[Zawgyi]
ဆိုလို ( Solo )
အေမာေဖာက္ေနတဲ့ ေနေရာင္ျခည္
အေၾကာဆြဲေနတဲ့ေလညင္း
အနာရင္းေနတဲ့ေကာင္းကင္
အသက္ငင္ေနတဲ့ တိမ္တိုက္
ဆိုးမိုက္တဲ့ရာသီဥတု
ေျခသလုံးအိမ္တိုင္က်ီးကန္းေတြနဲ႕
အေလ့က်ပန္းေတြရဲ႕ ဂီလာနဆည္းဆာမွာ
ငါဟာ
ေသြးမတိတ္ေသးတဲ့ ဂစ္တာ
မိုဃ္းေဇာ္
ပန္းအလၤကာ အမွတ္ ၁၀
[Unicode]
ဆိုလို ( Solo )
အမောဖောက်နေတဲ့ နေရောင်ခြည်
အကြောဆွဲနေတဲ့လေညင်း
အနာရင်းနေတဲ့ကောင်းကင်
အသက်ငင်နေတဲ့ တိမ်တိုက်
ဆိုးမိုက်တဲ့ရာသီဥတု
ခြေသလုံးအိမ်တိုင်ကျီးကန်းတွေနဲ့
အလေ့ကျပန်းတွေရဲ့ ဂီလာနဆည်းဆာမှာ
ငါဟာ
သွေးမတိတ်သေးတဲ့ ဂစ်တာ
မိုဃ်းဇော်
ပန်းအင်္လကာ အမှတ် ၁၀
Mg Anorma; The Reader
Everything is Art if you can see.
Sunday, October 14, 2018
ဆိုလို(Solo)
Thursday, October 11, 2018
ႏႈတ္ခမ္းေလးရဲ႕အေဝး
[Zawgyi]
ႏႈတ္ခမ္းေလးရဲ႕အေဝး
=====================
-ေမာင္သိန္းေဇာ္
အ လြမ္း နဲ႕ ေငါေငါ
အမည္မသိ ၊ ကိုယ့္ပါရမီနဲ႕ကိုယ္ထိရွလို႔
နာတာကို နာတယ္လို႔
မေျပာတဲ့ေျမႀကီး သီးစရာရွိတာသီးခဲ့ ။
အတင့္ရဲတဲ့ႏုတ္ခမ္းေလးက
ပြင့္စရာရွိတာပြင့္သြားမွာတဲ့ -
ထေႏွာင္းဆူးေတြ
အထြန႔္မတက္နိုင္ေအာင္
မ်က္ႏွာေပးေလးတစ္ခုနဲ႕ ဟန႔္ထားတဲ့
တိမ္သားျဖဴျဖဴေရ
သူအခ်စ္ကို တယုတယစြန႔္ပစ္ခဲ့တာပါ ၊
ေတြ႕ဖူးပါတယ္ဆိုၿပီး
ကိုယ့္မ်က္ႏွာထားကိုယ္
မျမင္ဘူးသလို ျပန္ျပန္ၾကည့္ေနတဲ့
တိမ္သားျဖဴျဖဴေရ
ငါ့ ေရျပင္မွာ ဆူးေတြမရွိပါဘူးကြယ္ ၊
ႏုတ္ခမ္းေလးရယ္ ...
ေဝးေနေပမယ့္
ႏုတ္ခမ္းေလးရယ္ ...
တိမ္ေတြတို႔ကိုထားရစ္ခဲ့ေပမယ့္
ႏုတ္ခမ္းေလးရယ္ ...
ဓာတ္အားေတြ လြတ္က်မသြားေအာင္
မင္းနဲ႕ငါ ဆက္ထားမွျဖစ္မွာတဲ့ -
အ ေစာ ႀကီး ပါး လႊာ ေန႕ ေတြ
ဘယ္လိုအနမ္းနဲ႕ဖာေထးမလဲ ။ ။
(၁၉၉၆)
#ေမာင္သိန္းေဇာ္
[Unicode]
နှုတ်ခမ်းလေးရဲ့အဝေး
=====================
-မောင်သိန်းဇော်
အ လွမ်း နဲ့ ငေါငေါ
အမည်မသိ ၊ ကိုယ့်ပါရမီနဲ့ကိုယ်ထိရှလို့
နာတာကို နာတယ်လို့
မပြောတဲ့မြေကြီး သီးစရာရှိတာသီးခဲ့ ။
အတင့်ရဲတဲ့နုတ်ခမ်းလေးက
ပွင့်စရာရှိတာပွင့်သွားမှာတဲ့ -
ထနှောင်းဆူးတွေ
အထွန့်မတက်နိုင်အောင်
မျက်နှာပေးလေးတစ်ခုနဲ့ ဟန့်ထားတဲ့
တိမ်သားဖြူဖြူရေ
သူအချစ်ကို တယုတယစွန့်ပစ်ခဲ့တာပါ ၊
တွေ့ဖူးပါတယ်ဆိုပြီး
ကိုယ့်မျက်နှာထားကိုယ်
မမြင်ဘူးသလို ပြန်ပြန်ကြည့်နေတဲ့
တိမ်သားဖြူဖြူရေ
ငါ့ ရေပြင်မှာ ဆူးတွေမရှိပါဘူးကွယ် ၊
နုတ်ခမ်းလေးရယ် ...
ဝေးနေပေမယ့်
နုတ်ခမ်းလေးရယ် ...
တိမ်တွေတို့ကိုထားရစ်ခဲ့ပေမယ့်
နုတ်ခမ်းလေးရယ် ...
ဓာတ်အားတွေ လွတ်ကျမသွားအောင်
မင်းနဲ့ငါ ဆက်ထားမှဖြစ်မှာတဲ့ -
အ စော ကြီး ပါး လွှာ နေ့ တွေ
ဘယ်လိုအနမ်းနဲ့ဖာထေးမလဲ ။ ။
(၁၉၉၆)
#မောင်သိန်းဇော်
Saturday, October 6, 2018
အေမွာင္ဟာ ငါ့ေသြးထဲ ေရနက္ထဲ ငရဲလို
အေမွာင္ဟာ ငါ့ေသြးထဲ ေရနက္ထဲ ငရဲလို
• ဟိန္းျမတ္ေဇာ္
စိတ္ပစၥည္းထုတ္လုပ္ေရးဟာ
အသက္အႏၲရာယ္ ရွိခဲ့မယ္လို႔ ဘယ္သူထင္မွာလဲ
အကန္းလိုေရာက္တဲ့ေနရာတိုင္း
အကန္းလို ဘယ္ကိုတိုးၿပီး ဘယ္ကိုတိုက္မွာလဲ
ဖမ္းယူရရွိမိတဲ့ အသံထဲ မၾကာမီ အဲဒီစစ္သေဘၤာကို ဖ်က္ဆီးပစ္ေတာ့မယ္လို႔ သိရပါတယ္။
ဒီေလာက္အထိ ရွင္းတာကို မရွင္းဘဲ
ေျပာစရာမဟုတ္သလိုလို
ငါ စမ္းေနတဲ့ တရားက အကန္း
ငါ ငိုေနတာကို ေျမျမႇပ္ပစ္ခဲ့တယ္။
ကုတ္ျခစ္သံမ်ား
အိပ္မက္သတင္း၊ သတိရျခင္းမ်ား၊ မီးခိုးျဖဴျဖဴမ်ား
ကြၽန္ေတာ္က ဒီမွာ
ငရဲလို ျခစ္ျခစ္ေတာက္ပူလို႔ ။
[Unicode]
အမှောင်ဟာ ငါ့သွေးထဲ ရေနက်ထဲ ငရဲလို
• ဟိန်းမြတ်ဇော်
စိတ်ပစ္စည်းထုတ်လုပ်ရေးဟာ
အသက်အန္တရာယ် ရှိခဲ့မယ်လို့ ဘယ်သူထင်မှာလဲ
အကန်းလိုရောက်တဲ့နေရာတိုင်း
အကန်းလို ဘယ်ကိုတိုးပြီး ဘယ်ကိုတိုက်မှာလဲ
ဖမ်းယူရရှိမိတဲ့ အသံထဲ မကြာမီ အဲဒီစစ်သငေ်္ဘာကို ဖျက်ဆီးပစ်တော့မယ်လို့ သိရပါတယ်။
ဒီလောက်အထိ ရှင်းတာကို မရှင်းဘဲ
ပြောစရာမဟုတ်သလိုလို
ငါ စမ်းနေတဲ့ တရားက အကန်း
ငါ ငိုနေတာကို မြေမြှပ်ပစ်ခဲ့တယ်။
ကုတ်ခြစ်သံများ
အိပ်မက်သတင်း၊ သတိရခြင်းများ၊ မီးခိုးဖြူဖြူများ
ကျွန်တော်က ဒီမှာ
ငရဲလို ခြစ်ခြစ်တောက်ပူလို့ ။
Credit
Monday, October 1, 2018
လယ္ကြင္းအစပ္မွာ ေလတဟူးဟူး ( စိုင္းဝင္းျမင့္ )
လယ္ကြင္းအစပ္မွာ ေလတဟူးဟူး ( စိုင္းဝင္းျမင့္ )
စိတ္ကူးထားတဲ့အကိုင္းမွာ
ငွက္ကေလးက မနားဘူး။
အရင္ဘဝက ခုံျပာတန္းေလး
အခု
စူးဝင္ေနတဲ့သံနဲ႕
ေဆြးျမည့္ေနတဲ့သစ္သား
ငါတို႔ သူေသကိုယ္ေသခ်စ္သြားၾကတာ။
ဒီဘဝမွာ
မီးေလာင္ျခင္းက ရႈခင္းတစ္ခု
ေနာင္ဘဝမွာ
အလံတစ္ဝက္ခ်ထားျခင္းႏွင္းမ်ား။
ဘယ္ဆီဘယ္ဝယ္
ေတာင္စြယ္မွာ ေနကြယ္မွာလား
ပင္လယ္မွာ ေနဝင္မွာလား
ေရာက္ရာအရပ္က ညေနခင္းမ်ား
အုတ္စီ
သံခ်ည္သံေကြး
နံရံေဆးတိမ္ျပာျပာ
တကယ့္ဘဝကိုသာ ငါတို႔ရိုက္ယူထားခဲ့ေပါ့
ျပန္မလာဇာတ္ကား။ ။
စိုင္းဝင္းျမင့္
ျမားနတ္ေမာင္ – နိုဝင္ဘာ၊ ၂၀၀၂
[Unicode]
လယ်ကွင်းအစပ်မှာ လေတဟူးဟူး ( စိုင်းဝင်းမြင့် )
စိတ်ကူးထားတဲ့အကိုင်းမှာ
ငှက်ကလေးက မနားဘူး။
အရင်ဘဝက ခုံပြာတန်းလေး
အခု
စူးဝင်နေတဲ့သံနဲ့
ဆွေးမြည့်နေတဲ့သစ်သား
ငါတို့ သူသေကိုယ်သေချစ်သွားကြတာ။
ဒီဘဝမှာ
မီးလောင်ခြင်းက ရှုခင်းတစ်ခု
နောင်ဘဝမှာ
အလံတစ်ဝက်ချထားခြင်းနှင်းများ။
ဘယ်ဆီဘယ်ဝယ်
တောင်စွယ်မှာ နေကွယ်မှာလား
ပင်လယ်မှာ နေဝင်မှာလား
ရောက်ရာအရပ်က ညနေခင်းများ
အုတ်စီ
သံချည်သံကွေး
နံရံဆေးတိမ်ပြာပြာ
တကယ့်ဘဝကိုသာ ငါတို့ရိုက်ယူထားခဲ့ပေါ့
ပြန်မလာဇာတ်ကား။ ။
စိုင်းဝင်းမြင့်
မြားနတ်မောင် – နိုဝင်ဘာ၊ ၂၀၀၂