါလိမ့်မယ်။ တချို့အရာတွေကလည်း ကျန်တဲ့
လူတွေပြောကြမှာပဲ။ ကျန်တဲ့လူတွေပြောမှပဲ ကောင်း
တဲ့ဟာလေးတွေရှိမှာပဲ။ ဒါက သမိုင်းကိစ္စလေးတွေ
ကိုး။ ကျွန်တော်တို့က ခုချိန်မှာ အဲဒီလိုကြီးတွေ သွား
ပြီးတော့ တွင်တွင်ကျယ်ကျယ်ကြီးတွေ ပြောပြလို့
မကောင်းဘူးလေ။ သူတို့ကြိုးစားကြပါတယ်။ လူငယ်
တွေကို ကျွန်တော် သိပ်အားရပါတယ်။ ဒီမှာဘက်
ကမ်းမှာပေါ့ဗျာ။ ဒီမှာဘက်ကမ်းမှာတော့ လူငယ်တွေ
တော်တော်များများ ကြိုးစားကြပါတယ်။ ဘာလို့လဲဆို
တော့ ကျွန်တော်တို့ကိုယ်တိုင်ကလည်း လူငယ်လူ
လတ်တန်းတွေအနေနဲ့ ဖြတ်သန်းလာခဲ့ရတော့ လူ
ငယ်တွေကို ကျွန်တော်တို့ကကြိုဆိုတယ်။ နှစ်ထောင်း
အားရဖြစ်တယ်။ သူတို့အနုပညာကို ကျွန်တော်တို့ မုဒိ
တာပွားတယ်။ ကြိုဆိုတယ်။ ပွေ့ဖက်တယ်။ တတ်နိုင်
သမျှ ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံလေး
တွေကိုတော့ ကျွန်တော်တို့ ပြောပြဖို့ အမြဲတမ်းအဆင်
သင့် ရှိပါတယ်။ သူတို့နဲ့ ကျွန်တော်တို့ တွေ့တဲ့အခါကျ
တော့ ပြောပြရတာပေါ့။ သစ်လွင်တောက်ပတဲ့ အနု
ပညာတွေ ကျွန်တော်တို့တိုင်းပြည်မှာ ထွန်းကားဖို့
အတွက် ကျွန်တော်တို့တွေ အများကြီးအားစိုက်ရဦး
မှာပါ။ နည်းနည်းဗျာ ကြားထဲမှာ ဖြတ်ပြောရရင်တော့
ဘာလဲဆိုတော့ဗျာ ဒီနေ့ အဆိုတော်တစ်ယောက်ဟာ
စတိတ်ရှိုးမှာ လေးငါးသောင်း ရနေပေမယ်လို့ ကျွန်
တော်တို့ကဗျာလေးကတော့ တစ်ပုဒ် တစ်ရာ နှစ်ရာနဲ့။
ကျွန်တော်တို့ကလည်း ရင်ထဲမှာ (Creation)ပါပဲ။
အဲဒါလေးတွေတော့ ကျွန်တော့်စိတ်ထဲမှာ မကောင်း
တော့ ကျွန်တော့်တို့လည်း ခုချိန်မှာ ရှေ့ကနေပြီးတော့
ရင်နဲ့ ဆီးခံပြီးတော့ ကဗျာအတွက် တိုက်ယူနေရပါ
တယ်။ အဲဒါတွေကိုတော့ လူငယ်တွေက ဆက်လက်
တိုက်ယူသွားရင်တော့ ပိုကောင်းမှာပေါ့ဗျာ။ မဂ္ဂဇင်း
ကြီးတွေကလည်း အဲဒီလောက်ကြီး ကျွန်တော်တို့
ကဗျာဆိုတဲ့ (Creation Art) ဒီဖန်တီးမှုအနုပညာ
ပေါ်မှာတော့ အဲဒီလောက်ကြီး မထားသင့်ပါဘူး။ မြ
မာလာဖိနပ်တစ်ရန်ဖိုးတောင် မရှိဘဲနဲ့ ကျွန်တော်တို့
ကဗျာစပ်ခဲ့တဲ့ခရီးလေးကိုတော့ ကျွန်တော်တို့ ခံစား
ရင်း လှိုက်လှိုက်လှဲလှဲခံစားရင်း ကျွန်တော် ဒီစကား
တွေကို ပြောခဲ့ပါတယ်။ ဈေးနှုန်းအကြောင်းကိုတော့
သိပ်မပြောသင့်ဘူးပေါ့ဗျာ။ (Value)ဆိုတဲ့ တန်ဖိုး
အကြောင်းပဲ ပြောချင်တယ်။ ကျွန်တော်တို့က
တန်ဖိုးကိုပဲ စကားပြောချင်တယ်။ တန်ဖိုးချင်းထိုက်
တန်တဲ့ တန်းဖိုးချင်း၊ တစ်ယောက်တစ်ခု ထိစပ်သင့်
တယ်လို့ ကျွန်တော်တော့ လက်ခံတယ်ဗျာ။ ကျွန်
တော် စကားလည်း သိပ်မပြောတတ်ပါဘူး။ ရုတ်တ
ရက်ကြီး ခုလို ကိုသင်းခိုင်နဲ့ စကားပြောခွင့်၊ စာမျက်
နှာပေါ်က စကားပြောခွင့် ကြုံခွင့်ရတဲ့အခါကျ ဝမ်းသာ
လှိုက်လှဲပြီး စိတ်တွေလည်း လှုပ်ရှားတာပေါ့။ အဲဒီ
အခါကျတော့ ကျွန်တော်ပြောချင်တဲ့ ဥစ္စာလေးပဲ ပြော
ခဲ့ပါတယ်။ တစ်နိုင်တပိုးလေးပေါ့ဗျာ။ အဲဒီတော့ဗျာ
ကျွန်တော်တို့က (ဘဝတန်ဖိုးကို ရေမိုးချိုးရင်း တိုး
ဖြည့်ပြီးတော့) ဒီအနုပညာလမ်းမကြီးမှာ အားဖြည့်
ပြီးတော့၊ ဒီအနုပညာလမ်းမကြီးမှာ တစ်ယောက်
တစ်ယောက် ကျန်းကျန်းမာမာ ဝမ်းမြောက်ဝမ်းသာနဲ့
ခရီးသွားကြပါစို့လို့ ကျွန်တော် ပြောလိုပါတယ်။

(''မောင်ချောနွယ်သို့ အင်တာဗျူး'' စာအုပ်မှ...)